သားအဖချင်း ဓါးထိုးမှုဖြစ်ရာမှ
ဖခင်ဖြစ်သူသေဆုံး
EPN
မိုးကောင်း
နိုဝင်ဘာ ၁၇
- ကချင်ပြည်နယ်မိုးကောင်းမြို့နတ်ကြီးကုန်းရပ်ရုံးဟောင်းလယ်ပြင်အုပ်စုအိမ်အမှတ်(၃၅၂)တွင် နိုဝင်ဘာ ၁၇ ရက်မွန်းလွဲတစ်နာရီခွဲခန့်ကဖခင်ကရိုက်ရာမှသားဖြစ်သူကဓါးနှင့်ပြန်ထိုးသဖြင့်ဖခင်ဖြစ်သူသေဆုံးမှုဖြစ်ပွား ခဲ့သည်။
- ဖြစ်စဉ်မှာ ဖခင်ဖြစ်သူဦးခလမ်နော်ဂျာ (၄၁)နှစ်နှင့်သား ဖြစ်သူနောနော်(၁၇)နှစ်တို့သား အဖချင်းဓါးထိုးမှုဖြစ်ရာဆေးရုံ အ ရောက် တွင်ဖခင်ဖြစ်သူဦးခလမ်နော်ဂျာ်မှာသေဆုံး သွားသောအမှုတစ်ခုဖြစ်ပွားခဲ့သည်။
- "အဖေကအိမ်နဲ့စိတ်ဆိုးပြီးမရီးအိမ်မှာသွားနေနေတာ၅ရက်လောက်ရှိနေတာကိုသားလုပ်သူကသွားခေါ်တော့ အဖေကရိုက်တာနဲ့ကောင်လေးကဒါးနဲ့ရင်ညွန့်ထိုးတာတစ်ချက်ထဲခွေသွားတာ"ဟုမိုးကောင်းမြို့မရဲစခန်းမှနယ်ထိန်းဒုတကသူရရှိန်မှပြောပါသည်။
- သားဖြစ်သူနောနော်မှာ ဖြစ်လျှင်ဖြစ်ပြီးခြင်းထွက်ပြေးနေသဖြင့် မိုးကောင်းမြို့မရဲစခန်းမှတရားခံဖမ်းဆီးရ မိ ရေးဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။


Comments
Post a Comment