ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ ကလောင်ရှင်နှစ်ဦးကို ဒုတိယအကြိမ် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ ကလောင်ရှင်နှစ်ဦးကို ဒုတိယအကြိမ် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်
EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၂
EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၂
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်မှ ကလောင်ရှင်နှစ်ဦးကို နိုဝင်ဘာ ၉ ရက်နေ့က ဒုတိယအကြိမ် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည်။
- အဆိုပါနှစ်ဦးမှာ ကလောင်ရှင် မီးမီးနှင့် ကလောင်ရှင် ချိုမောင်တို့ဖြစ်ပြီး ကွန်ရက်အတွင်း ဖော်ပြထားသည့် သတင်းများနှင့် ဆောင်းပါးများအနက်မှ ၎င်းတို့နှစ်ဦး ရေးသားဖော်ပြခဲ့သည့် သတင်းများကို မိဘပြည်သူက အများဆုံးဝင်ရောက်ကြည့်ရှု ခဲ့သဖြင့် ဂုဏ်ပြုဆုငွေပေးအပ်ရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။
- "ကျွန်တော်တို့ သတင်းကွန်ရက်ထဲမှာ ပါဝင်ဆောင်ရွက် နေသူအားလုံးက ကြိုးစားကြပါတယ်။ အဲထဲကနေ မိဘပြည်သူတွေရဲ့ ဝင်ရောက်ကြည့်ရှုမှုအများဆုံး ဖြစ်တဲ့ သတင်းရေးသားသူ ကလောင်ရှင်နှစ်ဦးကို ရွေးချယ်ပြီး ဂုဏ်ပြုပေးတဲ့သဘောပါ။ ဒါကလည်း မိဘပြည်သူတွေရဲ့ ရွေးချယ်မှုပါပဲ"ဟု ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် တာဝန်ခံ ဦးမင်းမင်းဦးက ပြောသည်။
- "ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်ကို အမှန်တရားနှင့် ပြည်သူ့အကျိုးကို စောင့်ရှောက်ရန်၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်သော ပြည်သူ့အသံ ပြည်သူဆန္ဒကို အခြေခံကျကျ ဖော်ထုတ်နိုင်ရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း" ယင်းကရှင်းပြသည်။
- ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် မိသားစုဝင်များဖြစ်သည့် ဦးတိန့်ဆောင်က "လိုင်စင်မဲ့ကားများကို ပညာပေးကာလ ကျော်လွန်ပါကပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခွင့်မပြုတော့ ပြည်နယ်ဝန်ကြီးချုပ်ပြော" သတင်းရေးသားသူ ကလောင်ရှင် မီးမီးအား လည်းကောင်း၊ "မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်" သတင်းရေးသားသူ ကလောင်ရှင် ချိုမောင် အား လည်းကောင်း ကလောင်ရှင် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
- ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်ကို လွန်ခဲ့သည့် ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး EPNPageတွင်မိဘပြည်သူများဝင်ကြည့်၍Like&Shareအများဆုံးပေးခံရသောသတင်းကလောင်ရှင်များအားရွေးချယ်၍ EPN ကလောင်ဆုကို ဒုတိယအကြိမ်မြှောက်ဂုဏ်ပြုဆုငွေပေးအပ် ချီးမြင့်ခြင်းဖြစ်သည်။
- ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)Page မှကချင်ပြည်နယ် အတွင်းရှိ ထူးခြားသတင်းများကို မိဘပြည်သူများထံ အမှန်အတိုင်း နေ့စဉ်မပျက် တင်ဆက်ဖော်ပြပေးလျက်ရှိသည်။



Comments
Post a Comment