ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှနိုင်ငံရေးပါတီများသဘောထားထုတ်ပြန်ချက်နှင့် ကြေငြာ ချက် များထုတ်ပြန်သည့်အခါများ၌ ကော်မရှင်သို့ မိတ္တူတစ်စောင် ပေးပို့ရမည်ဟုအကြောင်းကြားစာပေးပို့ထား မှုအ ပေါ် ကချင်နိုင်ငံရေးပါတီများ၌ သဘောထားအမြင်အမျိုးမျိုးကွဲလွဲလျှက်ရှိပြီး၊ ကော်မရှင်မှ ပါတီများအပေါ် စတင်ထိန်းချုပ်လာသည့်သဘောဖြစ်ကြောင်းသုံးသပ်နေမှုများကိုလည်း တွေ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှနိုင်ငံရေးပါတီများသဘောထားထုတ်ပြန်ချက်နှင့်
ကြေငြာ ချက် များထုတ်ပြန်သည့်အခါများ၌ ကော်မရှင်သို့ မိတ္တူတစ်စောင် ပေးပို့ရမည်ဟုအကြောင်းကြားစာပေးပို့ထား
မှုအ ပေါ် ကချင်နိုင်ငံရေးပါတီများ၌ သဘောထားအမြင်အမျိုးမျိုးကွဲလွဲလျှက်ရှိပြီး၊ ကော်မရှင်မှ
ပါတီများအပေါ် စတင်ထိန်းချုပ်လာသည့်သဘောဖြစ်ကြောင်းသုံးသပ်နေမှုများကိုလည်း တွေ့ရသည်။
EPN
မြစ်ကြီးနား၊
နိုဝင်ဘာ ၂၀
ဦးအောင်ခမ်း
-ဥက္ကဌ
ကချင်ဒီမိုကရက်တစ်ပါတီ(KDP)
ကော်မရှင်ဆိုတာအစိုးရကတဆင့်
လုပ်ဆောင်ခိုင်းခြင်းဖြစ်ပါတယ်။ အစိုးရကနေပါတီ
တွေရဲ့သဘောထားတွေကိုပထမအဆင့်အနေနဲ့ ထိန်းချုပ်လာတဲ့သဘောဖြစ်ပါတယ်။ နောက်တ ချက်က
ကျနော်တို့ရဲ့ သဘောထားတွေကိုရယူပြီးမှ သူတို့ရဲ့
မဟာဗျူဟာထဲမှာ ပြန်အသုံးပြုနိုင်ဖို့ အားသာချက်၊ အားနည်းချက်တွေကိုရှာဖို့ဖြစ်ပါတယ်။
နောက်တစ်ချက်ကအရေးယူတဲ့အချိန်မှာဘယ်လိုမျိုး အရေးယူနိုင်မလဲ ဆိုတာစတင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့
ကျနော်ကတော့ ဒီလိုပဲမြင်ပါတယ်။ ကော်မရှင် အနေနဲ့ပါတီတွေရဲ့ ထုတ်ပြန်ချက်နဲ့ကြေငြာချက်တွေကိုတိုက်ရိုက်မပို့ခိုင်းလဲတစ်နည်းတစ်ဖုံနဲ့
ရနိုင်ပါတယ်။ အခုတော့ ပါတီတွေကို ထိန်းချုပ်တဲ့သဘောထားတွေ ဖြစ်လာတယ်။ ကျနော်တို့ ပါတီတွေအနေနဲ့ဒါမျိုးထိန်းချုပ်
မှုဖြစ်လာတယ်ဆိုတာ ကတော့ သိပ်လက်ခံနိုင်စရာမရှိပါဘူး။ဒါပေမဲ့ အစိုးရဆိုတာကသူတို့လုပ်ချင်သလို
လုပ်လို့ရပါတယ်။ မဖြစ်သင့် တာမဖြစ်ဖို့အတွက်တော့ သူတို့စဉ်စားဖို့လိုမယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ
သဘောထားဆိုတာကတော့လွတ်လပ်စွာထောက်ခံပိုင်ခွင့်ရှိသလိုကွဲလွဲပိုင်ခွင့်ရှိပါတယ်။အခုဟာကသဘော
ထားတိုင်းကိုသူတို့သိရမယ် တင်ပြရမယ်၊ အကြောင်းကြားရမယ်ဆိုတာကတော့ ထိန်းချုပ်တဲ့သဘောဖြစ်လို့
ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်တယ်လို့ပဲကျနော်ကပြောချင်ပါတယ်။
ဒေါက်တာမနမ်တူးဂျာ
- ဥက္ကဌ
ကချင်ပြည်နယ်
ဒီမိုကရေစီပါတီ(KSDP)
ပါတီအားလုံးကကြေငြာချက်ထုတ်ပြန်ရင်
ကော်မရှင်ကိုမိတ္တူ ပေးဖို့အကြာင်း ကြားစာပို့ထားတာ ရှိပါတယ်။အရင်ကတော့ ဒါမျိုးမရှိပါဘူး။
အခုမှသူတို့ကပိုပြီးတော့ စနစ်တကျ ကြပ်ကြပ် မတ်မတ်လုပ်ချင်တဲ့ အနေအထားရှိတာပေါ့။ ပါတီတွေရဲ့
လှုပ်ရှားမှု၊ စိတ်နေစိတ်ထား၊ သဘောထားတွေ ကိုလည်း သိထားချင်တာပေါ့။ သူတို့မှာတာဝန်လည်းရှိတယ်လေ။ဥပမာ-ပါတီတွေကစည်းဖောက်လို့ရှိရင်
ရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ပါတီတွေနဲ့ပတ်သက်တဲ့စည်းမျဉ်း၊စည်းကမ်းလဲရှိတာကိုးပေါ်လစီတွေလဲရှိတယ်လေ။သူတို့ကဒါကိုသုံးသပ်ချင်တာပေါ့၊
ချိန်ထိုးချင်တဲ့သဘောလဲရှိတာပေါ့။ သူတို့ဆီမှာခွင့်တောင်းရ တာတော့ မဟုတ်ပါဘူး။ ထုတ်ပြန်တဲ့ဟာကိုပဲပို့ပေးရမှာပါ။
ထုတ်ပြန်တဲ့ဟာတွေကလည်းတိုင်းပြည်ရဲ့ ကောင်းရာကောင်းကြောင်းအကျိုးရှိရာရှိကြောင်းကိုပဲဦးတည်ပြီးထုတ်ပြန်တာပဲ။
အပြုသဘောဆောင်ပြီး ရိုးရိုးသားသားပဲလုပ်ကြတာဆိုတော့ ပြဿနာမရှိပါဘူး။ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။
ဘာမှပူပန်တာမရှိပါဘူး။ ခုနောက်ပိုင်းထုတ်ပြန်တာတွေကိုတော့ ပို့ပေးရမှာပေါ့။ ကျနော်တို့ကတော့
မကန့်ကွက်ပါဘူး၊ လက်ခံပါတယ်။ ဒါနဲ့ပတ်သက်ပြီးသူတို့ကသိပ်ပြီးစည်းကမ်းတင်းကြပ်လွန်းရင်တော့
ချုပ်ကိုင်ရာကြမှာပေါ့။ ဒီမိုကရေစီအခွင် အရေးကိုထိခိုက်သွားမှာပေါ့။ သိချင်တာလောက်နဲ့ပဲဆိုရင်တော့
ပို့ပေးလို့ရပါတယ်။အဲ့ဒါကိုရပြီးတော့မှ ဘာဖြစ် တယ်၊ ညာဖြစ်တယ်ဆိုပြီးအရေးယူဆောင်ရွက်မှုတွေ
ဖြစ်လာမယ်၊ ကန့်သတ်ချက်တွေ ထုတ်ပြန်လာမယ်ဆို ရင်တော့ ဒီမိုကရေစီစည်းကမ်းနဲ့လဲမကိုက်ညီဘူးလေ။
ပါတီတွေဘာတွေလုပ်နေသလဲ၊ ဘာတွေဖြစ်နေသလဲ ဆိုတဲ့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေကိုသိချင်ယုံနဲ့သိပြီးအကြုံပေးစရာရှိရင်လဲပေးဖို့
ဒါဆိုရင်ရတယ်။ ဒီလိုမှ မဟုတ်ပဲပါတီတွေကို ချုပ်ကိုင်ချင်တဲ့ ကန့်သတ်ထိန်းချုပ်ချင်တဲ့
ရည်ရွယ်ချက်နဲ့ဆိုရင်တော့ ဒါတော့ မသင့်တော်ဘူးပေါ့။
ဦးဆီဖာလာလူး
(ခ) ဦးရွှေမင်း - ဥက္ကဌ
လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- LNDP
ကော်မရှင်ကိုမိတ္တူပေးတာတော့
သိပ်ပြဿနာမရှိပါဘူး။
ပေးလို့ရပါတယ်။ အများကတော့ ပါတီတွေ ကိုထိန်းချုပ်လာတယ်၊ ချုပ်ကိုင်လာတယ်လို့တော့ မြင်ကြတယ်။
ကျနော်တို့ကတော့ အပြုသဘော ဆောင်ပြီး မြင်ပေးပါတယ်။ ဒါပေမဲ့ ကျနော်တို့ အနေနဲ့ကတော့
ချုပ်ကိုင်မှုဆိုဘယ်လိုချုပ်ကိုင်မှုကိုမှ မလိုလားပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကောင်းကျိုးဆိုးကျိုးအထိတော့
မဖြစ်လာနိုင်ပါဘူး။ ဒီလိုပဲသုံးသပ်တယ်။ အဓိကကသူတို့နဲ့ နဲနဲစကားပြောရမှာကပါတီဝင်အင်အား
ပြန်တောင်းထားတဲ့ကိစ္စ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်မှာစည်းရုံးမယ် ဆိုရင် ပါတီဝင်အင်အား(၅၀၀)၊
တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးမယ်ဆိုပါတီဝင်အင်အား(၁၀၀၀)ပေါ့ဗျာ။ အဲ့ဒါကိုထပ်ပြီးတော့
ပို့ခိုင်းတယ်ဆိုတော့ ဘာအဓိပ္ပာယ်လဲအဲ့ဒါကတော့ နဲနဲလေးသံသယရှိစရာစဉ်းစားစရာ ရှိတာပေါ့။အဓိကတော့
ပါတီစုံဒီမိုကရေစီစနစ်မှာဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားတဲ့အခါ အားလုံးတန်းတူရေး ဆိုပြီးသွားကြတဲ့အခါ
လူမျိုးငယ်တယ်၊ လူမျိုးကြီးတယ်၊ ပါတီကြီးတယ်၊ ပါတီငယ်တယ်ဆိုတာမတွက်ပဲနဲ့ အားလုံးတန်းတူလေးဆက်ဆံကြမယ်ဆိုရင်
ပူးပေါင်းကြမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလဲရမယ်။ ငြိမ်းချမ်းရေးလဲရမယ်။
ဒါမှမဟုတ်ဘဲကျနော်တို့ကြီးတယ်၊ ခင်များတို့ငယ်တယ်၊ ကျနော် တို့ကMonority ဖြစ်တယ်။ Majority
ဖြစ်တယ်ဆိုပြီးပြောနေမယ်ဆိုရင် အားလုံးလိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုလဲရမှာမဟုတ်ဘူး၊
ငြိမ်းချမ်းရေးလဲရမှာမဟုတ်ဘူးလို့ ပြောချင်တယ်။
ဘရန်ဆိုင်း



Comments
Post a Comment