ရှမ်းနီလူမျိုးများ ပစ်မှတ်ထား သတ်ဖြတ်ခံနေရပြီး တရားခံဖော်ထုတ်နိုင်ခြင်းမရှိဟုဆို
ရှမ်းနီလူမျိုးများ ပစ်မှတ်ထား သတ်ဖြတ်ခံနေရပြီး တရားခံဖော်ထုတ်နိုင်ခြင်းမရှိဟုဆို
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၅
- ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း သေနတ်သမားများ၏ သတ်ဖြတ်ခြင်းကြောင့် ရှမ်းနီတိုင်းရင်းသား သေဆုံးမှု မှာ (၈) ဦး ထိရှိနေပြီး တရားခံအား ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မြန်မာပြည်မြောက်ပိုင်းရှမ်း ရေးရာ အဖွဲ့ ဥက္ကဌ ဦးစိုင်းစန်းဝေကပြောသည်။
- မန္တလေးမြို့ မီဒီယာစင်တာတွင် ဒီဇင်ဘာ ၂၃ ရက်နေ မွန်းလွဲ ၂နာရီ အချိန်တွင် မြန်ပြည် မြောက်ပိုင်း ရှမ်းမျိုး နွယ် စုရေးရာအဖွဲ့မှ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
- “ကျွန်တော်တို့ သျှမ်းနီခေါင်းဆောင်များနှင့် မိသားစုဝင်များကို ဦးတည်သတ်ဖြတ် ခြင်းသည် အမျိုးသား ရေးကို ပိုမို ထိခိုက်စေတယ်။မကြာခင် ငြိမ်းချမ်းရေး ညီလာခံကြီးက နီးလာပြီဖြစ်တဲ့အတွက် ခုလို ဖြစ်ရပ် တွေဟာ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကြီးကို အကျည်းတန်စေပါတယ် ” ဟု ဦးစိုင်းစန်းဝေကပြော သည်။
- ဖားကန့်ဒေသတွင်း လုံခြုံရေး အားနည်းခြင်းကြောင့် ယနေ့ချိန်ထိ တရာခံဖော်ထုတ်နိုင်ခြင်း မရှိသေးသလို ယခု ကဲ့သို့ သေနတ်သမားများ၏ သတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်ကြောင်းနှင့် အားနည်းချက်တစ်ခုအနေဖြင့် မြန် မာနိုင်ငံတွင် ဧည့်စာရင်းတိုင်သည့်စနစ်အား ရုပ်သိမ်းလိုက်သည့် အပေါ် အကြမ်းဖက်သမားများ အလွယ်တကူ ၀င်လာနိုင်သည့် အခွင့်အလမ်း ပိုမိုရရှိသွားသည့် အချက်တစ်ချက်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
- “ဘယ်လိုပဲ ဖြစ်ဖြစ် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးနိုင်မှ ကျွန်တော်တို့ဒေသခံတွေက ၀မ်းနည်းပူဆွေးမှု တွေကို ဖြေဖျောက်နိုင်မှာပါ။ ကျွန်တော်လဲ ခုလိုလုပ်ကြံ ခံခဲ့ရဖူးပါတယ်။ဒါပေးမဲ့ ကံကောင်းလို့ မသေခဲ့တာပါ။ အမှုမှန် ပေါ်ပေါက်ဖို့ကို တာဝန်ရှိသူများကော၊ တိုင်းရင်းသားပြည်သူများနဲ့ ဌာနဆိုင်ရာများကိုပါ ကျွန်တော် ရှမ်းနီအရေးတက်ကြွစွာ ပါဝင်လှုပ်ရှားသူ တစ်ယောက်အနေနဲ့ တောင်းဆိုချင် ပါတယ်” ဟု သေနတ်ဖြင့်ပစ်၍ လုပ်ကြံရာတွင် သေကံမရောက်ခဲ့ သော ကိုမျိုးမင်းထွန်း က ပြောသည်။
- ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် မတ်လထိ ဖားကန့်ဒေသအတွင်း KIA ၏ ဖမ်းဆီးခံရမှု ၂၉ ဦးထဲတွင် ငွေဖြင့် ပြည်လည်ရွေးချယ်ခဲ့ရသူ (၁၂) ဦး၊သေဆုံးသူ (၈) ဦးရှိခဲ့ပြီး တပ်သားအဖြစ်စေခိုင်းခံရသူ (၂) ဦး၊ မိုင်းထိ ဒဏ်ရာ ရရှိသူ (၆) ဦး ရှိကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ စစ်တမ်းအရ သိရ သည်။
- ၂၀၁၇ ခုနှစ်အတွင်း KIA တပ်ဖွဲ့မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်၊ ဆဒုံး၊ တာ လောကြီး၊ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ လွယ်ဂျယ်၊ ပူတာအို၊ဟိုပင်၊ နမ္မား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မောလူး၊ နန့်စီးအောင် မြို့နယ်များ စုစုပေါင်း အမျိုးသမီး (၇၀) ဦး၊ အမျိုးသား (၄၆၉)ဦး စုစုပေါင်း (၅၃၉) ဦးရှိကြောင်း မြန်မာပြည်မြောက် ပိုင်းရှမ်းရေးရာ အဖွဲ့အား မြို့နယ်အလိုက် ပေးပို့လာသည့် စာရင်းများ အရ သိရသည်။


Comments
Post a Comment