မိုးညှင်းCFမိသားစုဝင်များအမျိုးသမီးနှင့်လူငယ်တို့အတွက်အသက်မွေးဝမ်းကြောင်းနိုင်အောင်ဆွေးနွေးပွဲပြုလုပ်
မိုးညှင်းCFမိသားစုဝင်များအမျိုးသမီးနှင့်လူငယ်တို့အတွက်အသက်မွေးဝမ်းကြောင်းနိုင်အောင်ဆွေးနွေးပွဲပြုလုပ်
EPN
မိုးညှင်း
နိုဝင်ဘာ ၁၇
- မိုးညှင်းမြို့နယ်အတွင်းရှိ အစုအဖွဲ့ပိုင်သစ်တော CF အဖွဲ့ များ၏မိသားစုဝင်များအမျိုးသမီးနှင့်လူငယ် တို့အတွက်အသက်မွေးဝမ်းကြောင်း နိုင်အောင် မိုးညှင်းခရိုင် သဘာဝစိမ်းလန်းစိုပြေဖွံ့ဖြိုးရေး အသင်းက နိုဝင်ဘာ ၁၅ရက်မှ၁၆ရက် (၂)ရက်သာ အတွင်း မိုးညှင်းမြို့နယ် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုရုံးခန်းမ တွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
- အဆိုပါဆွေးနွေးပွဲကိုမိုးညှင်းမြို့နယ်အတွင်း CF အဖွဲ့ များ၏ မိသားစုဝင်များ(၁၄)ဦးတို့နှင့်လုပ်ငန်း ဆွေးနွေးမှုများပြုလုပ်ကြရာတွင် အမျိုးသမီးနှင့်လူငယ်တို့၏ အသက်မွေးဝမ်းကြောင်းမှု အခွင့်အလမ်းများ ကိုလေ့လာဆန်းစစ်ဖော်ပြနိုင်ရန်နှင့်ရရှိလာသောရလဒ်အပေါ်မူတည်၍ မိုးညှင်းဒေသအတွက်ကိုယ်စားပြု စီမံကိန်းများပေါ်ပေါက်လာစေဖို့၊ အမျိုးသမီးများနဲ့လူငယ်တို့ရဲ့ အသိအမြင်ပိုင်းဆိုင်ရာနဲ့အခြေခံအသိ ပညာရပ်များကိုသိမြင်လာစေဖို့ရည်ရွယ်ပြီးအခုလိုဆွေးနွေးပွဲတွေပြုလုပ်ပေးနေတာပါ ဟု မိုးညှင်းခရိုင် သဘာဝစိမ်းလန်းစိုပြေဖွံ့ဖြိုးရေး အသင်းအတွင်းရေးမှူးဒေါ်နုနုအောင်ကပြောသည်။
- “အဓိက လုပ်ပေးချင်တာက အမျိုးသမီးများနဲ့လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်း တွေ ရှားပါးနေလို့ပိုမိုပွင့်လန်းလာအောင် အလုပ်ရုံဆွေးနွေးပွဲအနေနဲ့ပြုလုပ်ပေးနေတာပါ” ဟု ဒေါ်နုနုအောင် ကဆိုသည်။
- အဆိုပါဆွေးနွေးပွဲမပြုလုပ်မှီ အောက်တိုဘာလ ၆ရက်နေ့ကအမျိုးသမီးများနဲ့လူငယ်တွေရဲ့လက်ရှိ အခြေအနေကို စစ်တမ်းကောက်ဖို့(၃)ရက်တာ သင်တန်းတစ်ခုပေးခြဲ့ပီး မိုးညှင်းမြို့နယ်အတွင်းရှိ နန့်စီးအောင် ကျေးရွာ ၊ဆယ်မိုင်ကျေးရွာ၊ဟဲလုံကျေးရွာ၊ကံကုန်းကြီးကျေးရွာ ၊အုန်းစံဆိုင်ကျေးရွာစသည့် ကျေးရွာ(၅)ရွာကို စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်းသိရသည် ။
- အဆိုပါ စစ်တမ်းကောက်ယူခဲ့ သောအချက်အလက်များ နှင့်ပါတ်သက်ပြီး အမျိုးသမီးနှင့်လူငယ် တို့အတွက် အသက်မွေးဝမ်းကြောင်းနိုင်ရန် အတွက် ဆွေး နွေးခဲ့ကြရာ ၎င်းတို့၏လုပ်ငန်းများတွင် နည်း ပညာ အခက်အခဲ ၊အရင်းအနှီးအခက်အခဲ ၊ဈေးကွက် အခက်အခဲတို့ရှိနေကြကြောင်းသိရသည်။
- “သူတို့ရဲ့လက်ရှိလုပ်ငန်းအခြေအနေ ကနေ ဘာတွေပြောင်းလြဲ့ပီးလုပ်ချင်ကြတာလဲ ဘယ်လိုအသိ ပညာတွေလိုချင်ကြတာလဲဆိုတာတွေကို ဆွေးနွေးကြတဲ့အခါမှာ ဘာတွေကူညီပေးရမလဲဆိုတဲ့ အဖြေတွေ ထွက်လာပါတယ်” ဟုသင်တန်းတာဝန်ခံကပြောသည် ။
- အဆိုပါဆွေးနွေးချက်များအရ အစုအဖွဲ့ပိုင်သစ်တော CF အဖွဲ့ များ ပိုင်ဆိုင်သည့်သစ်တောထွက် ပစ္စည်းများအား ကုန်ထုတ်ပစ္စည်းအဖြစ်ထုတ်လုပ်ပုံအဆင့်ဆင့်နည်းပညာ များ ငွေကြေးများ ဈေးကွက်များကို SWISSAIDအဖွဲ့ကမတည်ထောက်ပ့ကာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိုးညှင်းခရိုင်သဘာဝ စိမ်းလန်းစိုပြေဖွံ့ဖြိုးရေးအဖွဲ့ကသိရသည်။


Comments
Post a Comment