KIAမှတပ်သားသစ်စုဆောင်းခြင်းခံရသောတက္ကသိုလ်ကျောင်းသား/သူ(၂၆)ဦး ပြန်လည်လွတ် မြောက်ခဲ့ပြီး၊ကျန်ရှိသေးသူများလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားနေဆဲဟုသိရ



KIAမှတပ်သားသစ်စုဆောင်းခြင်းခံရသောတက္ကသိုလ်ကျောင်းသား/သူ(၂၆)ဦး ပြန်လည်လွတ် မြောက်ခဲ့ပြီး၊ကျန်ရှိသေးသူများလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားနေဆဲဟုသိရ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၄

  •             ကချင်လွတ်မြောက်ရေးတပ် KIA မှ နိုဝင်ဘာ(၁၁)ရက်၊ ညနေ(၄)နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ဝါရှောင်ကျေးရွာအနီးဂွေရွတ်ကြိုးတံတား၌မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသူ/ သားများနှင့်အခြားသူများလူဦးရေ(၄၀)ကျော်ခန့်ကိုတပ်သားသစ်အဖြစ်စုဆောင်းရေးဆွဲခေါ်ဆောင် သွားကြောင်းသိရသည်။

  •  အဆိုပါဖြစ်စဉ်ဖြစ်လျှင်ဖြစ်ချင်းကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG)မှကျောင်း သားများပြန်လည်လွတ်မြောက်ရေးအတွက်လိုက်ပါကူညီဆောင်ရွက်ခဲ့ရာနောက်တစ်နေ့နံနက်(၇)နာရီအချိန်ခန့်၌ှကျောင်းသူ/သား(၂၆)ဦး ပြန်လည်လွတ်မြောက် လာခဲ့ကြောင်းသိရသည်။

  • “သူတို့က(၁၁)ရက်နေ့မှာအဖမ်းခံရတာပါ။ဘုန်းဘုန်းကမနက်အစောကြီးကျမှ အင်တာနက်မှာ တွေ့တာနဲ့ကလေးတွေလွတ်မြောက်ဖို့အရေးသွားပြောမယ်ဆိုပြီးထွက်လာတော့ တံတားအကျော်က ရဲကင်းမှာကျောင်းသားတွေရောက်နေကြပြီ။မနက်(၇)နာရီ(၈)နာရီလောက်ပဲရှိဦးမယ် ထင်တယ်။ဒါနဲ့ PCGကဦးဂွမ်ဂျာကိုဖုန်းဆက်ပြောကြည့်တော့သူ့သမီးရဲ့သူငယ်ချင်းတွေလဲပါလို့ အကူအညီတောင်း တာနဲ့ လွှတ်ပေးဖို့ ပြောပေးလိုက်ပြီ၊ သူတို့တွေ လွတ်လာလောက်ပြီလို့ပြောတယ်။ အခုကပွင့်လင်းရာ သီလဲဖြစ် တက္ကသိုလ် ကျောင်းဖွင့်ချိန်လဲဖြစ်ဆိုတော့ လိုင်းပေါ်မတင်ရင်မဖြစ်ဘူး ဆိုပြီးသူတို့ဓါတ်ပုံ အရိုက်မခံရဲတာနဲ့ ကျောပေးထားတဲ့ပုံရိုက်ပြီးတင်ပေးလိုက်တာပါ။”ဟုဝါရှောင်ဆရာတော် ဘဒ္ဒန္တ ဦးဝိဇယကပြောသည်။

  • အဆိုပါ ကျောင်းသူ/သားများကိုဝါရှောင်ကျေးရွာရှိရဲကင်းစခန်း၌ မေးမြန်းစရာရှိသည်များကို မေးမြန်းပြီးချက်ခြင်းပင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

  • “ကျောင်းသားတွေပြန်လွှတ်လာတယ်ပေါ့။ စစ်တပ်နဲ့ရဲကတော့ ထုံးစံအတိုင်းမေးစရာရှိတာ မေးပြီး ပြန်လွှတ်ပေးတာပေါ့။ အဖမ်းခံရတာသိပ်မကြာတဲ့သူတွေဆိုရင်တော့ မေးစရာရှိတာမေး ပြီး ချက်ခြင်းပြန်လွှတ်ပေးတယ်။ လေးငါးရက်လောက် ဖမ်းခံထားရတဲ့သူဆိုရင်တော့ တစ်ရက်လောက် ခေါ်ထားတယ် ပြောတယ်။ ဝိုင်းမော်မြို့ထဲမှာတော့ ထူးထူးခြားခြားစိုးရိမ်မှုတော့ မရှိပါဘူး။ ပွဲလမ်းသ ဘင်ရှိရင်တော့ သွားနေလာနေကြတာပါပဲ။ ဒါတွေကလဲသူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ မြို့ပြင်ထွက်မှ သာစိုးရိမ်ရတာပါ။ မြို့ထဲမှာတော့ အေးချမ်းပါတယ်။”ဟုဝိုင်းမော်မြို့နယ်မှ ဒေသခံတစ်ဦးမှ ပြောသည်။

  • ယခုလွတ်မြာက်လာသောကျောင်းသားများအပြင်ကျန်ရှိနေသေးသောသူများဆက်လက်လွတ်မြောက်လာရေးအတွက်
  • ဝါရှောင်ဆရာတော်နှင့်ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တို့မှဆက်လက်ကြိုးစားနေကြပြီးလွတ်မြောက်လာဖွယ်
  • ရှိကြောင်းသိရသည်။

  • “အခုလွတ်လာတာက (၂၆)ယောက်ပါ။ မလွတ်သေးတဲ့သူတွေ ကျန်နေသေးတယ်။ ဒါကြောင့် ကျန်တဲ့သူတွေလွတ်ဖို့အတွက် PCG က ဦးဂွန်ဂျာနဲ့ ဘုန်းဘုန်းတို့ ဝိုင်းကြိုးစားနေကြပါတယ်။ လွတ်လာဖို့လဲအလားအလာရှိပါတယ်။ ဦးဂွမ်ဂျာတို့အဖွဲ့တွေ သွားနေကြပါပြီ။ လွတ်လာခဲ့တာနဲ့ ပြည်သူတွေကို ချပြပြောပြသွားမှာပါ။” ဟုဆရာတော်ဦးဝိဇယ ကဆက်လက်မိန့်ကြားသည်။

  • အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ပွားလျှက်ရှိသောတိုက်ပွားများ၏ အကြောင်းပြချက်များထဲ၌ အခွန်ကောက်ခံမှု၊ မှောင်ခိုကုန်သွယ်မှု၊ သစ်ထုတ်လုပ်မှုနှင့် တပ်သားသစ်စု ဆောင်မှု စသည့်အချက်များပါဝင်နေပြီးကေအိုင်အေနှင့် စစ်အစိုးရကြားအပစ် အခတ်ရပ်ထားခဲ့သော (၁၇)နှစ်တာကာလ၌ ကချင်ပြည်နယ်အတွင်းအဓမ္မ စစ်သားစုဆောင်းမှုများမရှိခဲ့ဘဲ၊ ငြိမ်းချမ်းရေး မရမချင်းတပ်ဖွဲ့ဝင်သစ် စုဆောင်းမှုများဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်းကချင်ပြည်နယ် ဒေသခံ များမှ သုံးသပ်နေကြသည်။

                                                                     ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ