မူးယစ်ဆေးဝါး အန္တာရာယ် ကာကွယ်ရေးအတွက် သား သမီး အုပ်ထိန်းမှုသင်တန်းပို့ချ
မူးယစ်ဆေးဝါး
အန္တာရာယ် ကာကွယ်ရေးအတွက် သား သမီး အုပ်ထိန်းမှုသင်တန်းပို့ချ
EPN
မြစ်ကြီးနား
နိုဝင်ဘာ ၂၃
- မူးယစ်ဆေးဝါး ကာကွယ်ရေးအတွက် သားသမီးအုပ်ထိန်းမှု ပညာကိုမိဘများအား သင်ကြားပေး ခြင်းသင်တန်းကို မူးယစ်ဆေးစွဲ ရောဂါကု သုတေသနအသင်း (SARA)အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- အဆိုပါသင်တန်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူ တိုးလာခြင်းသည် ရောင်းချသူများလာခြင်းနှင့် ဥပဒေ မစိုးမိုးခြင်းကြောင့် အဓိက မဟုတ်ဘဲမိဘများ၏ အုပ်ထိန်းမှု အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း အသေးစိတ်ရှင်းလင်းပြသည့် သင်တန်းဖြစ်သည်။
- ``သားသမီးနဲ့မိဘရဲ့ ဆက်ဆံရေးကလဲ အရမ်းအရေးကြီးတယ်ဆိုတာ သုသေသန ပြုချက်တွေအရ သိလာရတဲ့အတွက် ဒီသင်တန်းမျိုးကို လုပ်တာပါဒီနေ့သင်တန်းက လူငယ်တွေကို မူးယစ်ဆေးဝါး မသုံးစွဲအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့ နည်းလမ်းနဲ့ အတတ်ပညာရယ်ကို ပြောပြဆွေးနွေးမှာပေါ့ ´´ဟုမူးယစ်ဆေးစွဲ ရောဂါကု သုတေသနအသင်း (SARA)မှ ဒေသညှိနှိုင်းရေးမှုး ဒေါက်တာထွန်းထွန်းဘရန်ကပြောသည်။
- အဆိုပါ သင်တန်းတွင် မူးယစ်ဆေးဝါးအုပ်စုများ၊ ဆေးစွဲလမ်းမှု ပြသနာများ ၊မူးယစ်ဆေးစွဲရောဂါ မဖြစ်အောင် ကာကွယ်ရေးအဖြစ် လုပ်ရမည့် အခြေခံ သဘောတရားများ အသက်အရွယ်အလိုက် သားသမီး များ၏ အကျင့်စရိုက်များ စသည်တို့ကို အချက်အလက် အတိအကျဖြင့် သင်ကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
- ``မိဘတွေက မူးယစ်ဆေးစွဲ သမားမဖြစ်အောင် ဘယ်လိုပြုစုပေးရမလဲဆိုတာကို ခါတိုင်းသတိမထား မိတဲ့ အမှန်တရားလေးတွေလည်း သိလာရတယ် ပြန်သွားရင် ဆရာတို့သင်လိုက်တာကို ကိုယ့်ဒေသက ကိုယ့် ကဒူးလူမျိုးတွေကြားမှာ အရင်ပြောပြဖြန့်ဝေမယ်´´ဗန်းမောက်မြို့မှ သင်တန်းလာတက်သူ မတင်မာဦးက ပြောသည်။
- အဆိုပါ
သင်တန်းကို မြစ်ကြီးနားမြို့၊မင်းရပ်ရပ်ကွက်ရှိ နဂါး နှစ်ကောင်ဟိုတယ်တွင် နိုဝင်ဘာ
၂၂ရက် နှင့်၂၃ရက်တွင် နံနက်၉နာရီခွဲမှ ညနေ၅နာရီ ခန့်အထိ ၂ရက်ဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ
သင်တန်း သား၊သင်တန်းသူ စုစုပေါင်း ၂၄ယောက်တက်ရောက်ခဲ့ကြသည်။
မီးမီး




Comments
Post a Comment