ဦးဏှောက်၌ ဖြစ်သည့် မူးယစ်ဆေးစွဲရောဂါကို ကုသရာတွင် ရာနှုန်းအနည်းငယ်သာ အောင်မြင်မှုရ
ဦးဏှောက်၌ ဖြစ်သည့် မူးယစ်ဆေးစွဲရောဂါကို ကုသရာတွင် ရာနှုန်းအနည်းငယ်သာ အောင်မြင်မှုရ
EPN
မိုးညှင်း ဒီဇင်ဘာ ၂၀
ဂျူနီပေါက်ကျိုင်း
EPN
မိုးညှင်း ဒီဇင်ဘာ ၂၀
- ဦးဏှောက်၌ ဖြစ်ပွားတတ်ပြီး နာတာရှည်ရောဂါတစ်မျိုးဖြစ်သည့် မူးယစ်ဆေးစွဲရောဂါကို ကုသရာတွင် ရာနှုန်းအနည်းငယ်သာ အောင်မြင်မှုရရှိကြောင်း မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း ( SARA ) မှ သိရသည်။
- ''မူးယစ်ဆေးစွဲတယ်ဆိုတာ ဦးဏှောက်မှာဖြစ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါIမကြာမကြာပြန်ဖြစ်တတ်တဲ့ ရောဂါ လည်းဖြစ်ပြီး ဘယ်လိုအန္တရာယ်များတဲ့ အခြေအနေမျိုးမှာမဆို ပြန်လည်သုံးစွဲတတ်ပါတယ် သည်ရောဂါကို ကုသလို့ ရပေမဲ့ဆယ်ရာခိုင်နှုန်းကျော်ကသာ ဆေးစွဲသူဘဝက လွတ်မြောက်အောင် ရုန်းထွက်နိုင်ကြပါတယ် ''ဟု SARA မှ အန္တရာယ်လျော့ချရေးအရာရှိ ဒေါက်တာမင်းသစ်အောင်ကဆိုသည်။
- ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဒီဇင်ဘာလ ၁၉ရက် နံနက် ၉း၃၀ အချိန်၌ မိုးညှင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း တွင်ပြုလုပ်သည့် မိဘအုပ်ထိန်းမှုပညာသင်တန်း အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါက်တာမင်းသစ်အောင်က အထက်ပါ အတိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
- '' မူးယစ်ဆေးဖြတ်လို့ ၂ နှစ်အတွင်းမှာပြန်လည်သုံးစွဲခြင်းမပြုမှ ဆေးပြတ်တယ်လို့ ခေါ်ပါတယ် ၂ နှစ်အတွင်း အတော်လေးဂရုစိုက်ပေးရပါမယ် ကျွန်တော် မံစီမှာ ၄ နှစ်တာ တာဝန်ထမ်းဆောင်တုန်းဆေးစွဲလူနာ ၈၀၀ လောက်ကို ဆေးဖြတ်ပေးရပါတယ် သည်အထဲကမှ လူနာ၁၀၀ ကျော်လောက်ပဲ ဆေးပြတ်သွားတာတွေ့ရတယ် '' ဟု အန္တရာယ် လျော့ချရေးအရာရှိက ပြောသည်။
- '' မူးယစ်ဆေးစွဲတယ်ဆိုတာ ဦးဏှောက်ရဲ့ နာတာရှည် ရောဂါတစ်မျိုးဖြစ်တယ်မကြာမကြာပြန်ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်ဆိုတာ အရင်က မသိခဲ့ပါဘူးအခုသိရတော့ ဆေးပြတ်ပြီထင်ရတဲ့ သူတွေ ဆေးပြန်သုံးတာကို နားလည်လာရတယ် '' ဟု ဆွေးနွေးပွဲတက်ရောက်သူ ဒေါ်မိုးမိုးက ဆိုသည်။
- ကမ္ဘာပေါ်တွင် ကုရအခက်ဆုံးရောဂါသည် ကင်ဆာပြီးလျှင် မူးယစ်ဆေးစွဲရောဂါဖြစ်ကြောင်း အထက်ပါ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။
ဂျူနီပေါက်ကျိုင်း

Comments
Post a Comment