အရပ်ဖက်ပရဟိတအသင်းများသို့ အလှူငွေများပေးအပ်
အရပ်ဖက်ပရဟိတအသင်းများသို့ အလှူငွေများပေးအပ်
EPN
ဟိုပင် ဒီဇင်ဘာ ၂၁
- အရပ်ဖက်ပရဟိတအသင်းများသို့ ယနေ့နံနက် ၉း၀၀ အချိန်ကဟိုပင်လူမှုကူညီရေးအသင်း(ပရဟိတ)ရုံးခန်းရှေ့ တွင်အလှူ ငွေပေးအပ်ပွဲ ကျင်းပကြောင်းသိရသည်။
- အဆိုပါအလှူ ငွေပေးအပ်ပွဲကို မိခင်ကြီးဒေါ်စက်ချင့်အား အမှူးထား၍ အဝေးရောက်ဟိုပင်သားများဖြစ်သည့် မန္တလေးမြို့နေဦးတင်မြင့်+ဒေါ်သိန်းသိန်းဆွေ(မိသားစု)က ကျပ်(၂)သိန်းကိုလည်းကောင်း မြစ်ကြီးနားမြို့နေ ဦးတင့်လွင်+ဒေါ်အေးမေ(မိသားစု)က ကျပ်(၂)သိန်းကိုလည်းကောင်းလူမှုကူညီရေးအသင်း မော်တော်ယာဉ်သို့ အသီးသီး ပေးအပ်လှူဒါန်းရာအသင်းဥက္ကဌဦးတင်ဝင်းကလက်ခံရယူပြီးကျေးဇူးတင်စကားနှင့်ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ သည်။
- အလှူရှင် တစ်ဦးဖြစ်သူ ဦးတင်မြင့်က" လိုအပ်တဲ့ နေရာမှာသုံးနိုင်အောင်လို့ လှူတာပါ။ ခုလို မိမိတို့မြို့ရွှာမှာ ယခုလိုအသင်းအဖွဲ့များပေါ်ပေါက်လာမှုအပေါ်ဝမ်းမြောက်ဂုဏ်ယူတယ်။ အခက်ခဲကြုံတွေ့သူများကိုအချိန်မှီကူညီနိုင် ကြောင်းကြားသိရသဖြင့် များစွာဝမ်းသာပီတိဖြစ်မိပါတယ်"ဟု ပြောသည်။
- ထိုနောက် အလှူ ရှင်များက စေတနာမွန်နာရေးကူညီမှုအသင်း(မော်တော်ယာဉ်)သို့ ကျပ်(၁)သိန်းစီ ဆက်လက် လှူဒါန်းရာ စုစုပေါင်းကျပ်နှစ်သိန်းကို မြို့အထောက်ကူပြု စည်ပင်ဥက္ကဌ ဦးစိုးတင့်က လက်ခံရယူပြီးကျေးဇူး တင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Comments
Post a Comment