၂၁မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းဆီခဲ သိန်းတစ်ထောင်ကျော်ဖိုးဖမ်းမိ
၂၁မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘိန်းဆီခဲ သိန်းတစ်ထောင်ကျော်ဖိုးဖမ်းမိ
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
- မြစ်ကြီးနား မိုးကောင်းသွား ကားလမ်းပေါ်၂၁မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြစ်ကြီးနားဘက်မှ မိုးကောင်းဘက်သို့သွားသည့် ကားပေါ်တွင် ဘိန်းဆီခဲ သိန်းတစ်ထောင်ကျော်ဖိုးဖမ်းမိခဲ့ကြောင်းမူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ သိရသည်။
- ဒီဇင်ဘာ၂၀ရက် ၁၁နာရီအချိန်တွင် ၂၁ မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဒုရဲအုပ် အောင်ကိုကိုနှင့် စစ်ဆေးရေးဂိတ် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေရာမှ ဖမ်းမိခဲ့ကြောင်း သိရသည်။
- ``ကျွန်တော်တို့အဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေ သတင်းရလို့ စောင့်ဖမ်းတာ ကားရဲ့ဆီတိုင်ကီအံဝှက်ထဲက ဖမ်းမိတာပါ´´ဟု မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ ဒုရဲမှုးဌေးလွင်ကပြောသည်။
- ဦးရန်လီဆော့ တစ်ဦးတည်း မောင်းနှင်လာသော FORTUNER ကားအား သတင်းအရရှာဖွေရာမှ ဘိန်းဆီခဲ (၂၄)ထုပ်၊ စုစုပေါင်းအလေးချိန် ၂၅.၂၅ ကီလိုဂရမ်(ကာလတန်ဘိုး ကျပ်သိန်းပေါင်း ၁၀၆၀.၅၀၀၀၀)ကျပ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနား၏ မှတ်တမ်းများအရ သိရသည်။
- အဆိုပါ တရားခံဟု ယူဆရသူ ဦးရန်လီဆော့ ၃၀ နှစ်၊ အမှတ်(၁၄) အောင်မေတ္တာရပ်ကွက် နမ့်ခမ်းမြို့ ရှမ်းပြည်နယ်နေသူအား မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ )၁၅၀/၂၀၁၇ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
မီးမီး

Comments
Post a Comment