မိုးညှင်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

မိုးညှင်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

EPN
မိုးညှင်း ဒီဇင်ဘာ ၂၃

  • မိုးညှင်းမြို့နယ်ရှိ ရပ်ကွက်(သို့)ကျေးရွာ အုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက် နေ့ညနေ၂နာရီအချိန်၌ မိုးညှင်းမြို့ထွေအုပ်ရုံးခန်းမတွင်ပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။
  • အဆိုပါရွေးချယ်မှုသည်ယခုအစိုးရသစ်လက်ထက်၂၀၁၀ရွေးကောက်ပွဲပြီးစီးသည့်အခါတစ်ကြိမ်ရွေးချယ်ခဲ့ပြီးယခုအစိုးရလက်ထက်တွင် ဒုတိယအကြိမ်ဖြစ်ကြောင်းမိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်ကပြောသည်။
  • “အခုဆွေးနွေးညှိနှိုင်းပွဲက ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုရွေးချယ်နိုင်ဖို့အတွက် ရပ်ကွက် ကျေးရွာ အုပ်စု အလိုက် ကြီးကြပ်ရေးအဖွဲ့ကို အရင်ဖွဲ့စည်းရပါမယ်  အဲဒီကြီးကြပ်ရေးအဖွဲ့ကိုရွေးချယ်ပေးဖို့အတွက် ဌာနဆိုင်ရာ များကိုနယ်မြေအလိုက်အဖွဲ့(၇)ဖွဲ့နဲ့ဦးစီးကော်မတီတစ်ရပ်စတင်ဖွဲ့စည်းကြတာပါ “ဟုမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်က ပြောသည်။
  •  မိုးညှင်းမြို့နယ်အတွင်းကျေးရွာအုပ်စု ၄၆ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့များအားရွေးချယ်ပြီး ပါကဖြစ်ပေါ်လာ မည့် အခက်အခဲများဖြေရှင်းနိုင်ရန်နှင့်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများအားရွေးချယ်ရမည့်နည်းလမ်းအဆင့်ဆင့်တို့ကိုသိရှိဆာင်ရွက်နိုင်ရေးအတွက် သင်တန်းပေးသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
  • “မိုးညှင်းမြို့နယ်အတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအသစ်ရွေးချယ်အတည်ပြုခန့်အပ်ကြတဲ့နေရာမှာဆောင်ရွက် ရ မဲ့အစီအမံတွေကိုစနစ်တကျဖြစ်စေဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်နေတာပါ” ဟုမိုးညှင်းမြို့နယ်ထွေအုပ်ရုံးဒုဦးစီး ဦးစံရွှေမြင့်ကပြောသည်။
  • အဆိုပါအခမ်းအနားတွင်ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်ရေးအဖွဲ့အားဖွဲ့စည်း နိုင်ရန် မြို့နယ်ဦးဆောင် ကြီးကြပ်မည့်ကော်မတီအား  ဥက္ကဌအဖြစ် မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင် ၊ အတွင်း ရေးမှူးအဖြစ် မိုးညှင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်အဖြစ် ဦးဆန်းမင်း လက်ထောက်ညွှန်ကြားရေးမှူး မိုးညှင်း မြို့နယ်ကျေးလက်ဦးစီးဌာန ၊ ဦးထင်အောင်ဇော် မိုးညှင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးတင့်လွင်  ဦးစီးအရာရှိ မိုးညှင်း မြို့နယ်သမဦးစီးဌာန တို့ဖြင့် ဖွဲ့စည်းခဲ့ကြကြောင်းသိရသည်။
  • ညှိနှိုင်းဆွေးနွေးရာတွင် ကျေးရွာအုပ်စု  ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းနိုင်ရန် မိုးညှင်းမြို့နယ် အတွင်း ဦးဆောင် ကော်မတီဝင်(၅)ဦးအား  ဖွဲ့စည်းခဲ့ပြီး ရွေးချယ်ရမည့် ကြီးကြပ်ရေးအဖွဲ့များက ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရေးအတွက်ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရန်ဆန္ဒရှိသူသို့မဟုတ်ကျေးရွာရပ်ကွက်အတွင်းအများကြည်ညိုလေးစားရသည့်သြဇာတက္ကမရှိသည့်ရပ်မိရပ်ဖ(၅)ဦးကိုရွေးချယ်စေကာကြီးကြပ်ရေးအဖွဲ့အဖြစ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

(သီဟ)



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ