စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်



စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်လှစ်

EPN
မိုးကောင်း နိုဝင်ဘာ ၂၁

  • စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းကိုသပြေပင်ပရဟိတကျောင်းဓမ္မာရုံတွင် ဖွင့်လှစ်ပါသည်။

  • ကချင်ပြည်နယ်မိုးကောင်းမြို့နန့်ရင်းရပ်သပြေပင်ပရဟိတကျောင်းဓမ္မာရုံတွင်လူမှုဝန်ထမ်းစေတနာ့ဝန်ထမ်း မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းကိုနိုဝင်ဘာ ၂၀ရက် နံနက်ပိုင်းကဖွင့်လှစ်ပါသည်။

  • အဆိုပါသင်တန်းကိုလူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးဒုတိယညွန်ကြားရေးမှူးဦးခင်ထွန်းဦးစီးအရာရှိဦးတင်အောင်မျိုးနှင့်ကုလသမဂ္ဂလူဦးရေရံပုံငွေ(UNFPA)မှ ဒေါက်တာငွားဆာဒွေးတို့မှ ဦးစီးပို့ချမည်ဖြစ်ပြီးမြို့နယ်ရှိဥပဒေဌာန ပညာရေးဌာန မူးယစ်အထူးတပ်ဖွဲ့နှင့် မူးယစ်တိုက်ဖျက်ရေး(SARA) အဖွဲ့များမှလည်းပို့ချမည်ဖြစ်သည်။

  • "ပြန်လည်ထူထောင်ရေးစခန်းတွေမှာ မူးယစ်ဆေးပြတ်ပြီးပြန်လည်ထူထောင်မှုခံယူပြီးတဲ့သူတွေ မူးယစ် ဆေးပြန်လည်မသုံးစွဲအောင်လူမှုဝန်ထမ်းနည်းစံနစ်တွေနဲ့ဖြတ် ကျော်နိုင်ဖို့စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုကိုဖြတ် တောက်ရာမှာကူညီဘို့စေတနာ့ဝန်ထမ်းတွေမွေးထုတ်တာပါ ဒီလိုသင်တန်းတွေပေးခြင်းအားဖြင့် အသင်းအဖွဲ့ တခုဖွဲ့စည်းနိုင်ပြီး ရေရှည်ဆောင်ရွက်နိုင်ဖို့နဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အချက်အလက် ကိုသိရှိနားလည် နိုင်ဖို့ကို"သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြည်နယ်ဒုညွန်ကြားရေးမှူးဦးခင်ထွန်းကပြောပါသည်။

  • အဆိုပါသင်တန်းမှာ နိုဝင်ဘာ၂၀မှ၂၄ရက်ထိ ၅ရက်ကြာသင်ကြားမည်ဖြစ်ပြီး မြို့ပေါ်၁၀ရပ်ကွက်မှ တစ်ရပ်ကွက်နှစ်ဦးနှုန်းရွေးချယ်စေလွှတ်သောစေတနာ့ဝန်ထမ်း(၂၀)ဦးတက်ရောက်ပါသည်။

  • သင်တန်းဖွင့်ပွဲအခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းမြို့နယ်ပညာရေးမှူးဦးသန်းထွန်း မြို့မရဲစခန်းမှူးဒုရဲမှူးသန်းထိုက်ကြက်ခြေနီတပ်ဖွဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ဝန်ထမ်း သင်တန်း သား/သူများတက်ရောက်ပါသည်။

  • မိုးကောင်းမြို့နယ်အတွင်းမူးယစ်ဆေးဖမ်းဆီးရမိမှုမှာ၂၀၁၆ခုနှစ်တွင်၁၄၆မှုရှိပြီး၂၀၁၇ ခုနှစ်တွင်၁၅၂ မှုရှိနေပြီဖြစ်သဖြင့်ယမန်နှစ်ကထက်ဖမ်းဆီးရမိမှုပိုများကြောင်းမိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

                                                          ချိုမောင်






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ