မိုးကောင်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေးတစ်သောင်းကျော်အားထိုးပေးမည်
မိုးကောင်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကလေးတစ်သောင်းကျော်အားထိုးပေးမည်
EPNမိုးကောင်း ဒီဇင်ဘာ ၁၁
- မိုးကောင်းမြို့နယ်တွင် ပြည်သူလူထုအခြေပြု စနစ်ဖြင့်ကျောင်းမနေသေးသော(၅)နှစ်အောက် ကလေး ငယ်၁၁၆၄၆ ဦးကို ဒီဇင်ဘာလ(၁၁)ရက်မှ(၂၀)ရက်ထိဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။
- မိုးကောင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုအခြေပြု ကျောင်းမနေသေးသော(၅)နှစ် အောက် ကလေး ငယ်များအားဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံ ခြင်းအစီအစဉ်ကို ယနေ့ဒီဇင်ဘာ၁၁ရက်နေ့မှ စတင်၍ မိုးကောင်းမြို့တွင်းအပါအဝင် မြို့နယ်ရှိကျေးရွာများတွင်လည်းစတင်ထိုးပေးနေပြီဖြစ်ကြောင်းသိရသည်။
- မိုးကောင်းမြို့မိခင်နှင့်ကလေး ကျန်းမာရေး ဆရာမဒေါ်ကော့လိန်ဦးစီးသောသူနာပြုဆရာမ (၁၀)ဦး သည်ဒီဇင်ဘာ၁၁ရက်နံနက်ပိုင်းတွင်ကျွန်းတောရပ်နှင့်ဖိုးချစ်ကုန်းရပ်ကွက်ရှိ(၅)နှစ်အောက်ကလေးငယ်များကိုကျွန်းတောရပ်ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်တွင်ဆေးထိုးစုရပ်ထားကာမြို့တွင်းကလေးငယ်(၆၀၀)ဦးကိုစတင်ထိုးနှံပေးနေပြီဖြစ်သည်။
- "ဆေးမထိုးခင်ကလေးမှာပြင်းထန်တဲ့ဓာတ်မတည့်ခြင်းမျိုးရှိမရှိ၊တခြားရောဂါအခံတွေရှိ၊မရှိစစ်ဆေးပေးပါတယ် ဖျားနေတဲ့ ကလေးဆိုရင်တော့ ရက်ရွှေ့ဆိုင်းပြီးမှ ထိုးနှံရပါမယ်။ဆေးထိုးပြီး နာရီဝက် စောင့်ဆိုင်း စောင့်ကြည့်ပါတယ်။ ဓာတ်မတည့်ရင် ချက်ချင်းကုသပေးဖို့ စုရပ်တိုင်းမှာ အဆင်သင့် ပြင်ဆင်ထား ပါတယ်။ ကျောင်းအခြေပြုထိုးနှံပြီးခဲ့ပေမဲ့ဆေးထိုးပြီးမူးတာမော်တာကလွဲလို့ဘာမှကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိပါဘူး"ဟုကျန်းမာရေးဆရာမဒေါ်ကော့လိန်ကပြောသည်။
- ကာကွယ်ဆေးထိုးနှံခြင်းကိုကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြုဟူ၍နှစ်ပိုင်းခွဲ၍ထိုးနှံပေးကာ ကျောင်းအခြေပြုဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံခြင်းကို နိုဝင်ဘာ(၁၅)ရက်မှ (၂၃)ရက်အထိ မိုးကောင်းမြို့နယ်အတွင်းရှိကျောင်းများမှကျောင်းသားသူ(၂၇၈၄၈)ဦးအားထိုးနှံပေးခဲ့ပြီးဖြစ်၍ပြည်သူလူထုအ ခြေပြုကျောင်းမနေသေးသော(၅)နှစ်အောက်ကလေးငယ်(၁၁၆၄၆)လည်း ထိုးနှံသွားမည်ဖြစ်သည်။
- အကယ်၍ကလေးနာမည်စာရင်းမပေးလိုက်ရပါကနီးစပ်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးလက် ကျန်းမာရေးဌာနမြို့နယ်ကျန်းမာရေးဌာနဒေသန္တကျန်းမာရေးဌာနနှင့်အုပ်ချုပ်ရေးရုံးများတွင်မေးမြန်းစုံစမ်းနိုင်၍ကာကွယ်ဆေးထိုးနှံရန်ဖိတ်ကြားလွှာကိုလည်းမိဘ/အုပ်ထိန်းသူများကိုနေအိမ်များသို့ပေးပို့ဖိတ်ကြားပေးသွားမှာဖြစ်ကာအဆိုပါကာကွယ်ဆေးထိုးနှံခြင်းကိုရပ်ကွက်အတွင်းရှိအမျိုးသမီးရေးရာအဖွဲ့များ မိခင်နှင့်ကလေး အဖွဲ့ များနှင့်အရံသားဖွားဆရာမများမှလာရောက်ကူညီကြကြောင်းသိရသည်။






Comments
Post a Comment