တကွင်းကျေးရွာတွင်ကွန်ပျုတာနည်းပညာ သင်တန်း သင်ကြားပေး
EPN
ဟိုပင် ဒီဇင်ဘာ ၉
  • ကချင်ပြည်နယ်၊ဟိုပင်မြို့၊တကွင်းကျေးရွာတွင်ကွန်ပျူတာသင်တန်းကိုအခမဲ့သင်းကြားပေးနိုင်ရန်ယနေ့ဒီဇင်ဘာ ၉နံနက်(၁၀)နာရီအချိန်၊ တကွင်း အရှေ့ဘုန်းတော်ကြီးကျောင်းတွင်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရ သည်။
  • လူငယ်များကွန်ပျူတာနည်းပညာတိုးတက်ကောင်းမွန်လာစေရန် စစ်ကိုင်းတိုင်းသမဝါယမတက္ကသိုလ် ကွန်ပျူတာဌာနမှူး (လက်ထောက်ကတိက)ငြိမ်း ဦးမြင့်ကျိုင်မှလာရောက်သင်ကြာပေးမည်ဖြစ်ပြီး မည်သူမဆို အခမဲ့သင်ကြားနိုင်ကြောင်းသိရသည်။
  • ”အသက်ကကြီးလာပြီဆိုတော့ကျွန်တော်ရဲ့ပညာတွေလူငယ်တွေဆီကိုလက်ဆင့်ကမ်းပေးတာပါ ၊     တကွင်းရွာကအမှန်တိုင်းပြောရရင် ကျေးဇူးမကင်းဘူး၊အရင်ကကျွန်တော်ရဲ့စားအိမ်သောက်အိမ်လည်း ဖြစ်နေ လို့ ၊တတ်ထားတဲ့ပညာတွေကို လာရောက်သင်ကြားပေးတာပါ” ဟု ကွန်ပျူတာနည်း ပညာဆရာကြီးဦးမြင့်ကျိုင်က ပြောသည်။
  • သင်တန်းကိုတစ်ရက်လျှင်ရှစ်ကြိမ်၊တစ်ကြိမ်လျှင်တစ်နာရီဖြင့်သင် ကြားပေးမည်ဖြစ်ပြီး တစ်ချိန်လျှင် သင်တန်းသား(၁၀)ဦးလက်ခံသင် ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
  • ဆရာကြီးဦးမြင့်ကျိုင်မှကွန်ပျူတာအခမဲ့သင်ကြားပေးခြင်းကိုယခင်ကမိုးညှင်းမြို့တွင်မိုးညှင်းအရှေ့ဘုန်းတော်ကြီးကျောင်း၊ပျော်ဘွယ်၊ထီးလင်း၊ကံဦး၊ပင်းဘောတွင်အင်ကြင်းကုန်း၊သိုက်ဝါကုန်း၊ပင်လုံ၊ ပဲခူးစုစသည့် နေရာဒေသများသို့သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်းသိရ သည်။
                                             ချစ်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ