ကချင်ပြည်နယ်နေ့အား တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်
ကချင်ပြည်နယ်နေ့အား တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁
- ကချင်ပြည်နယ်နေ့ဖြစ်သော ဇန်နဝါရီလ ၁၀ရက်နေ့အား နှစ်စဉ် တရားဝင်ရုံး ပိတ်ရက် အဖြစ် ပြန်လည်အတည်ပြု ပြဌာန်းပေးရန် ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများသည့်အတွက် ယင်းအဆိုရှူံးနှိမ့်ခဲ့ကြောင်း သိရသည်။
- ယင်းအဆိုကို အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်က နိုဝင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
- အဆိုနှင့်ပတ်သက်၍ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးက လွှတ်တော်တွင် မှတ်တမ်းတင်ရန် ဆွေးနွေးခဲ့သဖြင့် အဆိုရှင်က လွှတ်တော်၏ အဆုံးအဖြတ်ကိုသာ ရယူမည်ဆိုသောကြောင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ယနေ့ တက်ရောက်လာသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးရှိပြီး အဆိုအားထောက်ခံသူ ၁၇ မဲ ၊ ကန့်ကွက်သူ ၂၆ မဲ၊ ကြားနေ ၂မဲနှင့် ပယ်မဲ ၁မဲရှိခဲ့သဖြင့် ယင်း အဆိုရှူံးနှိမ့်ခဲ့ခြင်းဖြစ်သည်။
- မြန်မာနိုင်ငံရှိ အခြားပြည်နယ်များတွင် မိမိတို့၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ရုံးပိတ်ရက်များသတ်မှတ်ထားသည်ကိုတွေ့ရကြောင်း၊ ထိုနည်းတူ ကချင်ပြည်နယ်နေ့သည်လည်း နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ် ပေးရန်အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုရှင်က ဆိုသည်။
- ၁၉၄၈ခုနစ် ဇန်နဝါရီလ ၄ရက်နေ့၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၆ရက်အကြာ ဇန်နဝါရီလ ၁၀ရက်နေ့အား ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ထို့နေ့၌ ကချင်ပြည်နယ်အတွင်း မနောပွဲ ၊ အားကစားပွဲနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကာ ပြည်သူလူထုများ အနားယူခဲ့ကြသည်။


Comments
Post a Comment