ဟိုပင်မြို့တွင်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဟိုပင်မြို့တွင်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
EPN
ဟိုပင် ဒီဇင်ဘာ ၁၀

  • ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဟိုပင်မြို့၊မြသီတာရပ်ကွက်နယ်မြေ(၁)၊ဒီဇင်ဘာ(CAFE)ဆိုင်၌ဒီဇင်ဘာ (၁၀)ရက်ယနေ့နေ့လည်တစ်နာရီခွဲအချိန်တွင်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြု လုပ်ခဲ့ကြောင်းသိရ သည်။
  • အဆိုပါဆွေးနွေးပွဲကိုကချင်ပြည်နယ်၊ဟိုပင်မြို့ဒေသခံများ၏ဆန္ဒ အရဟိုပင်မှုခင်းသတင်းထောက် (ရွှေဟိုပင်)မှဦးစီးကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီးဟိုပင်မီးသတ်တပ်ဖွဲ့နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်း ရေး စိတ်ပါဝင်စားသူ (၂၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
  1. ”ဒေသခံပြည်သူထဲမှာအများကြီးပျက်စီးနေတယ်ဒီမူးယစ်ဆေးဝါးကိုအမျိုးသားတာဝန်တစ်ရပ်အနေနဲ့ပြန့်ပွားနေတာကို လျှော့ နည်းသွားအောင်သည်ပွဲလုပ်ရတာပါ”ဟုပွဲဖြစ်မြောက်ရေးစီစဉ်သူ တစ်ဦးကပြော သည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးမိမိ၏အတွေ့အကြုံနှင့်ခံစားနေရသောအကြောင်းများကိုတက်ရောက် လာသူများနှင့်ဟိုပင်မြို့မီးသတ်တပ်ဖွဲ့ဝင်များကလည်းပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
  • ဟိုပင်မြို့ပေါ်တွင်ယခုနှစ်အတွင်းမူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်ပြီးဖမ်းဆီးရမိသည်မှာစုစုပေါင်း(၄၂)မှုရှိသည်ဟုဟိုပင်မြို့ရဲစခန်းမှတ် တမ်းအရသိရသည်။
                                              
ချစ်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ