“ကျောင်းသမဂ္ဂအဖွဲ့မှ မိုးညှင်းဒီဂရီကောလိပ်ကျောင်းတွင်စာပေဟောပြောပွဲပြုလုပ်မည်”

“ကျောင်းသမဂ္ဂအဖွဲ့မှ မိုးညှင်းဒီဂရီကောလိပ်ကျောင်းတွင်စာပေဟောပြောပွဲပြုလုပ်မည်”
 
EPN
မိုးညှင်း ဒီဇင်ဘာ ၂၄
  •  မိုးညှင်းဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းသမဂ္ဂအဖွဲ့မှ ဦးဆောင်ကာ ရန်ကုန်မြို့မှစာရေးဆရာ ဆရာမများ အားဖိတ်ခေါ်ပြီး စာပေဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
  •      အဆိုပါဟောပြောပွဲကို၂၀၁၈ခုနှစ်ဇန်န၀ါရီလ(၃)ရက်နေ့တွင်ပြုလုပ်နိုင်ရန်စီစဉ်နေကြကြောင်းမိုးညှင်းဒီဂရီ ကောလိပ်ကျောင်း သမဂ္ဂအဖွဲ့မှ ပြောသည်။ 
  • ကျောင်းသူကျောင်းသားတွေကို  လူမှုကွန်ယက် အင်တာနက်Facebook အပေါ်စိတ်ဝင်စားမှုထက်ကို စာအုပ် စာပေဘက်မှာပိုပြီးစိတ်ဝင်စားစေချင်တယ်  Facebookပေါ်မှာရှိနေတဲ့စာပေတွေဟာအမှားအမှန်ဆိုတာခွဲခြားလို့မရနိုင်ဘူး စာအုပ်စာပေတွေက စာပေစီစစ်ရေးတွေနဲ့စနစ်တကျတရားဝင်ရေးထုတ်ထားတာမို့ စာအုပ်စာပေဘက်မှာဘဲ အားသန်ကြ စေဖို့ရည်ရွယ်ပြီးစာရေးဆရာမများကိုဖိတ်ခေါ်ခဲ့တာပါဟု မိုးညှင်းဒီဂရီကောလိပ်ကျောင်းသမဂ္ဂအဖွဲ့မှဥက္ကဌကိုတင်နိုင်ဝင်း ကပြောသည်။
  • အဆိုပါဟောပြောပွဲအတွက် ကျောင်းသားသမဂ္ဂအဖွဲ့မှဦးဆောင်ကာ စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှစာရေးဆရာမ ခင်ခင်ထူး၊ဆရာနေ၀င်းမြင့် ၊ဆရာမ သီတာစမ်းချောင်း တို့ကိုဖိတ်ခေါ်ထား ကြောင်းသိရသည်။
  • “ဒီလိုပွဲမျိုးတွေလုပ်ပေးရတာက အဓိကလူငယ်တွေကိုစာအုပ်စာပေတွေနဲ့ရင်းနှီးကြစေချင်လို့ပါ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ပညာရေးနဲ့ပါတ်သက်လို့ကောလိပ်ကျောင်းမှာတင်မဟုတ်ပါဘူးပြင်ပကစာပေဟောပြောပွဲတွေမှာ လည်း ပါဝင်ကူညီနေပါတယ် အဓိကလူငယ်တွေကိုစာအုပ်စာပေတွေနဲ့ရင်းနှီးကြစေချင်လို့ပါ “ ဟုမိုးညှင်း ဒီဂရီ ကောလိပ် ကျောင်းသားသမဂ္ဂသတင်းနှင့်ပြန်ကြားရေး ကိုဇော်ဇော်လင်းကပြောသည်
  • မိုးညှင်းဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂကိုယခုနှစ်သြဂုတ်လ (၁၆)ရက်နေ့ကစတင်ဖွဲ့စည်းကာ အဆိုပါကျောင်း တွင်တရားဝင်ရုံးခန်းအားဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသားလူငယ်များအတွက်စာပေနှင့်ပါတ်သက်သောဆောင်ရွက်မှုများအား ဆောင်ရွက်ပေးနေကြကြောင်းသိရသည်
သီဟ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ