ဆန်းလင်းကုမ္ပဏီကဖီမော်ကျေးရွာအုပ်စုမှချီဖွေတောင်သုံးလုံးလမ်း /လန်းယန်ကျေးရွာအုပ်စုထိ လမ်းအားစတင်ပြုပြင်
ဆန်းလင်းကုမ္ပဏီကဖီမော်ကျေးရွာအုပ်စုမှချီဖွေတောင်သုံးလုံးလမ်း
/လန်းယန်ကျေးရွာအုပ်စုထိ လမ်းအားစတင်ပြုပြင်
EPN
ဖီမော် နိုဝင်ဘာ
၂၄
- ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ဆန်းလင်းကုမ္ပဏီက ဖီမော်ကျေးရွာအုပ်စုမှချီဖွေတောင်သုံးလုံး လမ်း/ လန်းယန်ကျေးရွာအုပ်စုထိ လမ်းအားစတင်ပြုပြင်နေကြောင်း သိရသည်။
- အဆိုပါဆန်းလင်းကုမ္ပဏီသည် ဒေသခံပြည်သူများ သွားလာရေး လွယ်ကူအစဉ်ပြေစေရန်အတွက် ဖီမော်ကျေးရွာအုပ်စုမှ ချီဖွေတောင်သုံးလုံးလမ်း/လန်းယန်ကျေးရွာအုပ်စုထိ လမ်းအား မြေသယ်ယာဉ်နှစ်စီး ၊ဘက်ဖိုးနှစ်စီး၊လိုတာတစ်စီးဖြင့် စတင်ပြုပြင်နေခြင်း ဖြစ်သည်။
- ဆန်းလင်းကုမ္ပဏီဖီမော် တာဝန်ခံ ဦးဇယ်ဒေါင်က"ကျွန်တော်တို့ ဒေသကလမ်းတွေက အခြားဒေသ လမ်းတွေလို မဟုတ်ဘူး။တောင်တက်၊ တောင်ဆင်းတွေများတယ် လမ်းမကောင်းရင် ဒေသခံတွေရော ခရီး သည်တွေပါ အခက်အခဲဖြစ်ပေါ်လာနိုင်တယ်။ဒါကြောင့် ကုမ္ပဏီအနေနဲ့ အများပြည်သူတွေ သွားလာရေး အစဉ်ပြေစေရန်ကုမ္ပဏီက အကုန်အကျခံ ဆောင်ရွက်ပေးနေတာပါ"ဟု ပြောသည်။
- အဆိုပါလမ်းသည် တောင်တက် တောင်းဆင်းများပြီးအကွေ့အကောက်များသဖြင့် ကားသမားများ သတိထားမောင်း သွားလာနေရသော လမ်းဖြစ်ကြောင်းကားသမားများထံမှသိရသည်။
- " ဆန်းလင်းကုမ္ပဏီက ခုလိုသွားလာရေးအစဉ်ပြေအောင် အကုန်းအကျခံပြီး လမ်းပြင်ပေးနေတဲ့ အတွက် ကုမ္ပဏီကို ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ ဒီလမ်းက အရမ်းအန္တရာယ်များတယ်။တောင်တက် တောင်းဆင်းများပြီး အကွေ့အကောက်များလို့ အမြဲတန်းသတိထား ကားမောင်နေရတာ။ ခုလို ကုမ္ပဏီက လမ်းပြင်ပေးနေတာတွေ့ရတော့အတိုင်းမသိဝမ်းသာပါတယ် "ဟု မြစ်ကြီးနား/ဖီမော်လမ်း ပြေးဆွဲနေသော ကားသမားတစ်ဦးဖြစ်သူ ဦးတင်ရွှေ ကပြောသည်။
- ဖီမော်ကျေးရွာအုပ်စုမှ ချီဖွေတောင်သုံးလုံးလမ်း/ လန်းယန်ကျေးရွာအုပ်စုထိ မိုင်ပေါင်း(၃၀)ကျော်အား လမ်းအားပြုပြင်ရာတွင် နှစ်လ၊ သုံးလခန့်ကြာမြင့်ပြီဖြစ်ပြီှးခန့်မှန်းကုန်ကျငွေ တရုတ်ယွင်သိန်းပေါင်း(၂၅)သိန်း ခန့်ကုန်ကျမည်ဟု ဆန်းလင်းကုမ္ပဏီက ခန့်မှန်တွက်ချက်ထားကြောင်း သိရသည်။
- စိုင်းဆိုင်မင်း
Comments
Post a Comment