ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် အိမ်ထောင်စုပုံစံ၆၆/၆ရှိသူများသာ ဆန္ဒပြုမဲထည့်ခွင့်ရမည်

ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် အိမ်ထောင်စုပုံစံ၆၆/၆ရှိသူများသာ ဆန္ဒပြုမဲထည့်ခွင့်ရမည်

 EPN
မိုးကောင်း ဒီဇင်ဘာ ၂၃

  • တတိယအကြိမ်ပြင်ဆင်သည့်ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရအိမ်ထောင်စုပုံစံ၆၆/၆ရှိ၍အသက် (၁၈)နှစ်ပြည့်ပြီးသူ အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးစီမှအုပ်ချုပ်ရေးမှူး အသစ်ကိုတိုက်ရိုက်ရွေးချယ်ခွင့်ရမည်ဖြစ်သကဲ့ သို့ဆယ်အိမ်မှူးနေရာအပြင်ယခင်ကဥပဒေတွင်မပါခဲ့သည့်ရာအိမ်မှူး ကျေးရွာတာဝန်ခံ နေရာများ အတွက်ပါရွေးချယ် ပေးရမည် ဖြစ်သည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ရှိရပ်ကွက်(၁၄)ရပ်ကွက်နှင့်ကျေးရွာ(၃၅)အုပ်စု ရှိအုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရာတွင်ကြီးကြပ်ရန်အတွက်ယင်းအုပ်စုတွင်းနေထိုင်သူများမှရွေးချယ်ပေးသောရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့များဖွဲ့ စည်းရန်ရွေးချယ်ရေးကော်မတီအဖွဲ့(၁၀)ဖွဲ့ကိုဒီဇင်ဘာ၁၉ ရက်နေ့၌ဖွဲ့စည်းခဲ့ပါသည်။
  • ဒီဇင်ဘာ၂၃ရက်ယနေ့နံနက်၁၀နာရီတွင်လွယ်လီယံကျေးရွာအုပ်စုအတွက်လွယ်လီယံ RCဘုရားကျောင်းတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်နန္ဒာထွန်းခေါင်းဆောင်သောရွေးချယ်ရေးကော်မတီအဖွဲ့(၄)အဖွဲ့မှအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင်ကြီးကြပ်ရန်အတွက်ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးကိုရွေးချယ်ပေးခဲ့သည်။
  • "ရပ်ကျေးမြို့နယ်ခရိုင်တိုင်းနဲ့ပြည်နယ်အသီးသီးအလိုက်ပြောင်းလဲ နိုင်ပါမှ နိုင်ငံပြောင်းလဲလာမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိရပ်ကွက်ကျေးရွာဖွံ့ဖြိုး တိုးတက်ပြောင်းလဲလာဖို့အတွက် တာဝန်သိတဲ့တာဝန်ကျေပွန်တဲ့ ပရဟိတစိတ်ရှိတဲ့ပြည်သူ့အကျိုးရှေးရှုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်ပေးရန် လို ကြောင်း" ရွေးချယ်ရေးအဖွဲ့(၄)အဖွဲ့ဝင်မြို့နယ်ထွေ/အုပ်ဒုဦးစီးမှူးဦးဝေဖြိုးကျော် မှယင်းရွေးချယ်ပွဲ၌ပြောကြားပါသည်။
  • ကျေးရွာရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်သူသက်ဆိုင်ရာအိမ်ထောင်စု စာရင်းတွင်ပါရှိပြီးအသက်၁၈ နှစ် ပြည့်ပြီးသူများမှမဲပေး၍ရွေးချယ်နိုင်ရေးအတွက်ကျေးရွာအုပ်စုများတွင်ကြီးကြပ်ရေးမှူးငါးဦးစီကိုကနဦး ရွေးချယ်ကြရ မည်ဖြစ်ပြီး ၎င်းတို့ကကြီးကြပ်ကာဆယ်အိမ်စုမှူးများရွေးချယ်ခြင်း ရာအိမ်မှူးများရွေးချယ်ခြင်းနှင့်ရာအိမ်မှူးများထဲ မှ    ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကိုရွေးချယ်ရမည်ဖြစ်ကြောင်းသိရသည်။
  • “တချို့နေရာတွေအတွက်ကောင်းသွားမယ်ထင်တယ် ပြန်ရွေးချယ်သင့်တဲ့နေရာတွေရှိတယ် အရင်ရပ်ကျေး ရွေးချယ်တုံးကဆယ်အိမ်မှူးတွေကိုစည်းရုံးပြီးတက်လာကြတာဆိုတော့ရပ်ရွာကတင်သင့်တဲ့သူဖြစ်မလာဘဲရပ်ရွာဖွံ့ဖြိုးရေးနဲ့မကိုက်တာတွေ့ရပါတယ်"ဟုလွယ်လီယံရွာနေကိုနန်နော်မှဆိုသည်။
  • အဆိုပါကျေးရွာအုပ်စုတွင်ကျေးရွာ(၅)ရွာပါဝင်ပြီးယနေ့ရွေးချယ်ပွဲသို့အင်အား(၁၀၀)ခန့်တက်ရောက်ပါသည်။
ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ