ဧရာဝတီမြစ်ရေ ကျဆင်းနေမှုကြောင့် ဗန်းမော်တပ်ကလေးဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်ရပ်နား ရန်ခက်ခဲ



ဧရာဝတီမြစ်ရေ ကျဆင်းနေမှုကြောင့် ဗန်းမော်တပ်ကလေးဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်ရပ်နား ရန်ခက်ခဲ

EPN
ဗန်းမော် နိုဝင်ဘာ ၂၃

  •  ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာဝတီ မြစ်ရေ ကျဆင်းနေမှုကြောင့်ဗန်းမော်တပ်ကလေးဆိပ်ကမ်း သို့ရေယာဉ်များဆိုက်ကပ်ရပ်နား ရန်အခက်အခဲ ရှိ ကြောင်း သိရှိရသည်။

  • ယခုအခါဧရာဝတီမြစ်ရေသည်ကျဆင်းလျက်ရှိပြီးသဲသောင်များပေါ်ထွန်းကာရေလမ်းကြောင်းကျပ် တည်မှု များ ဖြစ်ပေါ် ခဲ့သဖြင့် ဗန်းမော်တပ်ကလေးဆိပ်ကမ်းသို့ ရေယာဉ်များဆိုက်ကပ်ရပ်နားရန်အခက်အခဲ ရှိနေ ကြောင်း၊ရေယာဉ်ဆိုက်ကပ်ရန်ဆိပ်ကမ်းနယ်မြေလဲကျဉ်းမြောင်းလျှက်ရှိကြောင်း၊ ရေယာဉ် တစ်စီးနှင့် တစ်စီးဘေးချင်းယှဉ်တွဲ ဆိုက်ကပ်ရပ်နားပြီး ကုန်တင်ချ ပြု လုပ်နေရ ကြောင်း၊နှင့် ယင်းကုန်တင်ကုန်ချ လုပ်ဆောင်မှုတွင်လည်း အခဲရှိကြောင်း ဆန်ကုန်သည် တစ်ဦးထံမှသိရှိ ရသည်။

  •  "သဲသောင်တွေကြောင့်တပ်ကလေးဆိပ်ကမ်းတောင်ဖက်ရှိညောင်ပင်သာရွာ ရေလမ်းကြောင်းကဝင် လို့ မရဘဲ ဗန်းမာ် ခွန်သာရပ်ကွက် အနီး ရေလမ်းကြောင်း ကနေရေယာဉ်များဝင်ထွက် သွားလာ ဆိုက်ကပ်ရပ် နား ခဲ့ရပါတယ် ။အဲဒီရေလမ်းကြောင်းကလဲ ယခုအခါ မြစ်ရေကျဆင့်းလျှက်ရှိသဖြင့် တပ်ကလေးဆိပ်ကမ်းသို့ ရေယာဉ်ကြီးများဆိုက်ကပ်ရပ်နားရန်အခက်အခဲရှိနေပါတယ် " ဟု ဆိပ်ကမ်းတာဝန်ခံက ပြောသည် ။



  •  ဧရာဝတီမြစ် ရေမြင့်တက်လာချိန် တွင်ရေယာဉ်ကြီးများသည် ရွှေဗန်းမော် ဆိပ်ကမ်းသို့ပြောင်းရွှေ့ ၍ ဆိုက်ကပ်ရပ်နား ခဲ့ရပြီး မိုးရာသီကုန်ဆုံး၍  ဧရာဝတီမြစ်ရေကျဆင်းသည့်အခါတွင်ရွှေဗန်းမော်ဆိပ်ကမ်း မှ ရွှေဗန်းမော်ဆိပ်ကမ်းနှင့် ၂မိုင် ခန့်ဝေးသည့် တပ်ကလေးဆိပ်ကမ်းသို့ ရေယာဉ်ကြီး များပြောင်းရွှေ့ဆိုက်ကပ် ရပ်နားခဲ့ရကြောင်း သိရသည်။

  • " မြစ်ရေ မြင့်တက်လာခြင်းကြောင့်   ရေယာဉ်ကြီးများသည် ၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက် နေ့ တွင် တပ်ကလေး ဆိပ်ကမ်း မှရွှေဗန်းမော်ဆိပ်ကမ်းသို့ပြောင်းရွေ့၍ ဆိုက်ကပ်ရပ်နားခဲ့ပါတယ်။ရွှေဗန်းမော် ဆိပ်ကမ်းသည်အလယ်ရပ်ကွက်တွင်ရှိသဖြင့် ပြည်သူများ ရေယာဉ်စီးရန်အဆင်ပြေကြသလိုကုန်ပစ္စည်း သယ်ယူစရိတ် လည်းသက်သာခဲ့ တယ် ။ရေယာဉ်စီးခရီးသည်များအတွက်အဆင်ပြေခဲ့သော်လည်းမိုးအကုန် ဆောင်းအ ကူး မြစ်ရေကျဆင်း ခဲ့သဖြင့် ရေယာဉ်ကြီးများသည်ရွှေဗန်းမော်ဆိပ်ကမ်းမှတပ်ကလေးဆိပ်ကမ်းသို့  နိုဝင်ဘာလဆန်း  မှစတင်၍  ပြောင်းရွှေ့ ဆိုက်ရပ်နား ခဲ့ကြပါတယ်"  ဟု ဗန်းမော်မြို့ ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေး ရုံးပြည်နယ်မန်နေဂျာ ဦးတင့်လွင်  ကပြောသည်။ 

  • ရေယာဉ်ကြီးများ  တပ်ကလေးဆိပ်ကမ်းသိုအခက်ခဲမရှိ့ ဆိုက်ကပ်ရပ်နားနိုင်စေရန်အတွက် သက်ဆိုင်ရာဌာန လိုအပ်သည်များကို  ကူညီဆောင်ရွက် ပေးရန် ပြည်သူများ ကလိုလားလျက် ရှိ ကြောင်းဒေသခံများထံမှသိရှိ ရသည်။

  • လက်ရှိအဆိုပါ ဆိပ်ကမ်းမှ ဗန်းမော်နှင့် မန္တလေးကြားပြေးဆွဲနေ သောရေယာဉ်မှာ ပုဂလိကပိုင်နှင့် အစိုးရပိုင် ရေယာဉ်ပေါင်း အစီးရေ တစ်ရာဝန်းကျုင်ခန့်ရှိကြောင်း သိရသည်။ 

                               
ဗန်းမော်  သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ