“ရွှေကချင်ကားဂိတ်”အနီးတွင်လောင်းကစားပြုလုပ်သူများဖမ်းဆီးမိ

“ရွှေကချင်ကားဂိတ်”အနီးတွင်လောင်းကစားပြုလုပ်သူများဖမ်းဆီးမိ

EPN
မိုးညှင်း ဒီဇင်ဘာ

  • ကချင်ပြည်နယ် မိုးညှင်းမြို့တွင်လောင်းကစားပြုလုပ်သူများအား ရှာဖွေဖမ်းဆီးနေရာ ဒီဇင်ဘာ ၂၀ ရက် နေ့ ညနေ၄နာရီအချိန်က မိုးညှင်းမြို့“ရွှေကချင်ကားဂိတ်”အနီးတွင်လောင်းကစားပြုလုပ်သူ အမျိုးသား(၅)ဦးအား ဖမ်းဆီး မိခဲ့ကြောင်းသိရသည်
  • “အခုလိုလောင်းကစားတွေပြုလုပ်နေတာကိုဥပဒေအရ ခွင့်မပြုပါဘူး ၊ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်အရ တစ်လကိုအနည်း ဆုံး လောင်းကစားမှု(၂)မှုကိုဖမ်းဆီးရပါတယ် အခုလည်းသတင်းရတာနဲ့သွားရောက်ဖမ်းဆီးခဲ့တာပါ သတင်းရတာ နဲ့ ဆက်လက်ဖမ်းဆီးသွားမှာပါ “ဟုမိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည် ။
  • အဆိုပါ ဖမ်းဆီးမိသူများမှာ မိုးညှင်းမြို့ စိမ်းတောင်ရပ်ကွက်နေ  အသက်(၃၈)နှစ်ရှိ အောင်မင်းထိုက် ၊အသက် (၅၇)နှစ်ရှိ မောင်မောင်တာ ၊မန္တလေး မြို့နေ အသက်(၃၂)နှစ်ရှိ ကျော်စိုးလင်း(ခ)သားငယ် နဲ့ အသက်(၂၉)နှစ်ရှိ ကျော်စိုးဝင်း ၊အသက်၄၁နှစ်ရှိ မင်းမင်းထွန်း(ခ) မင်းလွင် တို့ကို မိုးညှင်းမြို့ သာစည်ရပ်ကွက်ရှိ ရွှေကချင်ကားဂိတ် အနီးလမ်းဘေးနေရာတွင် ဝိုင်းဖွဲ့ကာဖဲလောင်းကစား ပြုလုပ်နေစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။
  •  အဆိုပါဖမ်းဆီးနေစဉ် အဆိုပါ၅ဦးဝိုင်းထိုင်ထားသောအလည် တွင်ဖဲချပ်(၅၂) ချပ်နှင့်လောင်းကြေး ပြုလုပ်သည့် ငွေရောရာ ကျပ်၅သောင်း၁ထောင်၉ရာကျပ်တို့ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။
  • အဆိုပါ၅ဦးတို့ကို(ပ)၁၈၈ လောင်းကစားဥပဒေပုဒ်မ၁၂(က)ဖြင့် မိုးညှင်းရဲစခန်းတွင်ဖမ်းဆီးအရေးယူထား ကြောင်းမိုးညှင်း မြို့မရဲစခန်းမှသိရသည်။

                                                            သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ