ဗန်းမော်မြို့ တွင် စိန်ကိုလန်ဘန်သာသနာပြု အသင်းဂိုဏ်း နှစ်(၁၀၀)ပြည့် ဂျူဘီလီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ဗန်းမော်မြို
့တွင် စိန်ကိုလန်ဘန်သာသနာပြု အသင်းဂိုဏ်း နှစ်(၁၀၀)ပြည့် ဂျူဘီလီပွဲတော် စည်ကားသိုက်မြိုက်စွာ
ကျင်းပ
EPN
ဗန်းမော်၊
နိုဝင်ဘာ ၁၉
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စိန်ကိုလန်ဘန်သာသနာပြုအသင်းဂိုဏ်းနှစ်(၁၀၀)ပြည့် ဂျူဘီလီပွဲတော်ကို ပေါက်ကုန်းရပိကွက် ကုက္ကို တော ရပ် စိန်ပတ်ထရိတ်ဘုရားရှိခိုးကျောင်း ၌ နိုဝင်ဘာ၁၇ -၁၈ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
- နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီတွင် စိန့်ပတ်ထရိတ်ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာဂျွန်းလထော်ဇော်ဒွဲ မှ အဖွင့်ဆုတောင်း ပေးခဲ့ ပြီး မန္တလေးဂိုဏ်းချုပ်သာသနာ ဆရာတော်ပေါလ်ဇုံထုံးဂရောင်နှင့် ဗန်းမော်ဂိုဏ်းချုပ်သာသနာဆရာတော်ရေမွန်ဆွန်းလွတ်ဂန်၊ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာဂျွန်းလထော်ဇော်ဒွဲ တို့က မနောကွင်း အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေး ခဲ့ကြသည်။
- အဆိုပါ ပွဲတော်သို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း၊ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်၊ ဗန်းမော်တပ်နယ်မှ နည်းဗျူဟာမှူိးုဒုတိယမှူးကြီးမြင့်ဟိန်း၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရေးမှူးဦးထွေးမြင့်၊ ဗန်းမော်တပ်နယ်မှ နည်းဗျူဟာမှူိးုဒုတိယမှူးကြီးမြင့်ဟိန်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ များ၊ ကတ်သလစ်ဘာသာဝင် တိုင်းရင်း သား၊ ကျောင်းသူများ စုစုပေါင်းအင်အား( ၁၅၀၀ ) ကျော် တက်ရောက်ခဲ့ကြသည် ။
- ညနေ ၄ နာရီ မှ ၆ နာရီအထိ ကချင် တိုင်းရင်းသား ရိုးရာမနောအက တပျော်တပါးစုပေါင်း ဆင်နွှဲခဲ့ကြပြီး ညပိုင်းတွင်ကချင်တိုင်းရင်းသာရိုးရာအက ။ရိုးရာသီချင်းများ သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
- ဗန်းမော်မြို့ တွင် စိန်ကိုလန်ဘန်သာသနာပြုအသင်းဂိုဏ်း သာသနာပြုစတင်ခဲ့တာ နှစ်(၁၀၀)ပြည်ခဲ့သည့်အတွက် နှစ်တစ် ရာပြည့် အထိမ်းအမှတ်ပွဲ တော် ကျင်းပ ရ ခြင်းဖြစ် ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ တစ်ဦးက ပြောသည်။
- " နှစ် တစ်ရာ ပွဲ တော်မှာမနောက ရတာ သိပ်ပျော်တယ် ။နှစိပေါင်းများစွာ ကွဲကာနေရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့  ကြရလို့ လည်း ပို၍ ပျော်ပါတယ်။စုပေါင်းကြ က ရ တဲ့အတွက် တိုင်းရင်သားစည်းလုံးညီညွတ်မှု ကိုလည်းပေါ်လွင်စေပါတယ် ။ လူကြီးလူငယ်တွေသာမကက လေးသူငယ်များလည်ပါဝင်ကပြကြတဲ့ အတွက် ရင်ထဲ မှာဝမ်းသာပျော် ရွှင်မိပါတယ် " ငြိမ်းချမါးရေးရပါစေ လို့ ဆုတောင်းမိပါတယ် ။ငြိမ်းချမ်းရေးရရင်မနောပွဲတွေများများကရမယ် " ဟု မနောကပဲင်္ွ တွင်ပါဝင်က ပြခဲ့ သူဗန်းမော်သူ ဒေါ်ဘောက်တောင် က ပြောသည်။
ဗန်းမော် သုခ မိန်

Comments
Post a Comment