ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်

ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်

EPN
မိုးညှင်းမြို့နယ် ဒီဇင်ဘာ ၂၄
  • ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားအုပ်စု အင်းကုန်းကျေးရွှာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးပြု စုခြင်း(အခြေခံ)သင်တန်းကို ဒီဇင်ဘာ(၂၃)ရက်နံနက်(၉း၀၀)ကစတင်ဖွင့်လှစ်ကြောင်း သိရသည်။
  • ``ကျ မတို့ ငယ်တုန်းကကျောင်းမှာ ကြက်ခြေနီသင်တန်းတွေ နှစ်တိုင်းတက်ဖြစ်တယ်။ဒါကြောင့် ဒီရှေးဦးပြု စုခြင်း အတတ်ပညာကိုသာမန်ပြည်သူတွေထက်ပိုသိတော့အရပ်ထဲမှာတစ်ခုခုဖြစ်ရင်ကျမတို့အဖွဲ့ကအရင်ရောက်ပြီးကူညီကြ တယ်။အရမ်းပျော်စရာကောင်းတယ်။ ပြီးတော့ ပြည်သူတွေနဲ့တစ်သားတည်းပဲ။ ဒီဘက်ခေတ်မှာ လူငယ်တွေက ကြက်ခြေနီ အသင်းအဖွဲ့ ကိုစေတနာ့ဝန်ထမ်းလို့မသိတော့ဘူး။လခစားတွေလို့ ထင်နေကြတယ်။အမှန်က လူသားအားလုံးနဲ့ သက်ဆိုင် တာမို့ ပရဟိတအလုပ် ဝါသနာပါသူမည်သူမဆို လုပ်နိုင်ရန်နှင့် ကျောင်းနေအရွှယ်ကလေးတိုင်း တက်မြှောက် သင့်လို့ ဒီသင်တန်းကိုကြိုးစားဖွင့်ဖြစ်တာပါ´´ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲရည်စောကပြောသည်။
  • အဆိုပါသင်တန်းကို ၅ ရက်ကြာသင်ကြားမည်ဖြစ်ပြီး ကြက်ခြေနီဘာသာရပ်များ နှင့် အရေးပေါ်ရှေးဦးပြု စုစောင့်ရှောက်တက်စေရန် အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
  • ``ဒီသင်တန်းကို မိုးညှင်းခရိုင် ကြက်ခြေနီတတိယတန်းဦးစီးမှူး ဦးဇော်နှိုင်ထွန်း မိုးညှင်းမြို့နယ်မှူး ဒေါ်ဝသုန်ထွန်း ၊ဒုတိယမြို့နယ်မှူး ဒေါ်လှလှသန်း တို့မှ ဦးဆောင်သင်ကြားပို့ချမှာဖြစ်ကြောင်း။နမ္မားကြက်ခြေနီမှ        အမှုဆောင် ဂုဏ်ထူးဆောင် ဦးထင်လင်း ၊နမ္မားတပ်ဖွဲ့ခွဲမှူး သင်တန်းရေးရာ ဦးတင်ဦး၊ အင်းကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲရည်စောနှင့် ဆရာ/မများက ဦးဆောင်ဖွင့်လှစ်ကြောင်း´´ ဆရာဦးဇော်နှိုင်ထွန်းကပြောသည်။


  • အဆိုပါသင်တန်းကို ဒီဇင်ဘာ(၂၃ မှ ၂၇)အထိ ၅ ရက်ကြာသင်ကြားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ/သား စုစုပေါင်း(၆၅)ဦးတက်ရောက်သင်ယူကြောင်း သတင်းရရှိသည်။
  • မိုးဟိန်း
  •  

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ