“အနီးဆုံးလူကို ရန်သူမဖြစ်စေဘဲ မိတ်ဆွေပြုကာယုံကြည်မှုတွေကိုဆက်လက်တည်ဆောက်ကြပါရန် " ဝါရှောင် ဆရာတော်မှတိုက်တွန်း
“အနီးဆုံးလူကို
ရန်သူမဖြစ်စေဘဲ မိတ်ဆွေပြုကာယုံကြည်မှုတွေကိုဆက်လက်တည်ဆောက်ကြပါရန် " ဝါရှောင် ဆရာတော်မှတိုက်တွန်း
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၁၅
- ကချင်လွတ်မြောက်ရေးတပ် KIA မှစုဆောင်းရေးစွဲခြင်း ခံခဲ့ရသော တက္ကသိုလ်ကျောင်းသူ/ သား(၁၃)ယောက် နိုဝင်ဘာ(၁၄)ရက် ည(၇)နာရီအချိန်ခန့်က ဝါရှောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ဆရာတော် အရှင်ဝိဇယ ထံမှသိရသည်။
- အဆိုပါ စုဆောင်းရေးအဆွဲခံရသော ကျောင်းသားများကို KIAမှ နိုဝင်ဘာ(၁၁)ရက်၊ စနေနေ့ ညနေ (၄)အချိန်ခန့်ကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး၊ နောက်တစ်နေ့ တနင်္ဂနွေနေ့ နံနက်(၇)အချိန် ခန့်၌ ကျောင်းသား/သူ (၂၆)ဦး ပထမအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပြီးယခုလွတ်မြောက်လာခြင်းမှာ ဒုတိယ အကြိမ်အဖြစ် လွတ်မြောက်လာကြသူများ ဖြစ်ကြောင်း သိရသည်။
- "ဆရာတော်က ၂၆ရက်နေ့ကလည်း KIA အနေနဲ့ အခုပွင့်လင်းရာသီရောက်ကာရှမ်းနဲ့ ကချင်လူမျိုး တို့ရဲ့နှစ်သစ်ကူးနဲ့ခရစ်မတ်ပွဲတွေ ဘာသာရေးပွဲတွေပြုလုပ်ကြတော့မှာမို့ ပြည်သူလူထုကို ခြိမ်းခြောက် ကြောက်လန့်မှုတွေ မပြုလုပ်ဖို့ရယ် ကချင်ဘာသာရေးနဲ့လူမှုရေးအသင်းအဖွဲ့ကလည်း KIAကို ဝိုင်းဝန်း တိုက်တွန်းပေးဖို့ အထူးလိုအပ်နေပါတယ်!အဓိကကတော့ အနီးဆုံးလူကို ရန်သူမဖြစ်စေဘဲ မိတ်ဆွေပြု ကာယုံကြည်မှုတွေကိုဆက်လက်တည်ဆောက်ကြပါလို့ ရှမ်းနှစ်သစ်ကူးနဲ့ခရစ်စမတ်အကြို မေတ္တာစကားလက် ဆောင်ပါးချင်ပါတယ်!ငြိမ်းချမ်းမှုကို ပြည်သူတွေအတွက် လက်ဆောင်ပြန်ပေးပါလို့"ဟု ဝါရှောင်ဆရာတော် အရှင်ဝိဇယ မှတိုက်တွန်းမိန့်ကြားခဲ့သည်။
- အဆိုပါ ကျောင်းသားများ လွတ်မြောက်လာသည့်အတွက် ကျောင်းသားမိဘများနှင့် ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်ရကြောင်း။၎င်းအပြင် ထိုသို့အဆင်ပြေချောမွေ့စွာ လွတ်မြောက်လာခြင်းသည် ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အတွက် ငြိမ်းချမ်းရေးအတွက်လမ်းစနှင့် နိမိတ်လက္ခဏာပင် ဖြစ်နိုင်ကြောင်း ၄င်းဒေသခံများမှ သုံးသပ်ပြော ကြားသည်။
- “အရမ်းကို ကောင်းတဲ့ကုသိုလ်ကောင်းမှု အလုပ်တစ်ခုလို့ပြောချင်တယ်။ ကလေးတွေရဲ့မိဘတွေနဲ့ ထပ်တူလဲဝမ်းသာပါတယ်။ အဓိကတစ်ခုပြောချင်တာက ဒီကိစ္စဟာ ရိုးရိုးကိစ္စဖြစ်စဉ်တစ်ခု မဟုတ်ဘူးလို့ မြင်မိတယ်။ ဒါဟာ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလမ်းစနဲ့ နိမိတ်လက္ခဏာများ ဖြစ်လေ မလားလို့ သုံးသပ်မျှော်လင့်မိပါတယ်။” ဟု ဝိုင်းမော်မြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦကမ်ဖန် ကပြောသည်။
- ယခုလွတ်မြောက်လာသော ကျောင်းသားအားလုံးကို သက်ဆိုင်ရာအိမ်များသို့ အရောက်လိုက် လံပို့ဆောင် ပေးခဲ့ပြီးဖြစ်သောကြောင့်ချောချောမောမောရောက်ရှိသွားပြီဖြစ်သည်ဟု သိရသည်။
- “ဒီတစ်ခေါက် ထူးခြားချက်က ဆဒုံးဗျူဟာမှူးနဲ့ ဝါရှောင်ဒုတပ်ရင်းမှူးတို့ကိုယ်တိုင်ကိုယ့်ကိုအကူအညီ တောင်းခြင်းပါပဲ။ ငြိမ်းချမ်းစွာပြေလည်ချင်ပါတယ်၊ အရှင်ဘုရား ကူညီပေးပါဆိုလို့ PCG က ဦးဂွမ်ဂျာ ကိုပြန် ပြောရပါတယ်။ (၁၂)ရက်နေ့က (၂၆)ယောက်လွတ်ပေမဲ့ ကျန်နေတဲ့သူကျန်နေတာကို ကူပေးပါဦးလို့ ပြော တော့ သူနဲ့ကိုယ်နဲ့ အတော်ကြီးကို ရင်တမမနဲ့ လှုပ်ရှားလိုက်ရတာ အခုမှ စိတ်ဒုံးဒုံးချရပါတော့တယ်။” ဟု ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာမှ ဆရာတော် အရှင်ဝိဇယ ကမိန့်ကြားသည်။
- ဆက်လျ-က်၍ဝါရှောင်ဆရာတော်မှလည်း ယခုဖြစ်စဉ်၌ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြသော အဖွဲ့အစည်း အားလုံးကို သာဓုခေါ်ဆိုပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း ဆက်လက်မိန့်ကြားခဲ့သည်။
- “ဝိုင်းဝန်းကူညီကြပါသော တပ်၊ ရဲ၊ စရဖ၊ PCG နဲ့ ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို မေတ္တာဖြင့် အထူးဝမ်းမြောက် သာဓုခေါ်ပါကြောင်း သိစေအပ်ပါတယ်။ အခုဆို နယ်လုံဝန်ကြီးနဲ့ အစိုးရအဖွဲ့ကလည်း ကြည်ဖြူစွာ ဝိုင်းဝန်းကြိုဆို ပေးကြတော့ လွတ်ငြိမ်းမှုတစ်ခုကို အားလုံးပေါင်းပြီး အကောင်းဆုံးလုပ်နိုင်ခဲ့ပြီပေါ့။ all in one ပေါ့။” ဟု ဆရာတော်မှ မိန့်သည်။
- အဆိုပါကျောင်းသား/သူများသည် နိုဝင်ဘာ(၁၁)ရက် စနေနေ့ ညနေ(၄)ခန့်က ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ ဂွေရွတ်ကြိုးတံတားအနီး၌ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းခံရခြင်းဖြစ်ပြီး၊ နောက်နေ့ တနင်္ဂနွေနေ့၊ နံနက်(၇)နာရီခန့်၌ (၂၆)ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ယခု နိုဝင်ဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့်က (၁၃)ဦးကို ထပ်မံလွှတ်ပေးခဲ့သည်ဟု သိရသည်။
ဘရန်ဆိုင်း



Comments
Post a Comment