ဗန်းမော်မြို့ တနင်္ဂနွေပရဟိတလူငယ်အဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ဗန်းမော်မြို့ တနင်္ဂနွေပရဟိတလူငယ်အဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
EPN
ဗန်းမော်၊ ဒီဇင်ဘာ ၁၁
  •          ကချင်ပြည်နယ် ဗန်းမော်မြို့ပေါက်ကုန်းရပ်ကွက် တနင်္ဂနွေ ပရဟိတ လူငယ်အဖွဲ့ သည် ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်၇နာရီကပေါက်ကုန်းရပ်ကွက်သဒ္ဓမ္မသီတဂူကျောင်းဝင်းအတွင်း၌ ခြုံနွယ်သစ်ပင်များ၊ပေါင်းမြက် ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်းလုပ်ငန်းများစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
  •          ပရဟိတလူငယ် အဖွဲ့ သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ၂ရက် နေ့စတင်၍  မြို့ပေါ် ၁၃ ရပ်ကွက် အတွင်း ရှိစေတီ၊ပုထိုး၊ကျောင်းကန်ဘုရားများ၊လမ်းများ၊စာသင်ကျောင်းများအားအလှည့်ကျစနစ်ဖြင့် တနင်္ဂနွေ နေ့တိုင်းစုပေါင်းသန့်ရှင်းရေး  ပြုလုပ်ခဲ့ ကြသည်။
  •         “ဗန်းမော်မှာ စနေ ပရဟိတ အဖွဲ့ က စနေနေ့ တိုင်း မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်ကြီးကျောင်း၊  စာသင်ကျောင်း ၊ဘုရားစေတီပုထိုး၊ လမ်းမများတွင်စုပေါင်း သန့် ရှင်းရေးဆောင်ရွက်ခဲ့သည့်အတွက် ကျွန်တော် လဲ တနင်္ဂနွေ ပရဟိတ လူငယ်အဖွဲ့ကို၂၀၁၇  ခုနှစ်ဇူလိုင်လဆန်းမှာစတင်ဖွဲ့ စည်းခဲ့ပြီး ရပ်ကွက်အတွင်း ပရဟိ တစုပေါင်းသန့်ရှင်းရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါတယ်။အစမှာတော့ လူငယ် ၃၀ကျော်ဘဲရှိခဲ့တယ်။တဖြည်း ဖြည်းစိတ်ဝင်စားသူ တွေများလာကြပြီး အဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့ကြ သည့်အတွက်ယနေ့ အထိအဖွဲ့ ဝင်လူငယ် ၁၀၀ ကျော်ရှိခဲ့ပါတယ်။တနင်္ဂနွေနေ့ တိုင်းမပျက်မကွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါတယ် ။ ယခု ၂၁ ကြိမ်မြောက် အဖြစ်သန့် ရှင်းရေးဆောင်ရွက်ခြင်းဖြစ်ပါတယ်“ဟုအဖွဲ့ခေါင်းဆောင်ကိုထွန်းထွန်းကပြောသည်။
 ဗန်းမော်သုခမိန်
Comments
သတင်းခေါင်းစဉ်များ
မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး
ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး
ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု
မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ