ကချင်ပြည်နယ်တွင် ပြည်သူများ ဥပဒေအသိအမြင်နည်းပါးနေဟုပြော



ကချင်ပြည်နယ်တွင် ပြည်သူများ ဥပဒေအသိအမြင်နည်းပါးနေဟုပြော
EPN
မြစ်ကြီးနား နိုဝင်ဘာ ၁၆

  • တရားဥပဒေမစိုးမိုးသည့် ကချင်ပြည်နယ်တွင် ပြည်သူများ ဥပဒေအသိအမြင် အားနည်းနေသေး ကြောင်း တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဒွဲဘူ ကပြောသည်။

  • တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ  ကချင်ပြည်နယ်နှင့် အရပ်ဘက် လှုမှုအဖွဲ့အစည်းများ နိုဝင်ဘာ ၁၅ရက်နံနက် ၉နာရီက ၊ သီတာရပ်ကွက်ရှိ သီတာ ဂျုဗလီခန်းမဆောင်တွင် ပထမဆုံးအကြိမ်ပြုလုပ်သောတွေ့ဆုံနှီးနှောဖလှယ်ပွဲတွင်ပြောခြင်းဖြစ်သည်။


  • ``ပြည်သူတွေဥပဒေ အချက်အလက်ကို သိရှိတာ နည်းရင် တရားမျှတမှုမရှိဘူး ကချင်မှာက ပိုပြီးသိ ဖို့လိုတယ် ပြည်နယ်က မငြိမ်းချမ်းဘူး တရားဥပဒေ မစိုးမိုးတဲ့ ဧရိယာ ပိုများလို့ တရားမျှတမှုမရှိဘူး ခိုးဆိုးလု ယက်တွေ များလာတယ် နောက်တခုက လက်တွဲမှု့ပေါ့ ရဲတပ်ဖွဲ့တစ်ခုတည်းနဲ့ လည်းမရပါဘူး  တရားရုံးသွား ဖို့ကြောက်နေရင်လည်း တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်ဘူး ပြည်သူတွေက ဥပဒေ တွေသိရှိတာနည်း တယ် အသိပညာ ဗဟုသုတတွေ အင်မတန် အားနည်းနေသေးတယ် မြို့ပေါ်မှာလဲ တရားဥပဒေ မစိုးမိုးတဲ့ နေရာတွေရှိတယ် အစိုးရ၊ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ ပေါင်းစပ်စည်းလုံးလာမယ်ဆိုရင် အဖျက်လုပ်ငန်းတွေ လုပ် မယ့်သူ မတရားလုပ်မယ့်သူက မလုပ်ရဲတော့ဘူး ဒီနည်းနဲ့ လက်တွဲကျမယ်ဆိုရင် အားလုံးပပျောက်အောင် မဟုတ်သည့်တိုင် နေရာတော်တော်များများမှာ ဥပဒေစိုးမိုးလာနိုင်တယ်´´ဟု တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဒွဲဘူကပြောသည်။

  • အဆိုပါအဖွဲ့ခွဲ့ကို ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် ဥပဒေချုပ်ရုံးအတွင်းတွင် ဖွင့်လှစ်ထားပြီး  တရားရုံးများ၏တရားမျှတမှုမရ၍လုပ်ဆောင်ချက်အားနည်းသည့်ကဏ္ဍ၊မြေယာနှင့်ပတ်သက်သည့်ကဏ္ဍ၊လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်တပ်မတော်နှင့်ပတ်သက်သည့်ကဏ္ဍများကို လာရောက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးနိုင် ကြောင်း သိရသည်။

  • ``နယ်မြေအနေအထားအရ ရဲအင်အားနဲတဲ့ အခက်​အခဲတွေလဲပါတယ် ကချင်ပြည်နယ်မှာက ရဲအချိုး က တစ်ဆိုရင်ပြည်သူအချိုးကတစ်ထောင့်နှစ်ရာလောက်ရှိတယ် မှုခင်းတွေဖြစ်လာရင် ပတ်ဝန်းကျင်က မြင်ရဲ့ သားနဲ့ သက်သေခေါ်လို့မရတာတို့ ခြေရာလက်ရာပျက်နေတာတို့ အဲ့ဒီလို အခက်​အခဲတွေရှိနေလို့ ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်ပေးကြပါ´´ဟုမြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ မြစ်ကြီးနားခရိုင်းရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီးသိန်းနိုင်ကပြောသည်။

  •  အမှုဖြစ်ပွားလာပါက ရဲစခန်းနှင့် တရားရုံးတို့တွင် တိုင်ကြားကြရန်နှင့်  ရဲစခန်းများမှ အမှုမဖွင့်ပေးခြင်း ၎င်းဌာနများ၏ ဆောင်ရွက်ချက်များအပေါ်တွင် သံသယရှိပါက  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခြင်းမျိုး ပြုလုပ် ပေးမည်ဟု အဆိုပါအဖွဲ့ ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် (ငြိမ်း)ဒေါ်မေရီမီနန်ကပြောသည်။

  • ကချင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကို  ၂၀၁၇မေလ၁၅ရက်နေ့တွင် အဖွဲ့ဝင်၉ယောက်နှင့် ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့တွင်ကချင်ပြည်နယ်ရှိဥပဒေအရာရှိများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တရားရေးဦးစီးဌာန၊ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံး၊အရပ်ဘက်လှုမူ အဖွဲ့အစည်းများ ပါဝင်သည်။

                                                            မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ