ရွှေကူမြို့နယ် လယ်တဲပေါ်၌အိပ်နေသောဧည့်သည် အမျိုးသားတစ်ဦးသေဆုံး မှုဖြစ်ပွား
ရွှေကူမြို့နယ်
လယ်တဲပေါ်၌အိပ်နေသောဧည့်သည် အမျိုးသားတစ်ဦးသေဆုံး မှုဖြစ်ပွား
EPN
ရွှေကူ နိုဝင်ဘာ
၁၈
- ကချင်ပြည်နယ် ရွှေကူ မြို့ နယ်ကားလမ်းမကြီးအနီးရှိ လယ်တဲ ပေါ်၌ အိပ်နေသူဧည့်သည် အမျိုးသား တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
- ဖြစ်စဉ်မှာရွှေကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်ဆွေသည် နိုဝင်ဘာ ၁၇ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် စခန်း၌ စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ်ရဲစခန်းအရှေ့ မိုင် ၂၀ ခန့် အကွာဗန်းမော်- မန္တလေး မဟာဗျူဟာ လမ်းမိုင်တိုင်အမှတ် ၁၅၆ အနီး လမ်းဘေးတဲပေါ်တွင်လူတစ်ဦးသေဆုံနေကြောင်းသတင်းရ ရှိ သဖြင့် ရဲဒုတပ်ကြပ် အယ်ထွန်းမြတ် ၊သက်သေ ဇင်းဘုံ ကျေးရွာ ရာအိမ်မှူးဦးဇော်ဌေး ၊ဘုံးပင် တဲစု ဆယ် အိမ် မှူး ဦးကိုကိုဦး တို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တဲပေါ်တွင် သေ ဆုံးနေသည့်အမျိုးသားအလောင်းတွေ့ ရှိခဲ့ကြောင်းတဲအနီး နေထိုင်သူ ဒေါ်ခင်မျိုး ဝင် ၄၅ နှစ် အားမေးမြန်း ခဲ့ရာ နိုဝင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီ ခန့် က မိမိ၏ တဲ သို့ ရောက်လာပြီး ရေတောင်းသောက်ခဲ့ပြီးနောက်နေ့ နံနက်ပိုင်းတွင် တဲပေါ်၌ သေဆုံးနေသည်ကိုတွေ့ ရှိရသဖြင့် တဲအနီးချင်းနေထိုင်သူ ကိုနော်မျိုးထွန်း၊ကိုလှဟန် တို့ကို အသိပေး ၍ သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့သည်ဟု ရဲစခန်းမှတ်တမ်း အရ သိရ သည် ။
- အလောင်းအားစစ်ဆေးခဲ့ရာ သေဆုံးသူ ခေါင်းရင်းရှိခရီးဆောင်အိပ်အတွင်းမှ အရက်ထည့်ထားသည့် အောင်မြင်သူ တံဆိပ်ပါ ရေသန့်ဗူး တစ်ဗူး နှင့်မျိုးအောင်၃၀ နှစ်(ဘ) ဦးမောင်တူး ၊၅ / အတန(နိုင်) ၀၇၅၈၁၃ တောင်ဖီလာကျေးရွာ အင်းတော်မြို့ နယ် နေသူဟု ရေးသားထားသည့် ရထားလက်မှတ် တစ်စောင် တို့ကိုတွေ့  ရှိရကြောင်း မျိုးအောင်မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရ ဘဲအအေးပတ်၍သေဆုံးနေသည်ကိုတွေရှိရ သဖြင့် ရဲဆေးစာနှင်အတူလောင်းအားရွှေကူပြည်သူ့ ဆေးရုံ သို့ ပိုအပ် ခဲ့ကြသည်။
- စခန်းမှူးဒုရဲမှူးမြင့်ဆွေက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မြို့ မရဲစခန်း ကသေမှုသေခင်းအမှတ်စဉ် ၂၀ /၂၀၁၇ ဖြင့်အမှုဖွင့်၍ မျိုးအောင်သေဆုံးခြင်းသည်ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲ လုပ်ထုံးလုပ်နည်း နှင့်အညီစစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ဗန်းမော်သုခမိန်

Comments
Post a Comment