မိုးကောင်းတွင် သိန်းလေးရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးကောင်းတွင် သိန်းလေးရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
EPN
မိုးကောင်း ဒီဇင်ဘာ ၁
  • မိုးကောင်းမြို့နောင်ကိုင်တော်ရပ် ရုံးဟောင်းဈေးထိပ်လမ်းဆုံတွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်၆နာရီက ကျပ်သိန်းပေါင်း လေးရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့တွင် ဧရာဦးစစ်ဆင်ရေးစီမံချက်ဖြင့် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်း၊ မိုးကောင်းလှုပ်ရှားအဖွဲ့မှ ရဲအုပ်စိုးမြင့်ထွန်း၊ ရဲအုပ်နေလင်းထွန်းနှင့် မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်ရဲအုပ်ဇော်ဝင်းဦးစီး ဒုတပ်ကြပ်ဇော်ဇော်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁ ရက်နံ နက်၆နာရီက နောင်ကိုင်တော်ရပ် ရုံးဟောင်းဈေးထိပ်လမ်းဆုံတွင်နတ်ကြီးကုန်းရပ်ကွက်ပျော်လင့်အုပ်စုနေ ဒေါ်ခေါန်းဖန်း (၄၈)နှစ် နှင့် သမီးဖြစ်သူ မမေရီဘောက်မိုင် (၂၀)နှစ် တို့ကို မြွေရေခွံအိတ်ဖြင့် ထည့်လျှက် ဆိုင်ကယ် ဂွကြားညှပ်ထားသောဘိန်းဖြူ ဟုယူဆရသောဖြူ /ဝါမှုန့်ပါဆပ်ပြာခွက်(၅၅) ခွက်(၅၅၀)ဂရမ်နှင့် 88/1စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၁၀၀)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်းကနဦးသတင်းအရ သိရသည်။
  • "မနက်၎နာရီလောက်ထဲကသတင်းရတာနဲ့ဈေးမှာထိုင်စောင့်နေတာ အပျိုမက ဆိုင်ကယ် မောင်းလာပြီး သူ့အမေကနောက်ကထိုင်လိုက်လာတာ ဆိုင်ကယ်ဂွကြားထဲက အိတ်ကိုမသင်္ကာတာနဲ့စစ်လိုက် တော့ဆပ်ပြာခွက်၅၅ခွက်ကိုတွေ့တာနဲ့ဆက်စစ်မေးပြီးသူ့အမေအိမ်ကိုသွားရှာတော့ဆေးပြားထပ်သိမ်းမိလာတာ" ဟု ဒေသခံမူးယစ်တိုက်ဖျက်ရေးပြည်သူ့စစ်မှကို မောင်ရီက ပြောသည်။
  • ဆက်လက်စစ်မေးချက်အရ ကွင်းဆက်တရားခံ နတ်ကြီးကုန်းရပ်ကွက် နှောင်းပုံအုပ်စုနေ ဒေါ်ဆိုင်းရော်(၄၆)နှစ်ကို ထပ်မံ ဖမ်းဆီးရမိသဖြင့် ယင်းတို့(၃)ဦးကို  မိုးကောင်းမြို့မရဲစခန်းမ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောပုဒ်မ မူး/စိတ် ၁၅/ ၁၉ (က) / ၂၁ဖြင့် အရေးယူဆောင်ရွက်ရန်ထားကြောင်း သိရသည်။
                                                       ချိုမောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ