မိုးကောင်း-နမ္မတီးကြားတွင်ကုန်ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွား
မိုးကောင်း-နမ္မတီးကြားတွင်ကုန်ရထားလမ်းချော်တိမ်းမှောက်မှုဖြစ်ပွား
EPN
မိုးကောင်း ဒီဇင်ဘာ ၂၂
- အမှတ်(၉၃၃)အဆန်ကုန်ရထားသည်ဒီဇင်ဘာ ၂၁ရက်ည၈း၃၈နာရီကမိုးကောင်း နမ္မတီးကြားတွင်လမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့မှည၈နာရီခန့်ကထွက်ခွာသောစက်ခေါင်းအမှတ်DF1368စက်ဗိုလ်ဦးခင်မောင်ကြည် နှင့် ဦးကျော်မြင့်ရထားထိန်းဦးသန်းလွင်လိုက်ပါသော အမှတ်(၉၃၃)အဆန်ကုန်ရထားသည် ဒီဇင်ဘာ ၂၁ရက် ည၈း၃၈ နာရီကမြို့နှင့်၃မိုင်ခန့်အကွာမိုင်တိုင်အမှတ်၆၈၉/၆နှင့်၉ကြားအရောက်၌လမ်းချော်တိမ်းမှောက်မှုဖြစ်ရာတွဲ၃တွဲတိမ်းမှောက်၍တစ်တွဲကျတစ်တွဲ၄၅ဒီကရီတိမ်းစောင်းသွားပါသည်။
- "သံလမ်းအရှေ့ဘက်ကို၃တွဲလဲတယ်ဗျာတစ်တွဲကျပြီးတစ်တွဲကညာဘက်ကို၄၅ဒီကရီတိမ်းစောင်းသွားပါတယ်။တွဲဆိုင်း(၁၃)ဆိုင်းပါဝင်ပြီးကုန်စုံရထားဖြစ်ပါတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတာတော့အခုအဖြေရှာနေတုံးပါ"ဟုမိုးကောင်းဘူတာရုံပိုင်ကြီး ဦးဝင်းလှိုင်မှပြောသည်။
- ဖြစ်စဉ်ကြောင့်လူထိခိုက်သေဆုံးဒါဏ်ရာရရှိမှုမရှိကြောင်းသိရပြီးအချိန်မှီလမ်းပိုင်းပြန်ပွင့်နိုင်ရန်လုပ်ငန်းစတင်နေပြီ ဖြစ်ကြောင်းသိရသည်။



Comments
Post a Comment