နမ္မတီးမြို့တွင် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရမိ



နမ္မတီးမြို့တွင် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရမိ
EPN
မိုးကောင်း နိုဝင်ဘာ ၁၄
  • မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်းသတင်းအရနမ္မတီးမြို့အ..ကနှင့်တိုက်န့ယ်ဆေးရုံသွားလမ်းထောင့်တွင်ထိုင်နေသူကိုရှာဖွေစစ်ဆေးရာမှဖမ်းဆီးရမိခြင်းဖြစ်သည်။
  • ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမ္မတီးမြို့တွင်နိုဝင်ဘာ ၁၄ နံနက် ၁၀နာရီက နမ္မတီးတိုက်နယ်စခန်းမှူးရဲအုပ်ဇော်လွန်းအောင်ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်မူးယစ်တပ်ဖွဲ့စု()မိုးညှင်းမိုးကောင်းလှုပ်ရှားအဖွဲ့မှတကကတင်သန်းပူးပေါင်း၍လမ်းထောင့်အုတ်ခုံပေါ်ထိုင်နေသောကံလှကျေးရွာနန့်ယားရပ်ကွက်မိုးကောင်းမြို့နယ်၌နေထိုင်သူခင်မောင်စိန်()အိုက်ခမ်း(၂၆)နှစ်ကိုမသင်္ကာသဖြင့်သက်သေများဖြင့်ရှာဖွေစစ်ဆေးရာ၎င်းဝတ်ဆင်ထားသောမိုးကာအင်္ကျဘယ်ဘက်အိတ်ကပ်အတွင်းမှ88/1စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၄၁)ပြားကိုတွေ့ရှိသိမ်းဆည်းမိပါသည်။
  • "ဆက်လက်စစ်မေးတော့မြစ်ကြီးနားဘက်ကလာရောင်းတဲ့သူထံဝယ်ထားတဲ့ဆေးပြား(၁၀၀)ထဲကလက်ကျန်ပစ္စည်းလို့သိရပါတယ်/ကွင်းဆက်ကိုဖေါ်ထုတ်ဖမ်းဆီးရရှိရေးဆက်လက်ဆောင်ရွက်နေပါတယ်"ဟုနမ္မတီးတိုက်နယ်စခန်းမှူးရဲအုပ်ဇော်လွန်းအောင်မှပြောပါသည်။
  • မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူခင်မောင်စိန်()အိုက်ခမ်း(၂၆)နှစ်ကိုနမ္မတီးနယ်မြေရဲစခန်းမှမယ()၃၃/၂၀၁၇မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
                                                                          ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ