ပူတာအိုမြို့၌ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအထူးတရားပွဲ ကျင်းပမည်



ပူတာအိုမြို့၌ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအထူးတရားပွဲ ကျင်းပမည်

EPN
ပူတာအို နိုဝင်ဘာ ၂၅


  • ကချင်ပြည်နယ် ပူတာအိုမြို့၌ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအထူးတရားပွဲကြီးကို ဒီဇင်ဘာ 7 ရက် 8 ရက်နေ့ညများတွင် ငါးနေရာခွဲ၍ နှစ်ညတိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

  • "ကချင်ပြည်နယ် ငြိမ်းချမ်းရေးအထူးတရားပွဲများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ           ရေဦးဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်ကြွရောက်မည် " ဟု ရေဦးဆရာတော်ဘုရား ကြီး၏ တပည့်ဖြစ် သူပစ္ဆာသမဏဘဒ္ဒန္တဓမ္မိဿရ(သဒ္ဓမ္မဇောတိကဓဇ )မှ"မိန့်ကြားတော်မူသည်။

  • အဆိုပါတရားပွဲကို ၁။ဘဒ္ဒန္တဥတ္တမဥာဏာဘိဝံသနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ                 ရေဦးဆရာတော်ဘုရားကြီး၊၂။ဘဒ္ဒန္တစန္ဒိမာဘိဝံသ အကျိုးတော်ဆောင်ချူပ်သန်လျင်မင်း ကျောင်းဆရာတော၊် ၃။ ဒေါက်တာအရှင်တေဇောသာရာဘိဝံသနိုင်ငံတော်သံဃမဟာနာယက မိုးကုတ်မြို့ညောင်သုံးပင် ကျောင်း ဆရာတော်၊၄။ ဘဒ္ဒန္တနန္ဒာလင်္ကာရ  နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်သုံးခွမြို့ ရေလည်ကျောင်းဆရာတော်၊၅။ ဘဒ္ဒန္တကေတုမာ ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ဝင် ကော့မှူးမြို့ အောင်ဇမ္ဗူပရဟိတကျောင်း ဆရာတော်ဘုရားကြီးများကိုယ်တိုင်ကြွရောက်၍ ငြိမ်းချမ်းရေးအတွက် ပူတာအိုမြို့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး အထူးတရားပွဲကြီးတွင် တရားဟောမည်ဖြစ်ကြောင်း သိရသည်။

  • "ကချင်ပြည်နယ်ငြိမ်းချမ်းရေးအထူးတရားပွဲကြီးကိုပူတာအိုမြို့၌ သွားလာရေးအစဉ်ပြေစေရန် (၅) နေရာခွဲ၍ နှစ်ညတိုင်တိုင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေပါတယ်" ဟု တရားပွဲဖြစ်မြှောက်ရေးကော်မတီမှ ဦးစိုင်းထွန်းရင် က ပြောသည်။

  • ငြိမ်းချမ်းရေးအထူးတရားပွဲကြီးဖြစ်မြောက်အောင်မြင်ရေးအတွက် နှစ်ဖက်သောမိဘများကို ရည်စူး/ အမှူးထား၍ ဦးဝင်းမင်းလတ်( ခ ) လပြည့်+ဒေါ်စွဲ့ဖီလာ သမီး စွဲ့ဖြိုးပြည့်သီရိ ။သား စိုင်းဘုန်းမင်းခန့်  ပြည့်ပြည့်စက်သုံးဆီဆိုင်နှင့်ဘုန်းမင်းခန့်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ပူတာအိုမြို့မှ အကုန်အကျခံ လှူဒါန်းကြောင်းသတင်းရရှိသည်။






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ