မိုးကောင်းတွင် အဖွားအိုတစ်ဦးရထားတိုက်မိ
မိုးကောင်းတွင်
အဖွားအိုတစ်ဦးရထားတိုက်မိ
EPN
မိုးကောင်း
နိုဝင်ဘာ ၂၇
- မြစ်ကြီးနားဘက်မှနဘားသို့ထွက်ခွာလာသောအမှတ်(၅၀)အစုန်နဘားခေါက်ပြန်ရထားဖြင့်ဆားမှော်ဘူတာနှင့်ထိုပူးဘူတာကြားတွင်တိုက်မိခြင်းဖြစ်သည်။
- ကချင်ပြည်နယ်မိုးကောင်းမြို့နယ်တွင် နိုဝင်ဘာ၂၇နံနက်(၈း၂၀)နာရီအချိန်ကအမှတ်(၅၀)အစုန်နဘား ခေါက်ပြန်ရထားသည်မြစ်ကြီးနားဘက်မှနဘားသို့ထွက်ခွာလာစဉ်ဆားမှော်ဘူတာနှင့်ထိုပူးဘူတာကြားမိုင်တိုင်အမှတ်၆၇၅/ ၁၆-၁၇ကညင်မြိုင် အင်းပေါင်းကျေးရွာချင်းဆက်လမ်းနှင့်သံလမ်းကူးအဆုံ အရောက်၌လမ်းဖြတ် ကူးသူဆားမှော်ကျေးရွာအောင်တံခွန်ရပ်ကွက်နေဒေါ်ထုလွမ်အသက် ၉၅နှစ်အားတိုက်မိသဖြင့် လိုအပ်သော ကုသမှုပေးအပြီးမိုးကောင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ရာဆေးရုံအရောက်တွင်သေဆုံးသွားသဖြင့်မိုးကောင်းမြို့မရဲစခန်းမှနှစ်စဉ်အမှတ်၁၁/၂၀၁၇သေမှုသေခင်းမှတ်တမ်းယူထားကြောင်းသိရသည်။
- "ကားလမ်းကတရားဝင်ခွင့်ပြုချက်မရှိသေးတဲ့လမ်းကူးဖြစ်နေတဲ့အတွက်ဂိတ်ပိတ်ဂိတ်စောင့်မရှိပါဘူး ခုလိုမျိုးလူကိုထိခိုက်မိပြီဆိုမီးရထားကသူ့လမ်းသူသွားတဲ့အတွက်လမ်းနယ်နမိတ်မလွတ်လို့ဖြစ်တာဖြစ်လို့လူမ သေရင်မီးရထားအက်ဥပဒေနဲ့အရေးယူပြီးသေသွားတယ်ဆိုရင်တော့ရဲစခန်းကသေမှုသေခင်းနဲ့အမှုဖွင့်ပါတယ်"ဟုမိုးကောင်းဘူတာရုံပိုင်ကြီး ဦးဝင်းလှိုင်မှပြောပါသည်။
- ၂၀၁၇ခုဇွန်လပိုင်းကလည်းမိုးကောင်းမြို့အဝင်သံလမ်းတံတား၌လူတိုက်မိမှုဖြစ်ခဲ့ပြီးသေဆုံးမှုမရှိသဖြင့်မီးရထားအက်ဥပဒေဖြင့်အရေးယူမှုရှိခဲ့ကြောင်းသိရသည်။
ချိုမောင်

Comments
Post a Comment