ဗန်မော်-မန္တလေး ပြေးဆွဲလျှက်ရှိသော ရေယာဉ်ကြီးများ ဗန်းမော်တပ်ကလေးဆိပ်ကမ်းမှ စတင်ထွက်ခွာပြေးဆွဲပေးနေ
ဗန်မော်-မန္တလေး
ပြေးဆွဲလျှက်ရှိသော ရေယာဉ်ကြီးများ ဗန်းမော်တပ်ကလေးဆိပ်ကမ်းမှ စတင်ထွက်ခွာပြေးဆွဲပေးနေ
EPN
ဗန်းမော်၊ နိုဝင်ဘာ
၁၂
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြစ်ရေကျဆင်းလာမှုကြောင့် ဗန်းမော်-မန္တလေး ပြေးဆွဲလျှက်ရှိသော ပုညာနှစ်ထပ်ရေယာဉ်ကြီးသည် နိုဝင်ဘာ(၁၀)ရက် နံနက်(၇)နာရီတွင် ဗန်မော်မြို့ တပ်ကလေးဆိပ်ကမ်းမှ မန္တလေးမြို့သို့ စတင်ပြေးဆွဲရန်အတွက် ထွက်ခွာခဲ့ကြောင်း သိရသည်။
- မိုးတွင်းကာလများ၌ ရွှေဗန်းမော်ဆိပ်ကမ်းတွင် ရေယာဉ်ကြီးများ ဆိုက်ကပ်ရပ်နားထားပြီး၊ မြစ်ရေကျ ဆင်းလာသည့်အတွက် ၄င်းဆိပ်ကမ်းတွင် ရပ်နားထားရန် အဆင်ပြေမှုမရှိခြင်းကြောင့် တပ်က လေးဆိပ်ကမ်း သို့ ပြောင်းရွေ့ ရပ်နားကြရပြီး၊ ယခုအခါ ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့် အညီ မြစ်ရေဆက်လက် ကျဆင်းလာမှုကြောင့် ဆိပ်ကမ်း၌ဆက်လက် ရပ်နားဆိုက်ကပ်ထားပါက ရေယာဉ်ကြီးများ သောင်တင်မှုများဖြစ် ပွားလာပါက ခရီးသွားပြည်သူများအတွက် အဆင်မပြေမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်စေပြီး၊ ခရီးစဉ်ကြန့်ကြာမှု များ ကြုံတွေ့လာနိုင်သည်ဖြစ်သောကြောင့် တပ်ကလေးဆိပ်ကမ်းသို့ ပြောင်းရွေ့ရပ်နားရပြီး ယခု တပ်ကလေး ဆိပ်ကမ်းမှု တဆင့် ရေယာဉ်ကြီးများ စတင်ပြေးဆွဲပေးနေပြီဖြစ်သည်ဟု သိရသည်။
- “ရေယာဉ်ကြီးတွေကို ဧရာဝတီမြစ်ရေတက်ချိန်ကာလဖြစ်တဲ့ ဇွန်လ(ရ)ရက်နေ့ကစပြီး တပ်ကလေး ဆိပ်ကမ်း ကနေ ရွှေဗန်းမော် ဆိပ်ကမ်းကို ပြောင်းရွေ့ဆိုက်ကပ် ရပ်နားခဲ့ပါတယ်။ မိုးတွင်းကာလရော ဆောင်း ရာသီကာ လမှာပါ မြစ်ရေတိုးမှု အပေါ်မူတည်ပြီး ရွှေဗန်းမော် ဆိပ်ကမ်းမှာရပ်နားပေးခဲ့ပါတယ်။ အခုမြစ်ရေကဆက်ကျနေ ပြီး ဆိပ်ကမ်း အဝင်အထွက်မှာ ရေကြောင်းကြပ်တည်းပြီး ရေယာဉ်ခုတ်မောင်း သွားလာရအဆင်ပြေစေဖို့နဲ့ ကုန် တင်ကုန်ချ အဆင်ပြေစေဖို့အတွက် ရွှေဗန်းမော်ဆိပ်ကမ်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ တပ်ကလေးဆိပ်ကမ်းကို ပြောင်းရွေ့ဆိုက်ကပ် ရပ်နားတယ်၊ အဲ့ဒီကပဲ ထွက်ခွာပေးနေပါတယ်။” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ ပြည်နယ်မန်နေဂျာ ဦးတင့်လွင် ကပြောသည်။
- မိုးရာသီကာလအတွင်း ဧရာဝတီမြစ်ရေမြင့်တက်ချိန်၌ နှစ်ထပ်ရေယာဉ်ကြီးများသည် ရွှေဗန်းမော် ဆိပ်ကမ်းတွင် ဆိုက်ကပ် ရပ်နားကာ ပြန်လည်ထွက်ခွာကြသည့်အတွက် ရေယာဉ်စီးခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး၊ စားရိတ်စကသက်သာခြင်း၊ ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ ပြုလုပ်ရာတွင် အဆင်ပြေသကဲ့သို့ ဆိပ်ကမ်းကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသော ဆိပ်ကမ်းနေပြည်သူများမှာလည်း ဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
- “ဗန်းမော်ကနေမန္တလေးကို သွားတဲ့အခါမှာ ရေယာဉ်ကြီးတွေစီးပြီးသွားရတာက ပိုအဆင်ပြေတယ် လို့ထင်တယ်။ စရိတ်စကလဲ သက်သာတယ်။ ကုန်သည်တွေအတွက်လည်း တန်ဆာခနဲ့ကုန်တင်ကုန်ချခ ပို သက်သာတယ်။ မြစ်ကမ်းဘေးက ရှုခင်းတွေသာယာတာလဲ ကြည့်ခွင့်ရတော့ ခရီးလဲသွားရင်း အပန်းလဲဖြေရင်း အလုပ်လုပ်ဖို့ အားအင်တွေပိုရှိလာသလို ခံစားရတယ်။ အစိုးရအနေနဲ့ ဒီရေယာဉ်တွေပြေးဆွဲပေးနေမှုကို ဒီထက် ပိုအဆင့်မြှင့်တင်ပြီး တိုးချဲ့လုပ်ကိုင်ပေးလာရင်တော့ ကောင်းပါတယ်။”ဟု ဗန်းမော်မှ မန္တလေးသို့ ရေယာဉ် စီးနင်းကာ ခရီးသွားလာနေသူ ဦးအောင်ကျော် ကပြောသည်။
- ဗန်းမော်-မန္တလေး ပြေးဆွဲလျှက်ရှိသော ရေယာဉ်များသည် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဗန်းမော်မြို့မှ နံနက်(၇)နာရီတွင် စတင်ထွက်ခွာပြီး မန္တလေးမှ တနင်္လာ၊ ကြာသပတေး၊ စနေနေ့များတွင် နံနက်(၆)နာရီအချိန်မှ စတင်ထွက်ခွာပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။ အစုန်ခရီးစဉ်တွင် တစ်ည အိပ်စီးနင်းရပြီး၊ အဆန်ခရီးဖြစ်ပါက နှစ်ညအိပ်စီးနင်းရကြောင်း သိရသည်။
- မန္တလေးရေယာဉ်စီးခနှုန်းထားမှာ ရိုးရိုးတန်း လူကြီးတစ်ဦး (၅၅၀၀)ကျပ်၊ အထက်တန်းအခန်းခ တစ်ဦး လျှင် (၁၆၅၀၀)ကျပ် ဖြစ်ပြီး၊ နံနက်စာ(Breakfast)ကျွေးပြီး၊ ရေသန့်ဗူးထားပေးကာ ဖုန်းအားသွင်းရန် အတွက် မီးပလပ်ပေါက်များ ပါရှိကြောင်း သိရသည်။ခရီးသွားပြည်သူများ နေထိုင်စားသောက်ရေး အဆင် ပြေစေရေး အတွက် အလုံးစုံဆောင်ရွက်ပေးသည့်အပြင် ရေချိုးရန်အတွက်လည်း ချိုးရေကုန်သွားပါက မြစ်ရေကို အချိန်နှင့် တပြေးညီ တင်ပေးပြီး၊ ရေယာဉ်ပေါ်၌ နေ့လည်စာနှင့် ညစာအတွက် ထမင်းဟင်းများကို စိတ်ကြိုက်ဝယ်ယူ စား သောက်နိုင်သည့်အပြင် မြန်မာပြည်သူများအကြိုက်ဖြစ်သော လက်ဘက်ရည်၊ ကော်ဖီနှင့် နွားနို့၊ အချိုရည် စသည်များကိုလည်း ရောက်းချပေလျှက်ရှိသည်ဟု ဆိုသည်။
- ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေယာဉ်ခရီးစဉ်များမှာ မြန်မာပြည်အောက်ဖက်မှ မန္တလေး၊ မန္တလေး မှ ဗန်းမော်၊ ဗန်းမော်မှ မြစ်ကြီးနားအထိသာ ရေယာဉ်ကြီးများ သွားလာနိုင်ပြီး မြစ်ကြီးနားမှအထက်သို့သွားလာ ရာတွင် ရေယာဉ်ကြီးများ အသုံးပြုခြင်းမရှိတော့ဘဲရေယာဉ်ငယ်များကိုသာအသုံးပြုသွားလာခြင်း ပြုနိုင် ကြောင်း သိရသည်။
- မြစ်ဆုံအထက်ဖြစ်သော မေခမြစ်နှင့် မလိခမြစ်ကြောင်းတလျှောက်ရှိ ရွာများသို့ကုန်သွယ်ကူးသန်း ရောင်းဝယ်ရာတွင်လည်း စက်လှေငယ်များကိုသာ အဓိက အားထားနေရဆဲဖြစ်သည့်အတွက် ပြည်တွင်းရေ ကြောင်း ပို့ဆောင်ရေးအနေနှင့် ရေယာဉ်ကြီး၊ ရေယာဉ်ငယ်များနှင့် ရေကြောင်းပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ယခုထက်ပိုလုပ်ကိုင်တိုးချဲ့လာပါက ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန် လွယ်ကူလာစေပြီး၊ ပြည်သူများ အတွက် ကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားဖွယ်ရာရှိကြောင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နေ ပြည်သူများမှ မျှော်လင့်ကြောင်း သိရသည်။
ဗန်းမော်
သုခမိန်


Comments
Post a Comment