ဗန်းမော်မြို၌ ကဗျာဆရာကြီး ဗန်းမော် ညို နွဲ့ ရုပ်တုဖွင့်ပွဲကျင်းပ



ဗန်းမော်မြို၌ ကဗျာဆရာကြီး ဗန်းမော် ညို နွဲ့ ရုပ်တုဖွင့်ပွဲကျင်းပ

EPN
ဗန်မော် နိုဝင်ဘာ ၁၅

  •               ကချင်ပြည်နယ်  ဗန်းမော် မြို့ တွင် စာပေဗိမ္မာန်စာပေဆုရ စာရေးဆရာ ကဗျာဆရာ  ဗန်းမော်ညို နွဲ့  ၏ ရုပ်တုဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့  နံနက်  ၉ နာရီ က အမှတ်  ၁  အခြေခံပညာ အထက်တန်းကျောင်း ၌ ကျင်းပခဲ့ သည်။

  • ကချင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထွန်းတင်၊ပြည်နယ်လျှပ်စစ် လမ်းပန်း ဝန်ကြီး ဦးဝင်းညွန်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး  ဦးနေဝင်း ၊ြုပည်နယ်  အခွန်စီမံ ဘဏ္ဍာဝန်ုကြီး ဦးဝေလင်း ကျောင်းအုပ် ဆရာကြီး ( ငြိမ်း ) ဦး ထွန်းမောင် တို့   က ကျောင်းဝင်းအတွင်းရွှေရတု စာကြည့်တိုက်ရှေ့တွင် စိုက်ထူသော ကဗျာဆရာကြီး ဗန်းမော်ညို နွဲ့ ၏ ရုပ်တုအား ဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ ကြသည် ။

  •       ဆက်လက်၍ အောင်တံခွန်းမ၌  ဖွင့်ပွဲအခမ်းအနား  ကျင်းပခဲ့ရာ  ကျောင်းသားကျောင်းသူလေးများက ဗန်းမော်ညို နွဲ့  ကိုယ်တိုင်စပ်ဆို ခဲ့သော   " အထက ၁ ကျောင်း " သီချင်း ဖြင့် သီဆို ၍ဖွင့်လှစ်ကာ ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထွန်းတင်က အမှာစကား ပြော ကြား ခဲ့ င်္ပြီး  ကျောင်းသား ကျောင်းသူလေးများ က "ရိုးမ"သီချငိးဖြင့်တေးသရုပ်ဖေါ် ကပြခဲ့ ကြ သည်။ 



  •  ထိုနောက် ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထွန်းတင် နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက အလှူ ရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ များပေးအပ်ခဲ့ ကြ ၍   ဆရာမကြီး ဒေါ်စံမေ ( ရွှေကူ မေနှင်း) ကဗန်မော်ညို နွဲ့  ပညာရေး ဖေါင်ဒေးရှင်းသို့ ငွေကျပ် နှစ်သိန်းလှူဒါန်း ပေးအပ်ခဲ့ရာ  ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ  ဦးတင်အာင်က လက်ခံယူ ပြီး မန်းပြည်တံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ကကွန်ပြူတာ အုပ်စုံနှင့် ပရင်တာတစ်လုံးပေးအပ် လှူဒါန်းခဲ့ ရာ အထက  ၁ ကျောင်းအုပ် ဆရာမ ကြီးဒေါ်ခွါညို မှလက်ခံ ယူသည်။

  •       ဆက်လက်၍ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက မြို့ နယ်အတွင်းရှိ အခြေခံ ပညာကျောင်း များအတွက် ကျောပိုးအိပ် နှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ရာခရိုင်ပညာရေးမှူးဦးနော်တောင် ကလက်ခံ ယုခဲ့ သည်။ထိုနောက်   ကဗျာဆရာ ဗန်းမော် ညို နွဲ့ ၏ အတ္ထုပ္ပတ္တိ ကို   ဒေါက်တာထက်အောင် ကဟောပြော ခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက ဇာတိမာန် သီချင်း ဖြင့် ဂုဏ်ပြု သီဆို ဖျော် ဖြေ  ခဲ့  ကြသည်။

  •        "မျိုးဆက်သစ်ကျောင်းသားကျောင်သူများ မှ ဆရာကြီး၏ ရိုးသား  ကြိုးစာမှု ၊စာပေထူးချွန်မှု အတုယူ နိုင်ကြစေရန် ၊ မြန်မာစာပေ ကို ချစ်မြတ်နိုးစေရန်၊ဘက်စုံထူးချွန်သောကျောင်းသာကျောင် သူများပေါ်ပေါက် လာစေရန် ၊ဆရာကြီးအား ထာဝရသတိ ရကြစေရန် ၊အစရှိသည့်ရည်ရွယ်ချက် များ ဖြင့် ဗန်းမော် ညို နွဲ့  ၏ ရုပ် တု ကိုကျောင်းအတွင်း ၌စိုက်ထူ ၍  ဖွင့်လှစ်ရခြင်း ဖြစ်ကြာင်း " ရုပ်တု ဖွင့်ပွဲ  ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦတင်အောင်( အထက ၁ 'ကျောင်းအုပ် ဆရာကြီး- ငြိမ်း )ကပြောသည်။

  •        ဗန်းမော်ညိုနွဲ့ သည် ၁၉၂၂ ခုနှစ်ဒ်ီဇင်ဘာ၂၇ တွင် ဗန်းမော်မြို့ ၌  မွေးဖွါးခဲ့၍  ၂၀၀၉ ခုနှစ် နို ဝင်ဘာ ၁၂ ရက်တွင် ကွယ်လွန်ခဲ့ ကြောင်း။ကွယ်လွန်ချိန်မှာအသက် ၈၇  နှစ်ရှိကြောင်း ။ဗန်းမော်အထက ၁ အထက်တန်းပြ ဆရာ ဘဝမှ ၁၉၈၂ နှစ်တွင် ပင်စင် ယူခဲ့ ကြောင်း၊မြန်မာမှု ၊မြန်မာ့စရိုက်၊မြန်မာလ့ဓလေ့ ၊ဇာတိမာန်စာပေနှင့် မြန်မာ့ကျေူးလက်ရိုးရာယာဉ်ကျေးးမှု များကိုအခြေခံကာကဗျာ ပုဒ်ရေ  ၁၀၀၀ ကျော် ဆောင်းပါး  ၃၀ ကျော်၊ ဝတ္ထုတို ၂၀ ကျော် ရေးသားခဲ့ကြောင်း ၁၀ တန်း မြန်မာစာ ကဗျာစာအုပ် တွင်ပြဌာန်းခဲ့ သော ""လက်ဖက်ရည်ကြမ်းဝိုင်း ""  ကဗျာကို ရေးသားခဲ့သူဖြစ်ကြောင်း ။ ၁၉၆၅ ခုနှစ် တွင်"အရုဏ်ဦး ကဗျာ " ဖြင့် စာပေဗိမ္မာန် ၏ အနု ပညာ ဆိုင်ရာကလေးသူငယ် စာေ ပထမ ဆု  ရရှိ ခဲ့သူဖြစ်ကြောင်း  ကို ရုပ်ထုကိုဖွင့် ပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှသိရှိရသည်။

                                                                       ဗန်မော်သုခမိန်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ