ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိနိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်
ပြည်ခိုင်ဖြိုးပါတီမှ
လက်ရှိနိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်
EPN
မြစ်ကြီးနား၊ နိုဝင်ဘာ၁၄
- ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိနိုင်ငံရေး အခြေအနေ ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ သိရသည်။
- အဆိုပါပွဲ၌ ယနေ့နိုင်ငံတော်၏ လုံခြုံရေး၊ စီးပွားရေး ၊အုပ်ချုပ်ရေး ၊ တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဝင် ၅၀ဦးခန့်တက်ရောက်ခဲ့ကာမြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲမှအသံ
**************
ဦးစိုးသိန်း(အတွင်းရေးမှုး)
ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ
``ဒီအစိုးရလက်ထက်မှာ
တရားဥပဒေစိုးမိုးရေး၊အခြေ ခံဥပဒေ ပြင်ဆင်ရေးနဲ့ငြိမ်းချမ်းရေး ဆိုပြီးကြွေးကြော်ခဲ့ကြတယ်
ဘာတွေအောင်မြင်လာသလဲ ပြည်သူတွေ စားဝတ်နေရေး တိုးတက်အောင် လုပ်စရာတွေ အများကြီးရှိရဲ့သားနဲ့
ပဲစားပွဲတော်၊ကြက်သားစားပွဲတော်နဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ လုပ်နေတာက တိုင်းပြည်နစ်နာတယ်´´ဟု ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏
အတွင်းရေးမှုး ဦးစိုးသိန်းကပြောသည်။
ဦးညွှန့်ဝင်း(ဥက္ကဌ)
မြစ်ကြီးနားမြို့နယ်
ပြည်ခိုင်ဖြိုးပါတီ
- ယခင်အစိုးရ လက်ထက်၏ ငါးနှစ်သက်တမ်းကာလတွင် NCAလက်မှတ်ထိုးသည့် အဖွဲ့ရှစ်ဖွဲ့ရှိခဲ့ပြီး ယခုအစိုးရ၏ နှစ်နှစ်တာကာလ NCAတွင် တစ်ဖွဲ့မှ ပါဝင်လာခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍လည်း အားရမှု့မရှိကြောင်း မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွှန့်ဝင်းကပြောသည်။
ဦးသန်းအောင်
ပြည်ခိုင်ဖြိုးပါတီဝင်
- ``နိုင်ငံရေး သမိုင်းကြောင်းကိုသိမှ နိုင်ငံရေး လုပ်လို့ရမယ်၊အတွေ့အကြုံ မရှိတဲ့သူတွေနဲ့ လုပ်နေရင် ငြိမ်းချမ်းရေး ကဝေးနေဦးမှာပဲ´´ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းအောင်ကပြောသည်။
အဆိုပါပွဲတွင်
စီးပွားရေးအနေနှင့် ယခုအစိုးရသက်တမ်း၂နှစ်ကာလတွင် ယခင်အစိုးရသက်တမ်း၅နှစ်ထက် လိုငွေပိုပြခဲ့ပြီး
ပြည်သူတစ်ဦးချင်းစီ၏ အကြွေးမှာလည်း ပိုများလာခဲ့ကြောင်း အချက်အလက်များဖြင့် ဆွေးနွေးခဲ့ကြသည်။
မီးမီး



Comments
Post a Comment