ပြည်နယ်ပညာရေးမှူးဦးအောင်သန်းမြင့်မြို့နယ်အတွင်းရှိကျောင်းအုပ်ကြီးများနှင့်လာရောက်တွေ့ဆုံ

ပြည်နယ်ပညာရေးမှူးဦးအောင်သန်းမြင့်မြို့နယ်အတွင်းရှိကျောင်းအုပ်ကြီးများနှင့်လာရောက်တွေ့ဆုံ

EPN
မိုးကောင်း၊နိုဝင်ဘာ ၁၀

  •      ငွေကြေး ကောက်ခံတာတွေ၊ လက်ဆောင် ပစ္စည်း လက်ခံတာတွေ မလုပ်ဖို့ ပညာရေး ၀န်ထမ်းများကို ထပ်မံ ညွှန်ကြားခဲ့ပါသည်။
  •  ကချင်ပြည်နယ်မိုးကောင်းမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရတနာခန်းမတွင်နိုဝင်ဘာ ၁၀ရက်မွန်းလွဲတစ်နာရီကပြည်နယ်ပညာရေးမှူးဦးအောင်သန်းမြင့်သည်ခရိုင်ပညာရေးမှူးဦးဝင်းမောင် လိုက်ပါလျှက်မြို့နယ်အတွင်းရှိကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံစဉ်ယင်းကဲ့သို့ညွှန်ကြားခြင်းဖြစ်သည်။
 "ပညာရေး ၀န်ထမ်းတွေ အနေနဲ့ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေ၊ ပြည်သူလူထုတွေ ထံကနေ ငွေကြေး ကောက်ခံတာတွေ မလုပ်ဖို့၊ လက်ဆောင်ပစ္စည်း လက်ခံတာတွေ မလုပ်ဖို့ ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားစာနဲ့ ထပ်မံ အသိပေးလိုက်ပါတယ်။ အလားတူ ညွှန်ကြားစာမျိုးကို ပြီးခဲ့တဲ့ နှစ်တွေကလဲ ထုတ်ပြန်ခဲ့ပြီး၊ အခု ထပ်မံ ထုတ်ပြန်လိုက်တာဟာ ငွေကြေး ကောက်ခံတာတွေ၊ လက်ဆောင် လက်ခံတာတွေ ရှိနေ သေးတဲ့ အတွက်ကြောင့်လို့ သိရပါတယ် ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန (နေပြည်တော်)ကနေ နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ့ ညွှန်ကြားစာကို လက်ရှိမှာတော့ နေပြည်တော် ကောင်စီ နယ်မြေ အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပညာရေးမှူးရုံးများ မှတဆင့် အခြေခံ ပညာကျောင်း အသီးသီးကို ပေးပို့လိုက်ပါပြီ။ထပ်မံ အသိပေးလိုက်တဲ့ ညွှန်ကြားစာထဲမှာ အခြေခံပညာ ကျောင်းတွေနဲ့ ပညာရေးရုံးတွေမှာ ပွဲလမ်း သဘင် လက်မှတ် ရောင်းတာတွေ၊ စာအုပ်စာတမ်းနဲ့ ၀တ်စုံတွေ ရောင်းချတာတွေ မလုပ်ဖို့ကိုပါ ထည့်သွင်း တားမြစ် ထားတာ တွေ့ရပါတယ်။" ဟုပြည်နယ်ပညာရေးမှူးဦးအောင်သန်းမြင့်မှ ဆက်လက်ပြော ကြားပါသည်။

  • အဆိုပါတွေ့ဆုံပွဲသို့မြို့နယ်ပညာရေးမှူးဦးသန်းထွန်းနှင့်ရုံးဝန်ထမ်းများထက် လယ် မူကျောင်းအုပ်ကြီး  များတက်ရောက်ကြသည်။ဆရာကြီးကနေပြည်တော်အစည်းအဝေးကကားနဲ့ပြန်လာတာဆိုတော့ကားလမ်းတစ်လျှောက်မှာရှိတဲ့မိုးညှင်းမိုးကောင်းမြို့တွေကိုနေပြည်တော်ကညွှန်ကြားချက်ကိုတစ်ဆက်တည်းလာရောက်ညွှန် ကြားတာပါ"ဆရာဝင်းနိုင်ဦးမှပြောပါသည်။ ထို့နောက်မိုးကောင်းမြို့ပညာရေးဌာနမှလှူ ဒါန်းသောရခိုင် ဒေသအ တွက်အလှူငွေကျပ်တစ်ဆယ့်ခုနှစ်သိန်းငါးသောင်းကိုမြို့နယ်ပညာရေးမှူးဦးသန်းထွန်းမှပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်အားပေးအပ်ပါသည်။ 

  • မိုးကောင်းမြို့နယ်တွင်အထက်တန်းကျောင်း(၈)ကျောင်း ထ(ခွဲ) (၇) ကျောင်း  အလယ်တန်း (၄)ကျောင်း လ(ခွဲ)(၈)ကျောင်းမူလတန်းလွန်ကျောင်း (၁၅)ကျောင်းနှင့်မူလတန်း ကျာင်း (၈၈)ကျောင်း  ရှိ၍ကျောင်းဆရာ/မစုစုပေါင်း(၁၃၃၉)ဦးရှိကြောင်းသိရသည်။

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ