အင်းတော်ကြီးဒေသတွင်(၂၀)ကြိမ်မြောက် သျှမ်းနှစ်သစ်ကူး ကောက်ဦးဆွမ်းပွဲတော်ကျင်းပ



         အင်းတော်ကြီးဒေသတွင်(၂၀)ကြိမ်မြောက် သျှမ်းနှစ်သစ်ကူး ကောက်ဦးဆွမ်းပွဲတော်ကျင်းပ
EPN
မိုးညှင်း နိုဝင်ဘာ ၁၈

  •           မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ ဟဲပုကျေးရွာတွင် (၂၀) ကြိမ်မြော်က သျှမ်းနှစ်သစ်ကူး ကောက်ဦးဆွမ်းပွဲတော်ကို နိုဝင်ဘာလ (၁၉)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

  •           အဆိုပါကောက်ဦးဆွမ်းပွဲတော်သို့ အင်းတော်ကြီး ပတ်ဝန်းကျင်မှ ကျေးရွာအုပ်စု (၁၁)စု ရွာပေါင်း (၄၀)တို့မှ သျမ်းနီတိုင်းရင်းသားများ ပွဲတော်သို့တက်ရောက်ကြမည် ဖြစ်ပြီး သျှမ်းရိုးရာအကများဖြင့် တင်ဆက်ကပြကြ မည်ဖြစ်ကြောင်းသိရသည်။

  •           ပွဲတော်ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ “တိမ်မြုပ်ပျောက်ကွယ်နေသော သျှမ်းနီတိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပြန်လည်ဖော်ထုပ်ပေးနေသော ဖြစ်ကြောင်းပွဲတော်ဖြစ်ရေးဖြစ်တယ်ဟု ယင်းပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ဦးသန်းစိန်ကပြောကြားသည်။

  •           ဆက်လက်နိုဝင်ဘာ(၁၉)ရက်နေ့ နံနက်၎နာရီ အချိန်တွင် သံဃာတော်ရှင်သူမြတ် (၁၀၀)ပါးတို့အား၊ ကောက်ဦး ဆွမ်း ဒါတပ္ပ၊ ဝတ္ထုလှူဖွယ် ပစ္စည်းအစုစုဖြင့် လှူဒါန်းဆက်ကပ် ပူဇော်မည်ဖြစ်ပြီး တက်ရောက် လာကြသည် အနယ်နယ်အရပ်ရပ်တို့မှဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံ သျှမ်းနီတိုင်းရင်းသား ရိုးရာယဉ် ကျေးမှု လူငယ်မောင်မယ်များဖြင့် အကများဖြင့် ဧည့်သည်ဖျော်ဖြေမည်ဖြစ် ကြောင်းသိရသည်။

                                                           ရှင်းသန့်(နမ္မား)






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ