ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပိုစတာ ပန်းချီပြိုင်ပွဲပြုလုပ်
ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပိုစတာ
ပန်းချီပြိုင်ပွဲပြုလုပ်
EPN
မိုးကောင်း
နိုဝင်ဘာ ၂၅
- နှစ်စဉ် ဒီဇင်ဘာလ(၁)ရက်နေ့ကျ ရောက်သည့်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး နေ့ (WORLD AIDS DAY)အထိမ်းအမှတ်ပိုစတာ ပန်းချီပြိုင်ပွဲကို နိုဝင်ဘာ ၂၅ရက်နံနက်၁၀နာရီကမိုးကောင်း မြို့ပြည်သူ့ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ပြုလုပ်ပါသည်။
- HIV/AIDSရောဂါသည်များကိုခွဲခြားဆက်ဆံခြင်း၊ရှောင်ဖယ်ခြင်းမှကင်းဝေးရန်၊ရောဂါဖြင့်သေဆုံးသွားသူများကိုသတိရစေရန်၊ရောဂါကိုအားလုံးစုပေါင်းတိုက်ဖျက်ရန်၊ရောဂါသည်များအပေါ်ဂရုတစိုက်ရှိမှု၊စိုးရိမ်ပူပန်မှုရှိခြင်းရှိကြောင်းကိုပြရန်၊ရောဂါသည်များကိုအားပေးကူညီရန်၊ရောဂါသည်များအားလုံးစည်းလုံးညီညွတ်စေရန်ရည်ရွယ်ချက်ဖြင့်နှစ်စဉ် ဒီဇင်ဘာလ(၁)ရက်နေ့ကျ ရောက်သည့်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက် ဖျက်ရေးနေ့ (WORLD AIDS DAY)အထိမ်းအမှတ်ပိုစတာ ပန်းချီပြိုင်ပွဲကိုNGOအဖွဲ့များနှင့်ကျန်းမာရေးဌာန ပညာရေးဌာနတို့ပူးပေါင်း၍ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမတွင်ပြုလုပ်ရာထက် လယ်မူကျောင်းသား /သူ(၇၅)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။
- "အရင်ကတော့HIVရောဂါရှိတဲ့ကလေးတွေကိုဘဲသီးခြားပြိုင်ခိုင်းတဲ့အခါကျတော့ရောဂါသည်ကလေး တွေနဲ့သာမာန်ကလေးတွေကိုခွဲခြားသလိုဖြစ်နေပါတယ်။ဒီပြိုင်ပွဲမှာကျတော့ကလေးအားလုံးကိုယှဉ်ပြိုင်စေတော့သာမာန်ကလေးတွေကလဲရောဂါသည်ကလေးတွေနဲ့ပေါင်းလို့ရတာပဲနှစ်စဉ်ဒီဇင်ဘာလ(၁)ရက်နေ့ဟာ(WORLDAIDS DAY)ပါလားဆိုတဲ့အသိကိုလဲကလေးတိုင်းသိစေချင်လို့မည်သူမဆိုလာပြိုင်ပါလို့ဖိတ်ပြီးပြိုင်ပွဲကျင်းပ ပေးတာပါ"ဟုMSF(ဟော်လန်)မှတာဝန်ခံဆရာဝန်ဒေါက်တာဝင်းမင်းသိန်းမှပြောသည်။
- အဆိုပါပြိုင်ပွဲသို့မြို့နယ်အုပ်ချုပ်ရေး ရဲတပ်ဖွဲ့ကျန်းမာရေးဌာန ပညာရေးဌာနNLDအလုပ်အမှုဆောင်များ NGOအဖွဲ့အစည်းများမှလာရောက်ကြည့်ရှုအားပေးကြသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်HIV ပိုးရှိနေ သူ ၃၇ သန်းအနက်ရာခိုင်နှုန်း ၄ဝ သို့မဟုတ် ၁၄ သန်းကျော်သည်HIV ပိုးကူးစက်ခံနေရသည့် ၄င်းတို့၏ အခြေအနေကို မသိကြကြောင်းသိရသည်။
ချိုမောင်




Comments
Post a Comment