နိုဇွန်ဘော် အထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၇၅% ခန့်ပြီးစီး
နိုဇွန်ဘော်
အထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၇၅% ခန့်ပြီးစီး
EPN
ချီဖွေ နိုဝင်ဘာ
၁၀
- ချီဖွေမြို့နယ်ရှိ နုဇွန်ဘော်အထက်တန်းကျောင်း(ခွဲ)မှမျိုးဆက်သစ် လူငယ်ပညာတတ်များ ပေါ်ထွန်းလာ စေရေး ရည်ရွယ်ချက်ဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၇၅% ခန့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
- နိုဇွန်ဘော်ကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ)အား အဆင့်မြှင့်တင်ရေးအတွက် ကျောင်းဆောင်အသစ် တစ်ဆောင်ကို အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌမှ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စတင်ဆောက်လုပ်ပေးနေပြီး အထူးဒေသ(၁) ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်း ကိုယ်တိုင် ကွင်းဆင်းအားပေးမှုများ ပြုလုပ်ပေး နေကြောင်း သိရသည်။
- အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုမှာ ယခုအခါ လုပ်ငန်းလုပ်ငန်းအားလုံး၏ ၇၅% ပြီးစီးနေပြီဖြစ် ကြောင်း ချီဖွေမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ပြောသည်။
- "ကျွန်တော်တို့ဘက်ကတော့ နိုဇွန်ဘော်အထက်တန်း ကျောင်းကနေတဆင့် မျိုးဆက်သစ် လူငယ်ပညာ တတ်တွေ ပေါ်ထွက်လာစေဖို့ ရည်မှန်းထားသလို ဒေ သမှာရှိတဲ့ ကလေးတွေ ပညာတတ်များ ဖြစ်လာစေ ဖို့လည်း ကချင်အထူးဒေသ(၁) ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းကိုယ်တိုင် အားစိုက် ဆောင်ရွက်နေပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်အနေနဲ့ ကျောင်းရဲ့ လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်" ဟုကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ကပြောသည်။
- လက်ရှိ ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်တွင် စာသင်ခန်း(၁၂)ခန်း ပါရှိပြီး ကာလတန်ဖိုး တရုတ်ယွမ်ငွေ သိန်း(၂၀) ကျော် ကချင်အထူးဒေသ(၁) ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းမှအကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းပေး နေခြင်းဖြစ်ကြောင်း သိရသည်။
- နိုဇွန်ဘော် အ.ထ.က(ခွဲ)ကျောင်းတွင် မူလတန်းအဆင့် ၉၆ ဦး၊အလယ်တန်း အဆင့် ၂၅၇ ဦး၊အထက်တန်းအဆင့် ၆၁ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
စိုင်းဆိုင်မင်း



Comments
Post a Comment