မိုးညှင်းတွင်နှစ်လုံးထီ လောင်းကစား ဒိုင်ပြုလုပ်သူအားဖမ်းဆီး
မိုးညှင်းတွင်နှစ်လုံးထီ
လောင်းကစား ဒိုင်ပြုလုပ်သူအားဖမ်းဆီး
EPN
မိုးညှင်း
နိုဝင်ဘာ ၂၃
- မိုးညှင်းတွင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ရှာဖွေဖမ်းဆီးနေရာ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်းမိုးညှင်းမြို့မရဲစခန်းကသိရသည်။
- အဆိုပါအမျိုးသမီးမှာ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် မီးရထားလိုင်းနေအသက်၅၀နှစ်ရှိ ဒေါ်ကဒီမာ (ခ)ခင်သန်းမြင့် ဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်လိုင်းခန်းကုန်စုံဆိုင်တွင်နှစ်လုံးထီရောင်းချသည့် သက်သေပစ္စည်း များတွေ့ရှိခဲ့ကြောင်းသိရသည်။
- "လောင်းကစားတွေကိုအရင်အစိုးရလက်ထက်ကတည်းကတစ်လကိုအနည်းဆုံးတစ်မှုရအောင်ဖမ်းကြရတယ် အခုနောက်ပိုင်းမှာမူးယစ်ဆေးတွေရောင်းချတာပေါလာတော့ မူးယစ်ဆေးတွေဖမ်းနေရတာနဲ့ လောင်း ကစားဘက်အားနည်းနေတာပါ အခု နှစ်အတွင်းမှာ လောင်းကစားဒိုင်ကြီး တွေကို ဖမ်းတာ ၃မှု ရှိပြီး’’ ဟုမိုးညှင်းမြို့မရဲစခန်းဒုခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။
- မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိပ်နှင်းရေးအဖွဲ့ မှ ရဲအုပ်မြင့်သူ မြို့မရဲစခန်းနယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်နိုင်ဦးနှင့်ပူးပေါင်းအဖွဲ့သည်နှစ်လုံးထီလောင်းကစားရောင်းချနေကြောင်းသတင်းအရ ဒေါ်ကဒီမာ (ခ)ခင်သန်းမြင့် ဆိုသူ၏နေအိမ်လိုင်းခန်းအားနိုဝင်ဘာ၂၁ရက်နေ့ညနေ ပိုင်း၁နာရီအချိန်ကရှာဖွေခဲ့စဉ်လောင်း ကစားတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ခဲ့သည်ဟုသိရသည်။
- ၎င်း၏နေအိမ်ရှိကုန်စုံဆိုင်အတွင်းဝင်ရောက်ရှာဖွေစဉ် နေအိမ်လိုင်းခန်း၏အတွင်း ဘယ်ဘက်နေရာ ရှိခွေးခြေခုံပေါ်တွင် ဒေါ်ကဒီမာ ဆိုသူက ထိုင်လျက်တွေ့ရှိပြီး စားပွဲခုံပေါ်၌ အလောင်းကစား ချဲထီ/နှစ်လုံးထီ ဒိုင်အဖြစ်လောင်းကစားနေသည်ကိုတွေ့ရကြောင်းသိရသည်။
- ချဲထီနှစ်လုံးထီများလောင်းကစားရာတွင်အသုံးပြုသောစာရွက်စာတန်းများ ဖြစ်သည့် အဖြူရောင်ဗလာ စာရွက်ပေါ်တွင်(၀၀)မှ(၉၉)အထိ၊နှစ်လုံးထိလောင်းဂဏန်းများ၊လောင်းကြေးငွေအတိုင်းအတာများရေးသားကာ လောင်းကစားပြုလုပ်ထားသောစာရွက်(၁)ရွက်နှင့်မှင်ပြာဘောပင်(၁)ချောင်း၊အဖြူရောင်အဖုံးပါစာရွက်ရေ(၁) ရွက်တွင်(၇၈၅၁၀၀)ဟုရေးသားထားသောလောင်းကစားထားသောဘောက်ချာစာအုပ်အသေး(၁)အုပ်နှင့်အပြာရောင်မှင်ခံစက္ကူ(၁)ရွက် ၊နှစ်လုံးထီလောင်းဂဏန်းများ လောင်းကြေးငွေအတိုင်းအတာများ လောင်းကစားသူ အမည်များဒိုင်အဖြစ်ရေးသားထားသည့်လောင်းကစားထားသောအဖြူရောင်ဗလာစာရွက်(၃)ရွက်နှင့်လောင်း ကြေးငွေစက္ကူကြီး(၂)ရွက်နှင့်လောင်းကြေးငွေစက္ကူရောရာကျပ်(၃၅၆၀၀)တို့ကိုသက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။
- လောင်းကစားပစ္စည်းများနှင့်အတူဖမ်းဆီးမိခဲ့သူ
ဒေါ်ကဒီမာ(ခ)ခင်သန်းမြင့် အား(ပ)၁၇၆ လောင်း ကစား ဥပဒေပုဒ်မ၁၅(က)/၁၆(က)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့ မရဲစခန်းက သိရသည်။

Comments
Post a Comment