မိုးညှင်းမြို့အ၀င်တွင်ကျွန်းရွက်ဖြင့်ထုတ်ကာဘိန်းဖြူမှုန့်သယ်ဆောင်သူကိုဖမ်းဆီးမိ



မိုးညှင်းမြို့အ၀င်တွင်ကျွန်းရွက်ဖြင့်ထုတ်ကာဘိန်းဖြူမှုန့်သယ်ဆောင်သူကိုဖမ်းဆီးမိ

EPN
မိုးညင်း နိုဝင်ဘာ၁၆

  • မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်သူများအား ရှာဖွေဖမ်းဆီးနေရာ မူးယစ်ဆေး သယ်ဆောင်သူများက ပုံမှန်သယ်ယူသည့်ဆပ်ပြာခွက်ဖြင့်မသယ်ယူကြတော့ဘဲ  ကျွန်းပင်မှ ကျွန်းရွက်ဖြင့်ထုတ်ကာဘိန်းဖြူမှုန့်သယ်ဆောင်နေကြကြောင်းမိုးညှင်းမြို့မရဲစခန်းစခန်းမှူးဒုရဲမှူးထွန်းမြင့်အောင်ကပြောသည်

  • မူးယစ်ဆေးတွေကို ပုံစံပြောင်းပြီးနည်းမျိုးစုံနဲ့ သယ်ယူနေကြလို့ အချိန်မှီဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေပါတယ်  ရဲတပ်ဖွဲ့အနေနဲ့ လှည့်ကင်း ပတ်ကင်းတွေနဲ့ ရှာဖွေဖမ်းဆီးနေပါတယ် အခုလည်းမနက်စောစောလှည့်ကင်းအဖွဲ့ကမင်္သကာလို့ရှာဖွေဖမ်းဆီးခဲ့တာပါ ဟု မိုးညှင်းမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးထွန်းမြင့်အောင်ကပြောသည်

  • အဆိုပါဖမ်းဆီးမှုသည် မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ ရဲအုပ်ဇော်မျိုးထွန်းနှင့် မူးယစ်တပ်စု(၃)မှရဲတပ်ဖွဲ့ဝင်များသည်  နိုဝင်ဘာ၁၆ရက်နေ့မနက်၅နာရီအချိန် ကလှည့်ကင်းဆောင်ရွက်နေစဉ် မော်ဟန်ကျေးရွာဘက်မှ မိုးညှင်း မြို့ဘက်သို့ မသင်္ကာဖွယ် Canda  125 နီ နက်ရောင် ဆိုင်ကယ်စီးလာသူအားရှာဖွေခဲ့ရာ မူးယစ်ဆေးများကို ကျွန်းရွက်(၂)ရွက်ဖြင့် ထုတ်ပြီး တိတ်အမဲဖြင့်ပတ်ကာ သယ်ဆောင်နေသည်ကိုတွေ့ရှိသဖြင့်ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

  • ဆိုင်ကယ်စီးလာသူမှာမိုးကောင်းမြို့ပင်းကျိုင်းကျေးရွာနေ  အသက်(၃၉)နှစ်ရှိကျော်နိုင်ဆိုသူဖြစ်ပြီး ၎င်း၏ဆိုင်ကယ်တူးဘောက်အတွင်းကျွန်ရွက်ဖြင့်ထုပ်ထားပြီးတိပ်အမဲပါတ်ကာ ပလပ်စတစ်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆသော ကာလတန်ဖိုး ကျပ်(၇)သိန်းဖိုး ရှိ  ဖြူ/၀ါ အမှုန့်  အလေးချိန်  ( ၁၀)ဂရန်ပါ(၁)ထုပ် အားတွေ့ရှိခဲ့သည်ဟုဆိုသည။်

  • ကျော်နိုင်အားစစ်ဆေးမေးမြန်းရာ မော်ဟန်ကျေးရွာမှ နမ္မချီမှော်ဘက်သို့သွားရာကားလမ်းအနီးတွင်အသက်(၃၀)ခန့်ရှိကချင်အမျိုးသားတစ်ဦးထံမှသုံးစွဲရန်နှင့်ပြန်လည်ရောင်းချရန်ကျပ်(၃)သိန်းဖိုးဝယ်ယူခဲ့သည်ဟုအမှုစစ်ထံမှသိရသည်။

  • မူးယစ်ဆေးနှင့်အတူဖေမ်းဆီးမိခဲ့သောကျော်နိုင်ဆိုသူကို မယပ  ၁၅၆  မူးစိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့်မိုးညှင်းမြို့မရဲစခန်းတွင်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်

                                                                 သီဟ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ