မိုးညှင်း သိမ်အင်းရပ်ကွက် လူနေအိမ်အတွင်း မူးယစ်ဆေးရောင်းချသူလူငယ်အားဖမ်းဆီးမိ



မိုးညှင်း သိမ်အင်းရပ်ကွက် လူနေအိမ်အတွင်း မူးယစ်ဆေးရောင်းချသူလူငယ်အားဖမ်းဆီးမိ

EPN
မိုးညှင်း နိုဝင်ဘာ ၂၃
  • မိုးညှင်းမြို့  သိမ်အင်းရပ်ကွက် လူနေအိမ်အတွင်းသို့ မူးယစ်ဆေးရောင်းချနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ  မူးယစ်ဆေးနှင့်အတူ  လူငယ်တစ်ဦးအားဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
  • အဆိုပါလူငယ်မှာ အသက်၂၅နှစ်ရှိ ရှိုင်းထက်အောင်ဆို သူဖြစ်ပြီးမူးယစ်ဆေးသုံးစွဲနေ သည့်အပြင် ပြန်လည်ရောင်းချနေသူဖြစ်ကြောင်းမိုးညှင်းမြို့မရဲစခန်းဒုစခန်းမှူးရဲအုပ်ညွှန်လှိုင်ကပြောသည်။

  • အခုဖမ်းမိတဲ့လူငယ်ကိုယ်တိုင်ထွက်ဆိုထားတာရှိပါတယ်သူကိုယ်တိုင်သုံးစွဲနေပြီးနမ္မချီမှော်ဘက်မှာ ၀ယ်ယူပြီးပြန်လည်ရောင်းချနေတာ၁နှစ်ကျော်၂နှစ်လောက်ရှိနေပြီလို့ပြောပြခဲ့ပါတယ်ဟုရဲအုပ်ညွှန်လှိုင်က ပြောသည်။

  • ဖြစ်စဉ်မှာမိုးညှင်းမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင်ရဲအုပ်သက်နိုင်ဦးနှင့်အဖွဲ့၊မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိပ်နင်းရေးဌာနမှဒုရဲအုပ်ဇော်လွင်တို့အဖွဲ့ကမူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းအရ နိုဝင်ဘာ ၂၁ရက်နေ့ ညနေ ၆နာရီခန့် က သိမ်အင်းရပ်ကွက်ရှိ အိမ်အမှတ်-သအ/၇၁ နေရှိုင်းထက်အောင်ဆိုသူ၏နေအိမ် ကိုသွားရောက်ရှာဖွေခဲ့ကြကြောင်းသိရသည်။

  • မူးယစ်ဆေးများကို ၎င်း၏နေအိမ် အိပ်ခန်းအတွင်းခြေရင်းနေရာထရံသစ်သားထုတ်တန်းပေါ်၌၀ှက်ထား ကြောင်းထွက်ဆိုခဲ့ပြီး မူးယစ်ဆေးများအား ရောင်းချပြီးရရှိငွေ ကျပ် (၂၂၃၀၀၀)  အား နေအိမ်အိပ်ခန်း အတွင်း ချိတ်ထားသည့်အနွေးထည်ဂျင်းအင်္ကျီလက်ရှည်အတွင်းအိပ်ကပ်(၄)ခုတို့၌သိမ်းဆည်းထားကြောင်းသက်သေး များရှေ့တွင်ညွှန်ပြခဲ့သဖြင့်  သိမ်းဆီးခဲ့ကြောင်းသိရသည်။

  • ထရံသစ်သားထုတ်တန်းပေါ်ရှိအဖြူရောင်ကြွပ်ကြွပ်အိတ် အတွင်းအ၀ါရောင်အဖုံးပါအမြင့်(၁)လက်မခွဲ ခန့်အချင်း လက်မ၀က်ခန့်ရှိအဖြူရောင်ပလပ်စတစ်ကော်ဗူးဖြင့်ထည့်ထားသောဘိန်းဖြူဟုယူဆသော ဖြူဝါ ရောင်အမှုန့်(၀.၂)ဂရမ်ခန့်စီပါသောဗူး(၃)ဗူး၊စုစုပေါင်းအလေးချိန် (၀.၆)ဂရမ်ခန့် ကမ္ဘာလုံးတံဆိပ်ပါအပြာရောင် ကပ်ခွာအိတ်ဖြင့်ထည့်ထားသော(88/1)စာတန်းပါနီညိုရောင်စိတ်သွပ်ရူးသွပ်ဆေးပြား(၇၉)ပြားစုစုပေါင်းအလေးချိန်(၇.၉)ဂရမ်ခန့် တို့အားတွေ့ရှိခဲ့ကြောင်းသိရသည်။

  •  မူးယစ်ဆေးနှင့်အတူတွေ့ရှိခဲ့သောလူငယ်ရှိုင်းထက်အောင်ဆိုသူအား မယ(ပ) ၁၆၆ မူးစိတ် ပုဒ်မ ၁၅/၁၉ (က)/၂၀(က)တို့ဖြင့်ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။

                                                သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ