မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှခရစ္စမတ် ပွဲတော်သို့ ကချင်ပြည်နယ်ပါတီဥက္ကဌ တက်ရောက်
မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှခရစ္စမတ် ပွဲတော်သို့ ကချင်ပြည်နယ်ပါတီဥက္ကဌ တက်ရောက်
EPN
မြစ်ကြီးနား ဒီဇင်ဘာ ၂၀
- မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပပြုလုပ်သည့် ခရစ္စမတ် ဆုတောင်းဆက်ကပ်ခြင်း အစီအစဉ် ကျင်းပပြုလုပ်ရာအဆိုပါပွဲသို့ ကချင်ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံ တက်ရောက်ချီးမြင့်ခဲ့ကြောင်းသိရသည်။
- အဆိုပါပွဲကို ဒီဇင်ဘာ ၂၀ရက်က မြစ်ကြီးနား မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပ၍ သိက္ခာတော်ရ ဆရာတော်များဖြစ်ကြသော ဆရာဒေါက်တာဆိုင်းခွမ် ၊ ဦးကွေ့ထော်၊ ဦးစိုးဝင့်အောင်တို့တက်ရောက်၍ ဆက်ကပ်ဆုတောင်းခဲ့ကြပြီး ခရစ်တော်၏ ဒေသနာတရားတော်မြတ်ကို ဟောကြားခဲ့ကာ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရားဝမ်ဂျုံ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး ပေးပို့သည့် ခရစ္စမတ် သ၀ဏ်လွှာ ကိုဖတ်ကြား ခဲ့ကြောင်းသိရသည်။
- ထိုနောက် မြို့နယ်ပါတီ ဥက္ကဌ ဦးညွန့်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး အခမ်းအနား အစီအစဉ် အတိုင်းကျင်းပဆောင်ရွက်ခဲ့ကာ ဆရာတော်များအားမြို့နယ်ဥက္ကဌ ဦးညွန့်ဝင်းက ခရစ္စမတ် လက် ဆောင်ပေးအပ်ပြီးဆုတောင်းခြင်းအစီအစဉ်များပြီးမြောက်ကာ နံနက်စာ အတူတကွ စားသုံးခဲ့ကြကြောင်းသိရ သည်။
- ဆက်လက်၍ သိက္ခာတော်ရ ဆရာ ဒေါက်တာဆိုင်းခွမ်က နိဂုံးချုပ် ဆုတောင်းဆက်ကပ်ကာ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးရားဝမ်ဂျုံ နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် ပါတီ ဥက္ကဌဦးထွန်းဖေနှင့်ခရိုင်ကော်မတီဝင်များ ၊မြစ်ကြီးနားမြို့နယ်ပါတီ ဥက္ကဌဦးညွှန့်ဝင်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်ကျေးရွာစည်းရုံးရေးမှူးများနှင့် အမှုဆောင်ကော်မတီဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဒေသခံ တိုင်းရင်းသား တိုင်းရင်းသူများလူဦးရေ (၁၀၀)ခန့်တက်ရောက်ခဲ့သည်။



Comments
Post a Comment