မိုးကောင်းမြို့တွင် မီးသတ်ရေကန်ရှိ ရေဟောင်းများကို လဲလှယ်

                       မိုးကောင်းမြို့တွင် မီးသတ်ရေကန်ရှိ ရေဟောင်းများကို လဲလှယ်
EPN  
မိုးကောင်း ဒီဇင်ဘာ ၁၀

  • ကချင်ပြည်နယ်မိုးကောင်းမြို့အတွင်းရှိရေဂါလံ၅၀၀၀ဆံ့မီးသတ်ရေကန်(၃)ကန်အတွင်းရှိအမှိုက်သ ရိုက်များနှင့်နုံးများကိုဖယ်ထုတ်၍ရေသစ်ဖြည့်သွင်းခြင်းကိုဒီဇင်ဘာ ၁၀ရက်နံနက်ပိုင်းကမီးသတ်ဒုဦးစီးမှူး    ချမ်းငြိမ်းသူဦးစီးသောသန္ဓေတပ်ဖွဲ့ဝင်များသည်အိုးတန်းရပ်အရှေ့ရပ်နှင့်စည်ပင်သာယာဈေးအရှေ့ရှိဂါလံ ၅၀၀၀ဆံ့မီးသတ်ရေကန်များအားရေသစ်ရေဟောင်းလဲလှယ်ခြင်းကိုဆောင်ရွက်ခဲ့သည်။
  • "ပွင့်လင်းရာသီရောက်လာပြီဆိုတော့မီးဘေးအန္တရာယ်နဲ့ကြုံရရင်မီးသတ်ယာဉ်တွေ ရေဖြည့်တဲ့အခါမှာ ရေကန်မှာရေအဆင်သင့်ရှိနေဖို့လိုပါတယ်။ အဲဒါကြောင့် ခုလိုမီးသတ်ရေကန်ကိုရေသစ်ရေဟောင်းလဲလှယ် ထား တာပါ။စခန်းမှာလဲဂါလံ၂၀၀၀၀ဆံ့ကန်တစ်ကန်ကိုရေဖြည့်သွင်းပြီးအဆင်သင့်ထားရှိပါတယ်" ဟုမီးသတ် ဒုဦးစီးမှူးချမ်းငြိမ်းသူကပြောသည်။
  • မိုးကောင်းမြို့နယ်တွင်၂၀၁၆မှ၂၀၁၇နိုဝင်ဘာလထိပေါ့ဆမီး၇ကြိမ်၊လျှပ်စစ်ဝါယာရှော့နှစ်ကြိမ်၊ရှို့မီးနှစ် ကြိမ်လောင်ကျွမ်းခဲ့ပြီးမိုးကောင်းမြို့နယ်မီးသတ်တပ်ဖွဲ့တွင်မီးငြိမ်းသတ်ယာဉ် ၅စီးရေသယ်ယာဉ် ၅စီးမီးသတ် စက်ယာဉ်တစ်စီးနှင့်သန္ဓေတပ်ဖွဲ့ဝင်၁၉ဦးအရံတပ်ဖွဲ့ဝင်၃၂၃ဦးအင်အားရှိကြောင်းသိရသည်။
                          ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ