မြစ်ကြီးနားမြို့ဝင်ဘီးခွန်များကိုသတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်



မြစ်ကြီးနားမြို့ဝင်ဘီးခွန်များကိုသတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်

EPN
မြစ်ကြီးနား နိုဝင်ဘာ ၂၄

  •           မြစ်ကြီးနားမြို့ဝင်ဘီးခွန် ကောက်ခံရေးကို စည်ပင်သာယာရေးအဖွဲ့မှ လေလံစနစ်ဖြင့် ပေးထားပြီး သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံလာပါက တိုင်ကြားနိုင်ကြောင်းမြစ်ကြီးနားမြို့နယ်  စည်ပင်သာယာ ရေးအဖွဲ့ အခွန်ဌာနမှ သိရသည်။
  • မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတ်​မှတ်​ နှုန်းထားများမှာ ၂၀တန်အောက် ယာဉ်များကို ၂၀၀၀၀ကျပ်၊၁၀တန်မှ၂၀တန်အောက် ယာဉ်များကို၅၀၀၀ကျပ်၊၅တန်မှ၁၀တန်အောက်ယာဉ်များကို၃၀၀၀ကျပ်၊ ၃တန်မှ၅တန်အောက် ၁၀၀၀ကျပ်၊ ၁တန်မှ၃တန်အောက် ၅၀၀ကျပ်၊ ၁တန်အောက်ယာဉ်များကို ၃၀၀ကျပ်၊ အိမ်စီးကားများကို ၃၀၀ကျပ်၊ဆိုင်ကယ်နှင့်သုံးဘီးများကို ၂၀၀ကျပ် အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

  • ``မမှန်မကန် ကောက်တာမျိုး ရှိလာရင် ကျွန်မတို့ဌာနကို တိုင်ကြားနိုင်သလို အစိုးရအဖွဲ့ရုံး ကိုလည်း တိုင်ကြားနိုင်ပါတယ် စည်ပင်သာယာရေး အဖွဲ့မှာ တစ်နှစ်စာ ဘီးခွန်ဆောင်ထားတဲ့ လက်မှတ်ပါတဲ့ ယာဉ်တွေ ဆိုရင်လည်း မြို့ဝင်ဂိတ်တွေမှာ ထပ်ဆောင်စရာ မလိုပါဘူး´´ဟု စည်ပင်သာယာရေးအဖွဲ့ အခွန်ဌာနမှ ဒုဦးစီးမှုး ဒေါ်မြတ်မြတ်ကြုကပြောသည်။

  • မြစ်ကြီးနားမြို့ဝင်ဘီးခွန် ကောက်ခံသည့် ဂိတ်နှစ်ခုမှာ  မိုးကောင်းမြို့နယ်ဘက်မှ လာပါကမြစ်ကြီးနား မှ၁၁မိုင်ရှိ ရှဒေါင် ကျေးရွာတွင်းမှ ရှဒေါင်ဂိတ်ဖြစ်ပြီး ဝိုင်းမော်မြို့နယ်ဘက်မှ လာပါက ဗလမင်းထင် တံတား       ဖြတ်သန်းခ ကောက်ခံသည့်ဂိတ်နှင့် မလှမ်းမကမ်းတွင် မြစ်ကြီးနားမြို့ဝင်ဘီးခွန် အဖြစ်ပေးဆောင်ရ သည်။

  • မြို့ဝင်ဘီးခွန် ကောက်ခံရာတွင် စစ်သုံးမော်တော်ယာဉ်၊လုံခြုံရေးယာဉ်နှင့် မီးသတ်ယာဉ်၊ ဆေးရုံလူနာ တင်ယာဉ်၊စည်ပင်သာယာရေးအဖွဲ့ပိုင်ယာဉ်များကိုကောက်ခံပါကလည်း တိုင်ကြားနိုင်ကြောင်းဒေါ်မြတ်မြတ်ကြု  ကပြောသည်။

  • မြို့ဝင်ဘီးကောက်ခဲ့သည့်ဂိတ်များတွင် မောင်းတံဖြင့် တားဆီးကောက်ခံခွင့်မပြုရ၊ ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ လေလံချထားဆောင်ရွက်လျှက်ရှိသည့် လမ်း/တံတားအသုံးပြုခ ကောက်ခံရေး အဖွဲ့အစည်းနှင့် အဖွဲ့မြို့ဝင်ဘီးခွန်ကောက်ခံခြင်း တို့ကို တစ်နေရာတည်းတွင် တစ်ပေါင်တည်းကောက်ခံရမည် ဟု စည်ပင်သာယာရေးအဖွဲ့၏ စည်းကမ်းချက်များကိုဖော်ပြထားသည်။

  • ၂၀၁၆ ဧပြီလမှစတင်၍ ၂၀၁၇ မတ်လအထိ သက်တမ်းကုန်မည့် တစ်နှစ်စာ လေလံကြေးအဖြစ် ဗလမင်းထင်မြို့ဝင်ဘီးခွန်ဂိတ်မှ သိန်းပေါင်း (၁၄၄၀)ရရှိပြီး ရှဒေါင်ဂိတ်မှ သိန်းပေါင်း(၁၅၅၀) စုစုပေါင်း သိန်း၃ထောင်ခန့်ရရှိကြောင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းမှတ်တမ်းများအရ သိရသည်။

  • အဆိုပါ လေလံကြေးငွေများကို စည်ပင်သာယာရေး အဖွဲ့၏ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လမ်းတံတား ဆောက်လုပ်ရေး ၊ရေပေးဝေရေး၊ ရပ်ရွာသန့်ရှင်းသာယာ လှပရေးများနှင့် လူထုအကျိုးပြု လုပ်ငန်း များတွင်  ပြန်လည်အသုံးပြုနေကြောင်း သိရသည်။

                                                                 မီးမီး
        ပုံ ။ ကချင်ပြည်နယ်အတွင်းရှိ မြို့ဝင်ဂိတ်ဘုတ် တစ်ခုကိုတွေ့တွေ့ရစဉ်။




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ