ဗန်းမော်မြို့၌ မသန်စွမ်းသူများကို ဝှီးချဲ၊ ဂျိုင်းထောက်၊ တုတ်ကောက်နှင့် အထောက်အကူပြု ကိရိယာများ ထောက်ပံ့ပေးအပ်
ဗန်းမော်မြို့၌ မသန်စွမ်းသူများကို ဝှီးချဲ၊ ဂျိုင်းထောက်၊ တုတ်ကောက်နှင့် အထောက်အကူပြု ကိရိယာများ ထောက်ပံ့ပေးအပ်
EPN
ဗန်းမော်၊ ဒီဇင်ဘာ ၂၀
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗန်းမော် ခရိုင်ရုံးခွဲမှ မသန်စွမ်းသူများကို ဝှီးချဲ၊ ဂျိုင်းထောက်၊ တုတ်ကောက်နှင့် အခြားအထောက်အကူပြု ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက်၊ နံနက်(၉)နာရီခဲအချိန်က မြို့မရပ်ကွက် ပျိုးခင်းအားမာန် စာကြည့်တိုက်တွင် ကျင်းပသည်။
- ရှေးဦးစွာ မြို့မရပ်ကွက် ဥက္ကဌ ဦးထွန်းသိန်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ဗန်းမော်ခရိုင်ရုံးခွဲ ဥက္ကဌ အရှင်သြသဓ ကအထောက်အကူပြု ကိရိယာပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြောကြားပြီး ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဦးသန်းထွန်းအောင်က မသန်စွမ်းသူများကို အားငယ်ခြင်းမရှိဘဲ လူနေမှုဘဝတွင် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းကြရန် အားပေးစကား ပြောကြားခဲ့သည်။
- ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆာင်အဖွဲ့ ဗန်းမော် ရုံးခွဲ ဥက္ကဌ ဆရာတော်နှင့် တာဝန်ရှိသူများက မသန်စွမ်းသူများကို ဝှီးချဲ (၈)လုံး၊ ဂျိုင်းထောက်(၃)စုံ၊ မျက်မမြင် တုတ်ကောက်(၅)ချောင်း၊ ရိုးရိုး တုတ်ကောက်(၂)ချောင်း တို့ကိုပေးအပ်ခဲ့ကြရာ မသန်စွမ်းသူများက အသီးသီးလက်ခံရယူခဲ့ကြပြီး မသန်စွမ်းသူ ဦးအောင်နိုင်နှင့် ဒေါ်အေးဆွယ် တို့က ကျေးဇူးတင် စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ကြသည်ဟု သိရသည်။
- “အရင်က သစ်သားဂျိုင်းထောက်နဲ့ သွားလာနေရတော့ အဆင်မပြေဘူး။ အခုတော့ ဒီဂျိုင်းထောက် အသစ် ရလာတဲ့အတွက် လမ်းလျှောက်ရတာ ပိုအဆင်ပြေလာမယ်။ ဂျိုင်းထောက်အသစ်ရလို့ အရမ်းဝမ်းသာမိပါတယ်။ ဘုန်းဘုန်းနဲ့တကွ လှူဒါန်းပေးကြတဲ့သူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။"ဟု ဂျိုင်းထောက်အသစ် လက်ခံရရှိသူ ဒေါ်အေးဆွယ် ကကျေးဇူးတင် ဝမ်းသာစကားပြောကြားခဲ့သည်။
- ဝှီးချဲ၊ ဂျိုင်းထောက်နှင့် တုတ်ကောက်များကို လက်ခံရရှိသူများ အနေဖြင့် ပျက်စီးသွားမည်စိုးသောကြောင့် သိမ်းဆည်းထားခြင်း မပြုဘဲ၊ အမှန်တကယ် အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည့်အတွက် ကောင်းမွန်စွာ အသုံးပြုကြပါရန်နှင့် ပျက်စီးသွားခဲ့ပါက နောက်ထပ် အသစ်ထပ်မံ လှူဒါန်းပေးအပ်သွားမည် ဖြစ်ကြောင်း ဆရာတော် အရှင်သြသဓ ကမိန့်ကြားခဲ့သည်ဟု သိရသည်။
ဗန်းမော်သုခမိန်



Comments
Post a Comment