မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော အောင်မြင်သာကျေးရွာရှိ ဒေသခံများကို ACHC/SPIC ကုမ္ပဏီမှ ဆန်အခမဲ့ ပေးဝေလှူဒါန်း

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော အောင်မြင်သာကျေးရွာရှိ ဒေသခံများကို ACHC/SPIC ကုမ္ပဏီမှ ဆန်အခမဲ့ ပေးဝေလှူဒါန်း
 
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
  • မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော ဒေသခံများနေထိုင်ကြသည့် အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာများကို စီမံကိန်းတည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် ACHC/SPIC ကုမ္ပဏီမှ ဒီဇင်ဘာလ(၂၁)ရက်၊ နံနက်(၁၀)နာရီအချိန်က ဆန်များအခမဲ့ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
  • အဆိုပါ ကုမ္ပဏီမှ ၄င်းပြောင်းရွေ့ရွာသားများကို တစ်နှစ်လျှင်(၃)ကြိမ် ဆန်အခမဲ့ ပေးဝေလှူဒါန်းလျှက်ရှိပြီး၊ မြစ်ဆုံစီမံကိန်း စတင်လုပ်ကိုင်စဉ် ရွာသားများ ပြောင်းရွေ့လာစဉ်အချိန်မှ ယခုထိတိုင်(၆)နှစ် ဆက်တိုက်ပေးဝေလှူဒါန်း လျှက်ရှိကြောင်းသိရသည်။
  • “ဒီဆန်ကိုစားသုံးတဲ့ ရွာသားတွေအားလုံးရဲ့ကိုယ်စား ကျနော်ကပဲ ACHC/SPIC ကုမ္ပဏီကို အရမ်းကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ရွာဟာစားဝတ်နေရေးနဲ့ အခြားအစစအရာရာ ခက်ခဲတဲ့ရွာဖြစ်ပါတယ်။ ဒါကြောင့် ခုလိုလာပြီး ကူညီတဲ့အတွက် ကျေးဇူးတင်တာပါ။ ကျနော်တို့ကို ကူညီတဲ့အတွက် ကုမ္ပဏီအနေနဲ့လည်း သူတို့ရဲ့လိုရာပန်းတိုင်ကို ရရှိအောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။” ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမီတုံနော်ဂျာ က ACHC/SPIC ကုမ္ပဏီသို့ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
  • ACHC/SPIC ကုမ္ပဏီမှ တာဝန်ရှိသူများအနေနှင ယခုကဲ့သို့ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာ ရွာ(၂)ရွာကို ဆန်နှင့် လျှပ်စစ်မီး၊ ရေ စသည်တို့ကို အခမဲ့ပေးဝေထားခြင်းသည် မြစ်ဆုံစီမံကိန်း တည်ဆောက်လိုမှုကိစ္စနှင့် ပတ်သက်မှုမရှိဘဲ၊ စီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော ရွာသားများ၏ စားဝတ်နေရေး အခက်အခဲကို ကူညီဖြေရှင်းပေးခြင်းသာလျှင် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။
  • “အခုလို ဆန်အခမဲ့ပေးဝေ လှူဒါန်းတာဟာ အခြားဘာမျှော်လင့်ချက်မှ မပါပါဘူး။ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့အတွက်  လုပ်နေတာလဲမဟုတ်ပါဘူး။ ရွာသားတွေလိုအပ်နေတဲ့ အခက်အခဲကို ကျနော်တို့ဖက်က တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတဲ့သဘောပဲဖြစ်ပါတယ်။ ရွာသားတွေ တကယ်လိုအပ်လို့ တကယ်ကူညီနေတာပါ။” ဟု ACHC/SPIC ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ Mr, Gao Bin ကဆိုသည်။
  • ဧရာဝတီ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း တည်ဆောက်ရေး ကုမ္ပဏီဖြစ်သော ACHC/SPIC ကုမ္ပဏီမှ စီမံကိန်းကြောင့် ပြောင်းရွေ့ခဲ့ရသော ရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် မလိယန်ကျေးရွာ(၂)ရွာပေါင်းကို ဆန်ပေးဝေခဲ့သည်မှာ ၂၀၁၀ခုနှစ် ဇွန်လမှစတင်၍ တစ်နှစ်လျှင်(၃)ကြိမ်နှုန်းဖြင့် ပေးဝေခဲ့ခြင်းဖြစ်ကာ ယခုအထိဆိုလျှင် ကျပ်သိန်းပေါင်း(၈)ထောင်ကျော် တန်ဖိုးကုန်ကျခဲ့ပြီဖြစ်သည်ဟု သိရသည်။
  • ယခုဒီဇင်ဘာ (၂၁)ရက်နေ့၌ ပေးဝေခဲ့သော ဆန်အိတ်အရေအတွက်မှာ (၁၄၂၄)အိတ်ဖြစ်ကာ လူတစ်ဦးကို တစ်လလျှင် (၁၅)ပြည်နှုန်းဖြင့် လေးလတစ်ကြိမ်ပေးယေလျှက်ရှိကြောင်း သိရသည်။


  • ACHC/SPIC ကုမ္ပဏီ အနေဖြင့် ယခုလို လေးလတစ်ကြိမ် ဆန်အခမဲ့ပေးဝေမှုအပြင် လျှပ်စစ်မီး အခမဲ့ ပေးထားခြင်း၊ ရေအခမဲ့ ပေးထားခြင်း၊ ဆေးရုံတည်ဆောက်ထားပေးခြင်း၊ ဘုရားတည်၊ ဘုန်းကြီးကျောင်းဆောက်လုပ် လှူဒါန်းထားခြင်း၊ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း၊ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း များတည်ဆောက် လှူဒါန်းထားကြောင်း သိရသည်။
  •  


  •  

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ