မိုးညှင်းမြို့တွင် ပထမအကြိမ် လူထုစုပေါင်း စက်ဘီးစီးပွဲပြုလုပ်

မိုးညှင်းမြို့တွင် ပထမအကြိမ် လူထုစုပေါင်း စက်ဘီးစီးပွဲပြုလုပ်
 
EPN
မိုးညှင်း ဒီဇင်ဘာ၂၆
  •  မိုးညှင်းမြို့တွင် ပထမအကြိမ် လူထုစုပေါင်း စက်ဘီးစီးပွဲ ကိုဒီဇင်ဘာ၂၅ရက်နေ့မနက်၆ အချိန်တွင်ကျင်းပခဲ့ ကြောင်းသိရသည်။
  • အဆိုပါစက်ဘီးစီးပွဲပြုလုပ်ရခြင်းမှာ ပြည်သူလူထုအပြင် လူငယ်များ၏စာရိတ္တနှင့်ကာယဥာဏ အားဖွံ့ထား စေရန်ရည်ရွယ်ခဲ့ကြောင်း မိုးညှင်းမြို့နယ် စက်ဘီးစီးအဖွဲ့ဥက္ကဌ ကပြောသည်။
  •  လူငယ်လူရွယ်တွေကျန်းမာသန်စွမ်းကြဖို့ ကျန်းမာကြံခိုင်ရေးအတွက် လူထုစုပေါင်းစက် ဘီးစီးပွဲကိုပြုလုပ်ပေးတာ ပါ  အကျင့်စာရိတ္တမြင့်မားရေးကိုဦးတည်ပြီး ပြည်သူတစ်ရပ်လုံးက စက်ဘီးအားကစားကိုစိတ်ပါဝင်စားလာစေဖို့ ရည်ရွယ် ပြီးမည်သည့်စက်ဘီးနဲ့မဆို ကျား ၊မ မရွေး လူကြီးလူငယ်မရွေး ပါဝင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး  ဖိတ်ခေါ်ခဲ့တာပါ  ဟုမိုးညှင်း မြို့နယ် စက်ဘီးစီးအဖွဲ့ဥက္ကဌ ဦးကိုကိုဝင်းကပြောသည်။
  • မိုးညှင်းမြို့နယ်အတွင်းရှိလူငယ်အများစုအားမူးယစ်ဆေးဝါးသုံးစွဲမှုအပေါ်မှအာရုံလွဲစေရန်အတွက်အခုလိုဆောင် ရွက်ပေးခြင်းဖြစ်ကြောင်းကိုလည်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။
  • မိုးညှင်းမြို့နယ်အတွင်းလူငယ်များမူးယစ်ဆေးဝါးကင်းစင်ပြီးကာယဥာဏပြီးပြည့်စုံတဲ့မျိုးဆက်သစ်တစ်ရပ်ထွက်ပေါ်လာစေဖို့အတွက် အခုလိုဆောင်ရွက်ပေးခဲ့တာပါဟု မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး မိုးညှင်းစက်ဘီးစီးအဖွဲ့နာယက ဦးရဲအောင် ကပြောသည်။
  • အဆိုပါစက်ဘီးစီးပွဲအတွက် ဖြစ်မြောက်ရေးကော်မတီကို မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်ကဦးဆောင်ပြီး အဖွဲ့ဝင်(၁၈ )ဦးနှင့်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြကာ မိုးညှင်းပြည်သူ(၅၀၀)ကျော်တို့က မိုးညှင်းမြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့  မှစတင်တာထွက်ခဲ့ပြီးပြည်ထောင်စုလမ်းမကြီးအတိုင်းစီးနင်းကာမြို့ရှောင်ကားလမ်းမနှင့်မိုးညှင်းဒီဂရီကောလိပ်ကျောင်းလမ်းထောင့် ၊ထိုမှတဆင့်  မိုးညှင်းမြို့နယ် ပြည်သူ့အားကစားကွင်းတွင်ပန်းဝင်ခဲ့ကြကြောင်းသိရသည်။
  •  အဆိုပါအားကစားကွင်းတွင်ပါဝင်ဆင်နွဲသူများအား ကံစမ်းမဲ (၈၈)မဲ  စက်ဘီးစီးအဖွဲ့အင်္ကျီအထည် (၁၅၀ ) ဦးထုတ် (၁၁၅) လုံး နှင့်ထမင်းကျော်ဗူးပေါင်း(၁၅၀)တို့ကိုပေးဝေခဲ့ကြကြောင်းသိရသည်။
  •  အဆိုပါပွဲဖြစ်မြောက်ရေးအတွက်မိုးညှင်းမြို့နယ် လွယ်ယန်ဘွန်လူမှုရေးအသင်း ဦးလရိန်မှ အလှူတော်ငွေကျပ် ၃သိန်းတိတိကိုပါဝင်လှူဒါန်းခဲ့ပြီးမိုးညှင်းမြို့နယ်စက်ဘီးစီးအဖွဲ့မှလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းဖြစ်မြောက်ရေးကော်မတီမှသိရသည်။
သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ