ထိန်ချုံးမြို့ အမှတ်(၁) နည်းပညာကောလိပ်ကျောင်းတွင် စိုက်ပျိုးမွေးမြူရေး နှင့်စက်မှုလက်မှုဆိုင်ရာ သင်တန်း ဖွင့်လှစ်
ထိန်ချုံးမြို့
အမှတ်(၁) နည်းပညာကောလိပ်ကျောင်းတွင် စိုက်ပျိုးမွေးမြူရေး နှင့်စက်မှုလက်မှုဆိုင်ရာ သင်တန်း
ဖွင့်လှစ်
EPN
ပန်ဝါ နိုဝင်ဘာ
၂၂
- တရုတ်- မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ထိန်ချုံးမြို့ အမှတ်(၁) နည်းပညာကောလိပ် ကျောင်းတွင် စိုက်ပျိုးမွေးမြူရေး နှင့်စက်မှုလက်မှုဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်၇နာရီ၌ ထိန်ချုံးမြို့တွင်ဖွင့်ပွဲအခမ်း အနား ကျင်းပခဲ့သည်။
- အဆိုပါသင်တန်းကျောင်းတွင် ကချင်ပြည်နယ် ချီဖွေမြို့နယ် ကချင်အထူးဒေသ(၁)ရှိ နယ်မြေဒေသ အသီးသီးမှ ဒေသခံပြည်သူများ၊ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကိုစိုက်ပျိုးမွေးမြူရေး နှင့်စက်မှုလက်မှုဆိုင်ရာဘာသာ ရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
- ကချင်အထူးဒေသ(၁)မှ သင်တန်းသားများသည် ပန်ဝါမြို့မှ နိုဝင်ဘာ ၁၉ ရက် နံနက်(၇)နာရီတွင် ထွက်ခွာလာကြရာ တရုတ်ပြည်ဘက်ခြမ်း နယ်စပ်ဂိတ်တွင် ကားများဖြင့် ထိန်ချုံးနိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နှင့် သင်တန်းကျောင်းမှ ဆရာ ဆရာမ ပေါင်း၂၁ ဦးမှ လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
- "ခုလိုကျွန်တော်တို့ဒေသက ကျွန်တော်တို့ ဒေသက အခြားဒေသတွေနဲ့ မတူဘူး တောင်ပေါ်ဒေသဆို တော့စိုက်ပျိုးဖို့ ခက်ခဲတယ် ခုလိုဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်ဖို့ မိဘပြည်သူတွေကို ဒေသ နဲ့ကိုက်ညီမဲ့ စိုက်ပ်ျုးရေးနည်းပညာနဲ့ စက်မှုပညာရပ်တွေကို တရုတ်အစိုးရက အကုန်အကျခံသင်တန်းပေးတယ် ဆိုတော့ ကြိုဆိုဝမ်းသာရတာပေါ့ "ဟု ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် ကပြောသည်။
- အဆိုပါသင်တန်းအားအုပ်ချုပ်သူ Dr G ဦးယိန်းဘောမ် ဦးမဂေါင်နော်အောင်တို့မှ ဦးဆောင်၍ ကချင် အထူးဒေသ(၁)နယ်မြေ ဒေသအသီးသီးရှိ ဒေသခံပြည်သူ(၅၂) ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၁၃) ဦး စုစုပေါင်း သင်တန်းသား(၆၅)ဦး တက်ရောက်သင်ကြားနေပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၂၀)ရက်မှဖေဖေါ်ဝါရီ (၂၀) ရက်နေ့ထိ (၃)လ ကြားမြင့်မည်ဖြစ်သည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နယ်မြေ ဒေသအတွင်ရှိ မိဘပြည်သူများအား တရုတ် မြန်မာ(၂)နိုင်ငံချစ်ကြည်ရေးအတွက်ထာဝရငြိမ်းချမ်းရေး အသီး အပွင့် လက်ရှိခံစားနေကြောင်း သက်သေအဖြစ်ပြသနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်း သိရသည်။
စိုင်းဆိုင်မင်း







Comments
Post a Comment