မိုးညှင်းတွင်တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာမူးယစ်ဆေးဝါးဖမ်းဆီး



                   မိုးညှင်းတွင်တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာမူးယစ်ဆေးဝါးဖမ်းဆီး
EPN
မြစ်ကြီးနား နိုဝင်ဘာ၁၁

  • ကချင်ပြည်နယ်မိုးညှင်းမြို့နယ် နန်းမားဒေသ အရှေ့အရပ် တောင်အင်းကျေးရွာ၏အရှေ့ဘက် လဆန်ရွာပျက် လဆန်တောင်ခြေနေရာ တွင်မူးယစ်ဆေးဝါးများကိုလက်နက်ကိုင်ဆောင်ကာရောင်းချနေကြောင်းသတင်းအရ တပ်မတော်ခမရ (၃၈၉)မှ တပ်ရင်းမှူး  ဦးစီးအဖွဲ့၊မိုးညှင်းခရိုင်ဒုရဲမှူးကြီး ဦးစီးအဖွဲ့တို့က အောင်တိုဘာ()ရက်နေ့မနက်()နာရီက သွား ရောက်ဖမ်းဆီးခဲ့ကြောင်းမိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူး (ရဲမှူးစိုင်းကျော်မျိုးဦး)ကပြောသည်  
  •  
  • သတင်းအရသွားရောက်ရှာဖွေတာပါနန်းမားအရှေ့ဘက်မှာလက်နက်ကိုင်ပြီးမူးယစ်ဆေးတွေရောင်း ချနေတယ်လို့ သတင်းရလို့တပ်မတော်နဲ့ပူးပေါင်းပြီးပိတ်ဆို့ဖမ်းဆီးခဲ့တာပါ  ဖမ်းဆီးမိသူတွေရဲ့ထွက်ဆိုချက် အရ    ရောင်းချသူကိုသူ့ရဲ့လယ်တောထဲမှာ  ရှာဖွေဖမ်းဆီးခဲ့ပေမဲ့   ထွက်ပြေးလွတ်မြောက်နေပါတယ် ဟု မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံး တာဝန်ရှိရဲမှူး  ကပြောသည်။ 
  •    
  • ဖြစ်စဉ်မှာနန်းမားဒေသအတွင်းမူးယစ်ဆေးရောင်း ချသူများဖြန့်ကျက်နေသည့်အပြင်လက်နက်ကိုင်ကာရောင်းချနေကြောင်းသတင်းအရသိရှိလာကြသဖြင့် တပ်မ တော်ခမရ(၃၈၉)မှတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဦးညီညီဦးစီးအဖွဲ့နှင့်မိုးညှင်းခရိုင်ဒုရဲမှူးကြီးသောင်း လင်းဦးစီးအဖွဲ့ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုင်းကျော်မျိုးဦးဦးစီးသည့်အဖွဲ့၊နန်းမားနယ်မြေခံရဲစခန်း၊မိုးညှင်းမြို့နယ်မူးယစ်တပ်ဖွဲ့စု()မှတာဝန်ရှိသူများကသွားရောက်ကာပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်းသိရသည။်

  •                 အဆိုပါပိတ်ဆို့ဖမ်းဆီးခဲ့စဉ် မူးယစ်ဆေးသုံးစွဲနေသူ ၊သုံးစွဲပြီးသူ၊ ရောင်းချနေသူတို့စုစုပေါင်း (၂၈)ဦး တို့ကိုဖမ်းဆီးနိုင်ခဲ့ကြောင်း သည် ဟုဖမ်းဆီးရေးအဖွဲ့က ဆိုသည်အဆိုပါဖမ်းဆီးသည့်နေရာတွင် အ၀ါရောင် အဖုံးပိတ်ပလပ်စတစ်ဗူးဖြင့်ထည့်ထားသောဘိန်ဖြူမှုန့်ဟုယူဆသော ဖြူ/၀ါကြားအမှုန့်အလေး ချိန်(.၁၃)ဂရမ် ခန့်ပါ()ဗူး ၊စက္ကူအပိုင်းအစနှင့်ထုတ်ထားသော ဖြူ/၀ါကြားအမှုန့်အလေး ချိန်(.၀၁)ဂရမ်ခန့်ပါ()ထုပ်၊ Gif တံဆိပ်ပါ ဖြူ/နီ/ညို အစင်းကျား စပို့ရှပ်လက်တို()ထည်၊၂၄/-၃၀၇၂၉ Kenbo 125 ဆိုင်ကယ် ()စီး၊ Shaying 125 နက်နီကြားဆိုင်ကယ်၁စီး၊Kenbo 125 နက်နီကြားဆိုင်ကယ်(4)စီး၊Canda 125 နက်နီကြား ဆိုင်ကယ်၁စီး၊ Felling 125 နက်နီကြားဆိုင်ကယ်၁စီး၊21/23176 Jialing စူပါကပ် ဖြူ/နက်စိမ်း()စီး၊ AOCတံဆိပ်(၁၆)လက်မအနက်ရောင်ဖလက်TVတစ်လုံး CCTV ကင်မရာ()လုံး၊ CCTVအထိုင်စက်နှင့် ဆက်စပ်ပစ္စည်းပါ တစ်စုံ Comet တံဆိပ်ပါအနက်ရောင်အဝေးကြည့်မှန်ပြောင်း()လက်Bushnell တံဆိပ်ပါ စနိုက်ပါဟုယူဆသောအနက်ရောင်မှန်ပြောင်း()လက် ၊ဆိုလာပြား()ချပ် အနက်ရောင် ဘထ္ထရီ()လုံးတို့ အားတွေ့ရှိသဖြင့်သိမ်းဆည်းခဲ့ကြောင်းသိရသည်သုံးစွဲရောင်းချသူများ၏ထွက်ဆိုချက်အရ ၎င်းတို့သုံးစွဲနေ သော မူးယစ်ဆေးဝါးများကိုရောင်းချပေးခဲ့သူ နန်းမားဒေသ တောင်အင်းအုပ်စု  အောင်မြေကျေးရွာ နေ အဘ ဦးအောင်ပု၏သား ထွန်းထွန်း()အောင်ဝင်းထွန်းဆိုသူအား သွားရောက်ရှာဖွေခဲ့သော်လည်း ထွက်ပြေးလွှတ် မြောက်နေကြောင်းသိရသည် ဖမ်းဆီးမိခဲ့သူ (၂၈)ဦးနှင့်ထွက်ပြေးလွတ်မြောက်နေသူထွန်းထွန်းဆိုသူအား မယ ()၂၁ မူးစိတ်ပုဒ်မ-၁၅/၁၆/()/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။
  •  အဆိုပါ ဖမ်းဆီးမှုနှင့်ပါတ်သက်ပြီး လူမှုကွန်ယက်တွင်  ကျည်ဆံမ( )တောင့်ဖမ်းဆီးမိခဲ့သည် ဟုတင်ပြမှုများအားစုံးစမ်းခဲ့ရာ မူးယစ်ဆေးဝါးများကို လက်နက်ကိုင်ဆောင်ကာရောင်းချနေသည်ဟူသော သတင်းအရ၀င်ရောက်ရှာဖွေခဲ့သော်လည်း သေနတ်နှင့်ဆက်စပ်ပစ္စည်းကျည်ဆံများအား တွေရှိခဲ့ခြင်းမရှိ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ကသိရသည်။

                                                                           သီဟ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ